အစ္စရေး ဒရုန်းယာဉ် ၂ စီး လက်ဘနွန်တွင် ပျက်ကျ၊ ၁ စီးပေါက်ကွဲ

အစ္စရေး ဒရုန်းယာဉ် ၂ စီး လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က ဟဇ်ဘိုလာတွေ ကြီးစိုးရာ တောင်ပိုင်းရပ်ကွက်ထဲကို သြဂုတ် ၂၅ ရက်က ပြုတ်ကျခဲ့ပြီး ၁ စီး ပေါက်ကွဲခဲ့တယ်လို့ လက်ဘနွန် စစ်တပ်နဲ့ ဟဇ်ဘိုလာတွေက ပြောပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံး ဖြစ်ရပ်ပါ။ အစ္စရေး စစ်တပ်က မှတ်ချက် တစုံတရာ မပြောသေးပါဘူး။ မြို့တော်ဘေရွတ်ရဲ့ ဒါဟီယာ ရပ်ကွက်က ဟဇ်ဘိုလာတွေရဲ့ မီဒီယာဌာနနားမှာ အရုဏ်မတက်ခင် ဒရုန်းယာဉ် ပျက်ကျလို့ အပျက်အစီးတချို့ ရှိခဲ့ပါတယ်။  ဟဇ်ဘိုလာ ခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နတ်စ်ရာလာက တနင်္ဂနွေနှောင်းပိုင်းမှာ ရုပ်သံမိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ မီးစလောင်တဲ့ လမ်းတွေကို စစ်တပ်က ပိတ်ထားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒုတိယ ဒရုန်းယာဉ်မှာ အကြီးအကျယ် ပျက်စီးစေနိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ထားတယ်လို့ ဟဇ်ဘိုလာ ပြောခွင့်ရက လက်ဘနွန် အစိုးရသတင်းဌာန NNA ကို ပြောပါတယ်။  ပထမ ဒရုန်းယာဉ်ကို ဟဇ်ဘိုလာတွေက စစ်ဆေးနေဆဲပါ။  အစ္စရေးနိုင်ငံထဲမှာ ဒရုမ်းယာဉ်တွေ လွှတ်ပစ်ခတ်ဖို့ စီစဉ်နေတဲ့ အီရန် စစ်တပ်နဲ့ ရှီးယိုက် ပြည်သူ့စစ်တွေကို ဆီးရီးယားမြို့တော် ဒမတ်စကတ်နားမှာ အစ္စရေး လေယာဉ်တွေက ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောအပြီး နာရီပိုင်းအကြာမှာ ခုလို ပျက်ကျတာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အစၥေရး ဒ႐ုန္းယာဥ္ ၂ စီး လက္ဘႏြန္တြင္ ပ်က္က်၊ ၁ စီးေပါက္ကြဲ အစၥေရး ဒ႐ုန္းယာဥ္ ၂ စီး လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕က ဟဇ္ဘိုလာေတြ ႀကီးစိုးရာ ေတာင္ပိုင္းရပ္ကြက္ထဲကို ၾသဂုတ္ ၂၅ရက္က ျပဳတ္က်ခဲ့ၿပီး ၁ စီး ေပါက္ကြဲခဲ့တယ္လို႔ လက္ဘႏြန္ စစ္တပ္နဲ႔ ဟဇ္ဘိုလာေတြက ေျပာပါတယ္။ ဒါဟာ ဆယ္စုႏွစ္တခုေက်ာ္အတြင္း ပထမဆုံး ျဖစ္ရပ္ပါ။ အစၥေရး စစ္တပ္က မွတ္ခ်က္ တစုံတရာ မေျပာေသးပါဘူး။ ၿမိဳ႕ေတာ္ေဘ႐ြတ္ရဲ႕ ဒါဟီယာ ရပ္ကြက္က ဟဇ္ဘိုလာေတြရဲ႕ မီဒီယာဌာနနားမွာ အ႐ုဏ္မတက္ခင္ ဒ႐ုန္းယာဥ္ ပ်က္က်လို႔ အပ်က္အစီးတခ်ိဳ႕ ရွိခဲ့ပါတယ္။ ဟဇ္ဘိုလာ ေခါင္းေဆာင္ ေဆးယတ္ ဟတ္ဆန္ နတ္စ္ရာလာက တနဂၤေႏြေႏွာင္းပိုင္းမွာ ႐ုပ္သံမိန႔္ခြန္းေျပာဖို႔ စီစဥ္ထားပါတယ္။ မီးစေလာင္တဲ့ လမ္းေတြကို စစ္တပ္က ပိတ္ထားခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ ဒုတိယ ဒ႐ုန္းယာဥ္မွာ အႀကီးအက်ယ္ ပ်က္စီးေစႏိုင္တဲ့ ေဖာက္ခြဲေရးပစၥည္းေတြ တပ္ထားတယ္လို႔ ဟဇ္ဘိုလာ ေျပာခြင့္ရက လက္ဘႏြန္ အစိုးရသတင္းဌာန NNA ကို ေျပာပါတယ္။ ပထမ ဒ႐ုန္းယာဥ္ကို ဟဇ္ဘိုလာေတြက စစ္ေဆးေနဆဲပါ။ အစၥေရးႏိုင္ငံထဲမွာ ဒ႐ုမ္းယာဥ္ေတြ လႊတ္ပစ္ခတ္ဖို႔ စီစဥ္ေနတဲ့ အီရန္ စစ္တပ္နဲ႔ ရွီးယိုက္ ျပည္သူ႔စစ္ေတြကို ဆီးရီးယားၿမိဳ႕ေတာ္ ဒမတ္စကတ္နားမွာ အစၥေရး ေလယာဥ္ေတြက ပစ္ခတ္ခဲ့တယ္လို႔ အစၥေရး စစ္တပ္က ေျပာအၿပီး နာရီပိုင္းအၾကာမွာ ခုလို ပ်က္က်တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up