စပါးအသင်း အိမ်ကွင်းတွင် နယူးကာဆယ်ကို ရှုံးနိမ့် (ရုပ်သံ)

1.1K
နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရရှိထားခဲ့တဲ့ နယူးကာဆယ်အသင်းက နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းထက်နေတဲ့ စပါးကို အဝေးကွင်းမှာ အမှတ်မထင် အနိုင်ရရှိပြီး အခုရာသီအတွက် ပထမဆုံးနိုင်ပွဲ ရှာတွေ့သွားခဲ့ပါတယ်။
အိမ်ရှင်ဖြစ်တဲ့ စပါးကတော့ လူစာရင်းအပြည့်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲစဉ်အစအဆုံး နယူးကာဆယ်ဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်း ၂၇ မိနစ်မှာ ခရစ္စတီယန်အတ်ဆု ရဲ့ အမှတ်မထင် ဖြတ်တင်ပေးပို့မှုကနေတဆင့် တိုက်စစ်က ဂျိုးလင်တန် အမှားအယွင်းမရှိ ကန်သွင်း အဆုံးသတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စပါးတို့ ချေပဂိုးရရှိဖို့အတွက် အသည်းအသန် ကြိုးပမ်းခဲ့ပြီး နယူးကာဆယ်အသင်းဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းလောက်ထိ အသာစီးရယူနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ အားထားရတဲ့ ဟယ်ရီကိန်း၊ မော်ရာ၊ ဆွန်တို့ အပိုင်အခွင့်အရေးတွေနဲ့ လွဲချော်ခဲ့တဲ့အပြင် လူစားဝင်ကစားသမား အဲရစ်ခ်ဆင်ဟာလည်း ချေပဂိုးရရှိဖို့ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။
လိဂ်ပွဲစဉ် ၃ အပြီးမှာ ၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ စပါးတို့အဆင့် ၇ နေရာမှာ ရှိနေပြီး လာမယ့်ရက်သတ္တပတ်မှာတော့ လန်ဒန်ဒါဘီအဖြစ် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
စပါးအသင္း အိမ္ကြင္းတြင္ နယူးကာဆယ္ကို ရႈံးနိမ့္ (႐ုပ္သံ)
ေနာက္ဆုံး ေတြ႕ဆုံမႈ ၅ ႀကိမ္မွာ ၁ ႀကိမ္သာ အႏိုင္ရရွိထားခဲ့တဲ့ နယူးကာဆယ္အသင္းက ေနာက္ပိုင္းႏွစ္ေတြမွာ ေျခစြမ္းထက္ေနတဲ့ စပါးကို အေဝးကြင္းမွာ အမွတ္မထင္ အႏိုင္ရရွိၿပီး အခုရာသီအတြက္ ပထမဆုံးႏိုင္ပြဲ ရွာေတြ႕သြားခဲ့ပါတယ္။
အိမ္ရွင္ျဖစ္တဲ့ စပါးကေတာ့ လူစာရင္းအျပည့္နဲ႔ ပြဲထြက္လာခဲ့ၿပီး ပြဲစဥ္အစအဆုံး နယူးကာဆယ္ဘက္ကို ထိုးေဖာက္ကစားႏိုင္ခဲ့ေပမယ့္ ပထမပိုင္း ၂၇ မိနစ္မွာ ခရစၥတီယန္အတ္ဆု ရဲ႕ အမွတ္မထင္ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ တိုက္စစ္က ဂ်ိဳးလင္တန္ အမွားအယြင္းမရွိ ကန္သြင္း အဆုံးသတ္ခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ စပါးတို႔ ေခ်ပဂိုးရရွိဖို႔အတြက္ အသည္းအသန္ ႀကိဳးပမ္းခဲ့ၿပီး နယူးကာဆယ္အသင္းဘက္ကို ဂိုးေပါက္ ၿခိမ္းေျခာက္မႈ ၁၇ ႀကိမ္ထက္မနည္း ျပဳလုပ္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၈၀ ရာခိုင္ႏႈန္းေလာက္ထိ အသာစီးရယူႏိုင္ခဲ့ပါတယ္။
ဒီေန႔ပြဲမွာ အားထားရတဲ့ ဟယ္ရီကိန္း၊ ေမာ္ရာ၊ ဆြန္တို႔ အပိုင္အခြင့္အေရးေတြနဲ႔ လြဲေခ်ာ္ခဲ့တဲ့အျပင္ လူစားဝင္ကစားသမား အဲရစ္ခ္ဆင္ဟာလည္း ေခ်ပဂိုးရရွိဖို႔ စြမ္းေဆာင္ႏိုင္ခဲ့ျခင္း မရွိတာကို ေတြ႕ရပါတယ္။
လိဂ္ပြဲစဥ္ ၃ အၿပီးမွာ ၁ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံး ရမွတ္ ၇ မွတ္နဲ႔ စပါးတို႔အဆင့္ ၇ ေနရာမွာ ရွိေနၿပီး လာမယ့္ရက္သတၱပတ္မွာေတာ့ လန္ဒန္ဒါဘီအျဖစ္ အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားရဖို႔ ရွိေနပါတယ္။