မန်စီးတီးက ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ အဝေးကွင်းမှာ ဘုန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာ တက်လှမ်းခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၅ ဂိုးပြတ် အနိုင်ရရှိပြီး ဒုတိယပွဲမှာ စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ မန်စီးတီးတို့ အခုပွဲစဉ်မှာတော့ အနိုင် ၃ မှတ်ကို အပြည့်ရယူနိုင်ခဲ့တာပါ။ မန်စီးတီးရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဖြစ်လာခဲ့တဲ့ အဂွဲရိုးရဲ့ ၁၅ မိနစ်နဲ့ ၆၄ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ ဂိုး ၂ ဂိုး၊ ခြေစွမ်းပြတိုက်စစ်မှူး စတာလင်ရဲ့ အဆုံးသတ်သေချာတဲ့ ဂိုးတွေက မန်စီးတီးအသင်းကို အိမ်ပြန်ခရီး လှပစေခဲ့တာ ဖြစ်ပါတယ်။ အဂွဲရိုးအတွက်ကတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆၈ ဂိုးထိ ရှိလာခဲ့ပြီး ၁၇၅ ဂိုး သွင်းယူထားတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ ၁၇၅ ဂိုး စံချိန်ကို မီဖို့ ၇ ဂိုးလောက်ပဲ လိုပါတယ်။ အိမ်ရှင် ဘုန်းမောက်အသင်းကတော့ မန်စီးတီးအသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုပေါင်း ၂၁ ကြိမ်လောက်ကို တားဆီးရင်း ဝီလ်ဆင်ရဲ့ တလုံးတည်းသော ချေပဂိုးသာ နှစ်သိမ့်ဂိုးအဖြစ် ရရှိခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္စီးတီးက ဘုန္းေမာက္ကို ၃-၁ ဂိုးျဖင့္အႏိုင္ရ (႐ုပ္သံ) မေန႔ညက ယွဥ္ၿပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ မန္ခ်က္စတာစီးတီးအသင္းဟာ အေဝးကြင္းမွာ ဘုန္းေမာက္ကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိၿပီး အမွတ္ေပးဇယားအဆင့္ ၂ ေနရာ တက္လွမ္းခဲ့ပါတယ္။ အဖြင့္ပြဲစဥ္မွာ ဝက္စ္ဟမ္းကို ၅ ဂိုးျပတ္ အႏိုင္ရရွိၿပီး ဒုတိယပြဲမွာ စပါးနဲ႔ ၂ ဂိုးစီ သေရက်ခဲ့တဲ့ မန္စီးတီးတို႔ အခုပြဲစဥ္မွာေတာ့ အႏိုင္ ၃ မွတ္ကို အျပည့္ရယူႏိုင္ခဲ့တာပါ။ မန္စီးတီးရဲ႕ ဂႏၳဝင္တိုက္စစ္မႉး ျဖစ္လာခဲ့တဲ့ အဂြဲ႐ိုးရဲ႕ ၁၅ မိနစ္နဲ႔ ၆၄ မိနစ္တို႔မွာ သြင္းယူခဲ့တဲ့ ဂိုး ၂ ဂိုး၊ ေျခစြမ္းျပတိုက္စစ္မႉး စတာလင္ရဲ႕ အဆုံးသတ္ေသခ်ာတဲ့ ဂိုးေတြက မန္စီးတီးအသင္းကို အိမ္ျပန္ခရီး လွပေစခဲ့တာ ျဖစ္ပါတယ္။ အဂြဲ႐ိုးအတြက္ကေတာ့ ပရီးမီးယားလိဂ္သြင္းဂိုး ၁၆၈ ဂိုးထိ ရွိလာခဲ့ၿပီး ၁၇၅ ဂိုး သြင္းယူထားတဲ့ အာဆင္နယ္တိုက္စစ္မႉးေဟာင္း အြန္နရီရဲ႕ ၁၇၅ ဂိုး စံခ်ိန္ကို မီဖို႔ ၇ ဂိုးေလာက္ပဲ လိုပါတယ္။ အိမ္ရွင္ ဘုန္းေမာက္အသင္းကေတာ့ မန္စီးတီးအသင္းရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈေပါင္း ၂၁ ႀကိမ္ေလာက္ကို တားဆီးရင္း ဝီလ္ဆင္ရဲ႕ တလုံးတည္းေသာ ေခ်ပဂိုးသာ ႏွစ္သိမ့္ဂိုးအျဖစ္ ရရွိခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up