Home
မြန်မာသတင်း
ရနောင်းတွင် ဥပဒေနှင့်မညီသည့် မြန်မာ ဆရာ၊ ဆရာမ ၃၀ ကျော် ဖမ်းဆီးခံရ
နန်းမြနဒီ
·
August 26, 2019
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား ရင်သွေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတကျောင်းကို  သက်ဆိုင်ရာ အာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခဲ့ပါတယ်။ ရနောင်းခရိုင် လ.ဝ‌.က၊ နယ်မြေခံရဲ၊ အလုပ်သမားရုံး၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သြဂုတ် ၂၄ ရက် မနက် ၉ နာရီလောက်က ရနောင်းဌာနီလို့ အမည်ပေးထားတဲ့ ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းကို လာရောက်စစ်ဆေးပြီး  ဥပဒေနဲ့မညီတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းသွားတာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “ဆရာ၊ ဆရာမတွေ အဖမ်းခံရတဲ့အကြောင်း မနေ့က အလုပ်သမားသံအရာရှိက ကျနော်တို့ဆီ ဖုန်းဆက်တယ်၊ ဘယ်လို လုပ်ကြရင် ကောင်းမလဲပေါ့နော်။ ဒါနဲ့ ကျနော်တို့လည်း ဒီကနေ့ အဲဒီ ဆရာ၊ ဆရာမတွေကို သွားတွေ့ပြီး အားပေးစကားပြောခဲ့တယ်။ သူတို့ လွတ်မြောက်ရေးအတွက် ကူပြီး ညှိနှိုင်းပေးမယ်ပေါ့နော်။ အမှန်က ဆရာ၊ ဆရာမတွေက နေထိုင်ခွင့်လက်မှတ်တော့ ရှိတယ်၊ အဝါရောင် ဘော်ဒါပတ်စ်လက်မှတ် ရှိတယ်။ ဒါပေမဲ့ အဲဒါက လာရောက်လည်ပတ်ခွင့်ပဲ ရှိတာလေ၊ အလုပ်လာလုပ်လို့ မရဘူး။ အလုပ်လုပ်ခွင့် တောင်းပြီးတာတောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ခွင့်ပြုထားတဲ့ အလုပ်ထဲမှာ ကျောင်းဆရာ လုပ်တာ မပါဘူး။ ဒီကျောင်းက မြန်မာဘုန်းကြီးတွေ ဖွင့်ပေးထားတာဆိုတော့ နားလည်မှုနဲ့ပဲ ခန့်ထားပြီး အခုလို ဝင်စစ်တော့ အဖမ်းခံရတာပါ။ ဥပဒေကြောင်းအရ ဒဏ်ငွေရိုက်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ သိရတယ်။  ဒီနေ့က ရုံးပိတ်ရက်လည်း ဖြစ်နေတော့လေ။” ဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမတွေဟာ ခွင့်ပြုချက်မရတဲ့အလုပ်မှာ ဝင်လုပ်တာကြောင့် ဥပဒေအရ ဒဏ်ငွေ အနည်းဆုံး ဘတ် ၅ ထောင်မှ ၅ သောင်းထိ ကျခံရမှာဖြစ်ပြီး ဒီကနေ့ သိရတာကတော့ တဦးလျှင် ဘတ် ၅ ထောင် ဒဏ်တပ်ခံရတယ်လို့ ဆိုပါတယ်။ ရနောင်းဌာနီ စာသင်ကျောင်းမှာ ကျောင်းသူ ကျောင်းသားပေါင်း ၁၅၀၀ လောက်ရှိပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားကလေးတွေအနေနဲ့ မိခင်မြန်မာဘာသာစကား တတ်မြောက်ကာ မြန်မာပြည် ပြန်ရောက်လို့ မြန်မာကျောင်းကို ပြန်ပေါင်းကူးသင်ကြားရာမှာ လွယ်ကူစေရေး၊ မိဘတွေက အလုပ်သွားလုပ်တဲ့အခါ သားသမီးကို စိတ်ချစွာနဲ့ အဆိုပါကျောင်းမှာ လာအပ်နိုင်ဖို့  မြန်မာဆရာတော်ကြီး ၃ ပါးက ကမကထပြုပြီး လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်ကတည်းက ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။ အဆိုပါကျောင်းကို ယခင်ကလည်း စစ်ဆေးရေးဝင်ကာ ဆရာ၊ ဆရာမတွေ အဖမ်းခံခဲ့ရဖူးကြောင်း၊ ဒါပေမဲ့ ထိုင်းမှာ မြန်မာဆရာဆရာမတွေကို တရားဝင်ခန့်ထားဖို့ နိုင်ငံကူးလက်မှတ်၊ ဆရာဖြစ်သင်တန်းအောင် ဘွဲ့လက်မှတ်၊ ပညာရေးဌာန ထောက်ခံစာ၊ သံရုံးထောက်ခံစာ စတဲ့ အထာက်အထားများစွာ လိုအပ်ပြီး လုပ်ရတာ မလွယ်ကူးဘူးလို့  သိရပါတယ်။ ရနောင်း အပါအဝင် ထိုင်း-မြန်မာ နယ်စပ်မှာ အခုလို ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်ထားတာ အတော်များများရှိပြီး ရွှေ့ပြောင်းကလေးတွေအတွက်လည်း မရှိမဖြစ် အရေးကြီးတာကြောင့်  လူမှုဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမား သံအရာရှိတွေအနေနဲ့ ဒေသအာဏာပိုင်တွေကို ဆွေးနွေးညှိနှိုင်းသွားတယ်လို့ ကိုမင်းဦးက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရေနာင္းတြင္ ဥပေဒႏွင့္မညီသည့္ ျမန္မာ ဆရာ၊ ဆရာမ ၃၀ ေက်ာ္ ဖမ္းဆီးခံရ ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ရေနာင္းၿမိဳ႕က ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ရင္ေသြးေတြအတြက္ ဖြင့္လွစ္ထားတဲ့ စာသင္ေက်ာင္းတေက်ာင္းကို  သက္ဆိုင္ရာ အာဏာပိုင္ေတြက ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးၿပီး ဥပေဒနဲ႔ မညီၫြတ္တဲ့ ျမန္မာ ဆရာ၊ ဆရာမေတြကို ဖမ္းဆီးခဲ့ပါတယ္။ ရေနာင္းခ႐ိုင္ လ.ဝ‌.က၊ နယ္ေျမခံရဲ၊ အလုပ္သမား႐ုံး၊ စစ္တပ္နဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ ၾသဂုတ္ ၂၄ ရက္ မနက္ ၉ နာရီေလာက္က ရေနာင္းဌာနီလို႔ အမည္ေပးထားတဲ့ ေ႐ႊ႕ေျပာင္းလုပ္သား စာသင္ေက်ာင္းကို လာေရာက္စစ္ေဆးၿပီး  ဥပေဒနဲ႔မညီတဲ့ ဆရာ၊ ဆရာမေတြကို ဖမ္းသြားတာလို႔ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္းမွ ေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာ တာဝန္ခံ ကိုမင္းဦးက ဒီဗြီဘီကို ေျပာပါတယ္။ “ဆရာ၊ ဆရာမေတြ အဖမ္းခံရတဲ့အေၾကာင္း မေန႔က အလုပ္သမားသံအရာရွိက က်ေနာ္တို႔ဆီ ဖုန္းဆက္တယ္၊ ဘယ္လို လုပ္ၾကရင္ ေကာင္းမလဲေပါ့ေနာ္။ ဒါနဲ႔ က်ေနာ္တို႔လည္း ဒီကေန႔ အဲဒီ ဆရာ၊ ဆရာမေတြကို သြားေတြ႕ၿပီး အားေပးစကားေျပာခဲ့တယ္။ သူတို႔ လြတ္ေျမာက္ေရးအတြက္ ကူၿပီး ညႇိႏႈိင္းေပးမယ္ေပါ့ေနာ္။ အမွန္က ဆရာ၊ ဆရာမေတြက ေနထိုင္ခြင့္လက္မွတ္ေတာ့ ရွိတယ္၊ အဝါေရာင္ ေဘာ္ဒါပတ္စ္လက္မွတ္ ရွိတယ္။ ဒါေပမဲ့ အဲဒါက လာေရာက္လည္ပတ္ခြင့္ပဲ ရွိတာေလ၊ အလုပ္လာလုပ္လို႔ မရဘူး။ အလုပ္လုပ္ခြင့္ ေတာင္းၿပီးတာေတာင္မွ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ခြင့္ျပဳထားတဲ့ အလုပ္ထဲမွာ ေက်ာင္းဆရာ လုပ္တာ မပါဘူး။ ဒီေက်ာင္းက ျမန္မာဘုန္းႀကီးေတြ ဖြင့္ေပးထားတာဆိုေတာ့ နားလည္မႈနဲ႔ပဲ ခန႔္ထားၿပီး အခုလို ဝင္စစ္ေတာ့ အဖမ္းခံရတာပါ။ ဥပေဒေၾကာင္းအရ ဒဏ္ေငြ႐ိုက္ၿပီးရင္ ျပန္လႊတ္ေပးမယ္လို႔ သိရတယ္။  ဒီေန႔က ႐ုံးပိတ္ရက္လည္း ျဖစ္ေနေတာ့ေလ။” ဖမ္းဆီးခံရတဲ့ ဆရာ၊ ဆရာမေတြဟာ ခြင့္ျပဳခ်က္မရတဲ့အလုပ္မွာ ဝင္လုပ္တာေၾကာင့္ ဥပေဒအရ ဒဏ္ေငြ အနည္းဆုံး ဘတ္ ၅ ေထာင္မွ ၅ ေသာင္းထိ က်ခံရမွာျဖစ္ၿပီး ဒီကေန႔ သိရတာကေတာ့ တဦးလွ်င္ ဘတ္ ၅ ေထာင္ ဒဏ္တပ္ခံရတယ္လို႔ ဆိုပါတယ္။ ရေနာင္းဌာနီ စာသင္ေက်ာင္းမွာ ေက်ာင္းသူ ေက်ာင္းသားေပါင္း ၁၅၀၀ ေလာက္ရွိၿပီး ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားကေလးေတြအေနနဲ႔ မိခင္ျမန္မာဘာသာစကား တတ္ေျမာက္ကာ ျမန္မာျပည္ ျပန္ေရာက္လို႔ ျမန္မာေက်ာင္းကို ျပန္ေပါင္းကူးသင္ၾကားရာမွာ လြယ္ကူေစေရး၊ မိဘေတြက အလုပ္သြားလုပ္တဲ့အခါ သားသမီးကို စိတ္ခ်စြာနဲ႔ အဆိုပါေက်ာင္းမွာ လာအပ္ႏိုင္ဖို႔  ျမန္မာဆရာေတာ္ႀကီး ၃ ပါးက ကမကထျပဳၿပီး လြန္ခဲ့တဲ့ ဆယ္ႏွစ္ ေက်ာ္ကတည္းက ဖြင့္လွစ္ထားတာလို႔ ဆိုပါတယ္။ အဆိုပါေက်ာင္းကို ယခင္ကလည္း စစ္ေဆးေရးဝင္ကာ ဆရာ၊ ဆရာမေတြ အဖမ္းခံခဲ့ရဖူးေၾကာင္း၊ ဒါေပမဲ့ ထိုင္းမွာ ျမန္မာဆရာဆရာမေတြကို တရားဝင္ခန႔္ထားဖို႔ ႏိုင္ငံကူးလက္မွတ္၊ ဆရာျဖစ္သင္တန္းေအာင္ ဘြဲ႕လက္မွတ္၊ ပညာေရးဌာန ေထာက္ခံစာ၊ သံ႐ုံးေထာက္ခံစာ စတဲ့ အထာက္အထားမ်ားစြာ လိုအပ္ၿပီး လုပ္ရတာ မလြယ္ကူးဘူးလို႔  သိရပါတယ္။ ရေနာင္း အပါအဝင္ ထိုင္း-ျမန္မာ နယ္စပ္မွာ အခုလို ကိုယ္ပိုင္ေက်ာင္းေတြ ဖြင့္လွစ္ထားတာ အေတာ္မ်ားမ်ားရွိၿပီး ေ႐ႊ႕ေျပာင္းကေလးေတြအတြက္လည္း မရွိမျဖစ္ အေရးႀကီးတာေၾကာင့္  လူမႈဖြံ႕ၿဖိဳးေရး ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းေတြ၊ အလုပ္သမား သံအရာရွိေတြအေနနဲ႔ ေဒသအာဏာပိုင္ေတြကို ေဆြးေႏြးညႇိႏႈိင္းသြားတယ္လို႔ ကိုမင္းဦးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024