A d v e r t i s e m e n t With Us

မယ်သီတာနှင့် ဒဿဂီရိကြား ပဝါခြားသည့် အကအလှ(သို့) Myammar’s Got Talent စတား၊ သားတို့အမြွှာ (ရုပ်သံ)

  မန္တလေးမြို့ရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်ကလေးတွေ ဖြစ်ကြတဲ့ သားတို့အမြွှာ မိုးဖြိုးညီနောင်ဟာ မနေ့က ကျင်းပခဲ့တဲ့ Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်မှာ အစွမ်းပြယှဉ်ပြိုင်ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် အနုပညာအရည်အသွေး ပြည့်ဝတဲ့ သူတို့ ညီအစ်ကိုဟာ တယောက်က အမျိုးသမီးလို၊ တယောက်က အမျိုးသားလို ဝတ်ဆင်ကပြ ဖျော်ဖြေရတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးလို အကမျိုး၊ ဇာတ်မင်းသားတွေလို အကမျိုးသာမက အပျိုတော်အကတွေထိအောင် ကပြနိုင်စွမ်းရှိတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ မန္တလေးမြို့ရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်ကလေးတွေ ဖြစ်ကြတဲ့ သားတို့အမြွှာ မိုးဖြိုးညီနောင်ဟာ မနေ့က ကျင်းပခဲ့တဲ့ Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်မှာ အစွမ်းပြယှဉ်ပြိုင်ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် အနုပညာအရည်အသွေး ပြည့်ဝတဲ့ သူတို့ ညီအစ်ကိုဟာ တယောက်က အမျိုးသမီးလို၊ တယောက်က အမျိုးသားလို ဝတ်ဆင်ကပြ ဖျော်ဖြေရတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးလို အကမျိုး၊ ဇာတ်မင်းသားတွေလို အကမျိုးသာမက အပျိုတော်အကတွေထိအောင် ကပြနိုင်စွမ်းရှိတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အသက် ၁၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သူတို့ ညီအစ်ကိုဟာ မနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲ မှာလည်း ယှဉ်ပြိုင်ခဲ့ဖူးပြီး ပရိသတ် အားပေးမှုရရှိထားကြသူတွေ ဖြစ်ကြပါတယ်။  အခုနှစ်ရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာလည်း တကျော့ပြန် ယှဉ်ပြိုင်မှုတွေနဲ့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ကာ အဆင့်ဆင့်တက်ရောက်ခဲ့ကြတာပါ။ မနေ့ညက ကျင်းပပြီးစီးသွားတဲ့ ယှဉ်ပြိုင်မှုမှာတော့ သူတို့ အမြွှာညီအစ်ကိုက တမူ ကွဲပြားတဲ့ ရာမယနဇာတ်တော်ထဲက မယ်သီတာနဲ့ ဒဿဂီရိ သရုပ်ဖော်အကအလှတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြန်ပါ တယ်။ ဖျော်ဖြေမှုအစမှာ တယောက်က မယ်သီတာလို ချစ်စဖွယ် မိတ်ကပ်အပြင်အဆင်၊ အဝါရောင် မင်းသမီး ဝတ်စုံနဲ့ ထွက်လာခဲ့ပြီး အမူအရာက တကယ့်ကို ကြေကွဲဝမ်းနည်း နေဟန် သရုပ်ဆောင်မှု၊ အထာကျကျ လှုပ်ရှားနွဲ့ပျောင်းမှုတွေနဲ့ ရှိနေခဲ့တာဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်တယောက်က အစိမ်းရောင် ဘီလူးခေါင်းနဲ့ ဒဿဂီရိ ဝတ်စုံနဲ့ မာန်ပါပါ၊ ဟန်ပါပါ ထွက်လာခဲ့ချိန်မှာတော့ အားလုံးက ဟေးကနဲ အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ တကယ့် ဝါရင့်သဘင်သည်တွေလို ဒဿနဲ့ သီတာကြား ပဝါခြားတဲ့ အကအလှ၊ အနုအကြမ်း အစုံအလင်နဲ့ ကြည့်ရှုသူ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ မျက်တောင်မခပ်စတမ်း ဖမ်းစားထားနိုင်ခဲ့တာပါ။ Myanmar’s Got Talent ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ ၆ နှစ်တိုင်ခဲ့ ပြီဖြစ်ကာ အခုနှစ် ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြတာ ဖြစ်ပါတယ်။ သားတို့အမြွှာမိုးဖြိုးညီနောင်ဟာ မနှစ်က Myanmar’s Got Talent ပြိုင်ပွဲမှာ နောက်ဆုံးဆယ်ဦး ဆန်ကာတင်စာရင်းထဲထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီဖြစ်တာမို့  ဘယ်လို ဆန်းပြားတဲ့ စွမ်းရည်တွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကြမလဲဆိုတာတွေကို စောင့် မျှော်အားပေးကြရမှာပဲ ဖြစ်ပါတယ်။
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ) မယ္သီတာႏွင့္ ဒႆဂီရိၾကား ပဝါျခားသည့္ အကအလွ(သို႔) Myammar’s Got Talent စတား၊ သားတို႔အႁမႊာ (႐ုပ္သံ) DVB မႏၲေလးၿမိဳ႕ရဲ႕ ထြန္းေတာက္လာတဲ့ ၾကယ္ပြင့္ကေလးေတြ ျဖစ္ၾကတဲ့ သားတို႔အႁမႊာ မိုးၿဖိဳးညီေနာင္ဟာ မေန႔က က်င္းပခဲ့တဲ့ Myanmar’s Got Talent ရဲ႕ ဆီမီးဖိုင္နယ္မွာ အစြမ္းျပယွဥ္ၿပိဳင္ၿပီး ေနာက္ဆုံးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ငယ္႐ြယ္ေပမယ့္ အႏုပညာအရည္အေသြး ျပည့္ဝတဲ့ သူတို႔ ညီအစ္ကိုဟာ တေယာက္က အမ်ိဳးသမီးလို၊ တေယာက္က အမ်ိဳးသားလို ဝတ္ဆင္ကျပ ေဖ်ာ္ေျဖရတဲ့ ဦးေ႐ႊ႐ိုးနဲ႔ ေဒၚမိုးလို အကမ်ိဳး၊ ဇာတ္မင္းသားေတြလို အကမ်ိဳးသာမက အပ်ိဳေတာ္အကေတြထိေအာင္ ကျပႏိုင္စြမ္းရွိတဲ့ ကေလးငယ္ေတြ ျဖစ္ၾကပါတယ္။ အသက္ ၁၂ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ သူတို႔ ညီအစ္ကိုဟာ မႏွစ္က က်င္းပခဲ့တဲ့ ၿပိဳင္ပြဲ မွာလည္း ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး ပရိသတ္ အားေပးမႈရရွိထားၾကသူေတြ ျဖစ္ၾကပါတယ္။ အခုႏွစ္ရဲ႕ ၿပိဳင္ပြဲစင္ျမင့္ေပၚမွာလည္း တေက်ာ့ျပန္ ယွဥ္ၿပိဳင္မႈေတြနဲ႔ ပရိသတ္ေတြကိုေရာ ဒိုင္ေတြကိုပါ ဖမ္းစားထားႏိုင္ခဲ့ကာ အဆင့္ဆင့္တက္ေရာက္ခဲ့ၾကတာပါ။ မေန႔ညက က်င္းပၿပီးစီးသြားတဲ့ ယွဥ္ၿပိဳင္မႈမွာေတာ့ သူတို႔ အႁမႊာညီအစ္ကိုက တမူ ကြဲျပားတဲ့ ရာမယနဇာတ္ေတာ္ထဲက မယ္သီတာနဲ႔ ဒႆဂီရိ သ႐ုပ္ေဖာ္အကအလွေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ျပန္ပါ တယ္။ ေဖ်ာ္ေျဖမႈအစမွာ တေယာက္က မယ္သီတာလို ခ်စ္စဖြယ္ မိတ္ကပ္အျပင္အဆင္၊ အဝါေရာင္ မင္းသမီး ဝတ္စုံနဲ႔ ထြက္လာခဲ့ၿပီး အမူအရာက တကယ့္ကို ေၾကကြဲဝမ္းနည္း ေနဟန္ သ႐ုပ္ေဆာင္မႈ၊ အထာက်က် လႈပ္ရွားႏြဲ႕ေပ်ာင္းမႈေတြနဲ႔ ရွိေနခဲ့တာဟာ ဒိုင္ေတြကိုေရာ ပရိသတ္ေတြကိုပါ အံ့အားသင့္ေစခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေနာက္တေယာက္က အစိမ္းေရာင္ ဘီလူးေခါင္းနဲ႔ ဒႆဂီရိ ဝတ္စုံနဲ႔ မာန္ပါပါ၊ ဟန္ပါပါ ထြက္လာခဲ့ခ်ိန္မွာေတာ့ အားလုံးက ေဟးကနဲ အားေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ေတာ့ တကယ့္ ဝါရင့္သဘင္သည္ေတြလို ဒႆနဲ႔ သီတာၾကား ပဝါျခားတဲ့ အကအလွ၊ အႏုအၾကမ္း အစုံအလင္နဲ႔ ၾကည့္ရႈသူ ပရိသတ္ေတြကိုေရာ ဒိုင္ေတြကိုပါ မ်က္ေတာင္မခပ္စတမ္း ဖမ္းစားထားႏိုင္ခဲ့တာပါ။ Myanmar’s Got Talent ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွာ က်င္းပလာခဲ့တာ ၆ ႏွစ္တိုင္ခဲ့ ၿပီျဖစ္ကာ အခုႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ေတြအျဖစ္ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္မင္းသမီး ခိုင္သင္းၾကည္၊ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္အမွတ္ေပးၾကတာ ျဖစ္ပါတယ္။ သားတို႔အႁမႊာမိုးၿဖိဳးညီေနာင္ဟာ မႏွစ္က Myanmar’s Got Talent ၿပိဳင္ပြဲမွာ ေနာက္ဆုံးဆယ္ဦး ဆန္ကာတင္စာရင္းထဲထိ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အခုႏွစ္မွာေတာ့ ေနာက္ဆုံးဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္တာမို႔ ဘယ္လို ဆန္းျပားတဲ့ စြမ္းရည္ေတြနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ၾကမလဲဆိုတာေတြကို ေစာင့္ ေမွ်ာ္အားေပးၾကရမွာပဲ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up