အာဆင်နယ်အသင်း ယခင်အောင်မြင်မှုများ ပြန်ရရန် အလားအလာကောင်းဟု ဒေးဗစ်လုဇ်ပြော

အာဆင်နယ်အသင်းဟာ အရင်ကလို အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့ အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ နောက်ခံလူသစ် ဒေးဗစ်လုဇ်က ပြောကြားလိုက်ပါတယ်။ ဒေးဗစ်လုဇ်ဟာ လီဗာပူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားတချို့ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတချို့လည်း ရင်ဆိုင်နေရတာပါ။  ရှုံးနိမ့်ခဲ့တဲ့အတွက် မနှစ်မြို့စရာ ဖြစ်ခဲ့ရပေမယ့် အာဆင်နယ်အသင်းရဲ့ အခြေအနေအပေါ်မှာ ဒေးဗစ်လုဇ်က အကောင်းမြင်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ပွဲစဉ်မှာ သူတို့ ဂိုးစမသွင်းခင်ကတည်းက မိမိတို့အသင်းဘက်က ၂ ဂိုး ၃ ဂိုးလောက် သွင်းနိုင်ဖို့ အခွင့်အရေးရခဲ့ပြီး အသင်းလူစာရင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးရှိတယ်လို့ ဒေးဗစ်လုဇ်က ဆိုပါတယ်။ အရင်တုန်းကလို အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အလားအလာကောင်းတွေလည်း ရှိနေပြီး လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ ဒေးဗစ်လုဇ်က ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အာဆင္နယ္အသင္း ယခင္ေအာင္ျမင္မႈမ်ား ျပန္ရရန္ အလားအလာေကာင္းဟု ေဒးဗစ္လုဇ္ေျပာ အာဆင္နယ္အသင္းဟာ အရင္ကလို ေအာင္ျမင္မႈေတြ ျပန္လည္ရရွိဖို႔ အလားအလာေကာင္းေတြ အမ်ားႀကီးရွိတယ္လို႔ ေနာက္ခံလူသစ္ ေဒးဗစ္လုဇ္က ေျပာၾကားလိုက္ပါတယ္။ ေဒးဗစ္လုဇ္ဟာ လီဗာပူးအသင္းကို ၃ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အမွားတခ်ိဳ႕ ျပဳလုပ္ခဲ့တာေၾကာင့္ ေဝဖန္မႈတခ်ိဳ႕လည္း ရင္ဆိုင္ေနရတာပါ။ ရႈံးနိမ့္ခဲ့တဲ့အတြက္ မႏွစ္ၿမိဳ႕စရာ ျဖစ္ခဲ့ရေပမယ့္ အာဆင္နယ္အသင္းရဲ႕ အေျခအေနအေပၚမွာ ေဒးဗစ္လုဇ္က အေကာင္းျမင္စကား ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ပြဲစဥ္မွာ သူတို႔ ဂိုးစမသြင္းခင္ကတည္းက မိမိတို႔အသင္းဘက္က ၂ ဂိုး ၃ ဂိုးေလာက္ သြင္းႏိုင္ဖို႔ အခြင့္အေရးရခဲ့ၿပီး အသင္းလူစာရင္းမွာ အရည္အေသြးရွိတဲ့ ကစားသမားေတြ အမ်ားႀကီးရွိတယ္လို႔ ေဒးဗစ္လုဇ္က ဆိုပါတယ္။ အရင္တုန္းကလို ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔အတြက္ အလားအလာေကာင္းေတြလည္း ရွိေနၿပီး လက္က်န္ပြဲစဥ္ေတြမွာ အေကာင္းဆုံး ႀကိဳးစား ယွဥ္ၿပိဳင္သြားမယ္လို႔ ေဒးဗစ္လုဇ္က ေျပာပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up