A d v e r t i s e m e n t With Us

ဂျပန်နှင့် ပိုင်နက် အငြင်းပွား ကျွန်းပတ်လည်တွင် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်

Photo : reuters
တောင်ကိုရီးယား စစ်တပ်ဟာ ဂျပန်နဲ့ ပိုင်နက် အငြင်းပွားနေတဲ့ ကျွန်းပတ်လည်မှာ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၅ ရက်က စတင်လိုက်ပြီး ဒီလုပ်ရပ်ကို ဂျပန်အစိုးရက ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။  တောင်ကိုရီးယား အစိုးရဟာ ဂျပန်နဲ့ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေး ပိုဆိုးလာချိန်မှာ ထောက်လှမ်းရေး အချက်အလက် မျှဝေဖို့ သဘောတူညီချက်ကိုလည်း ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျပန်လို တာ့ခဲရှိမလို့ ခေါ်ပြီး  ကိုရီးယားလို ဒေါ့ခ်ဒိုလို့ ခေါ်တဲ့ ကျွန်းစုတွေကို ဘယ်သူ ပိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တောင်ကိုရီးယား အစိုးရတို့ အငြင်းပွားနေတာ ကြာပါပြီ။  ဒီကျွန်းစုတွေဟာ အရှေ့ပင်လယ်လို့ သိကြတဲ့ ဂျပန်ပင်လယ်ထဲမှာ ရှိပြီး ဂျပန်နဲ့ရော တောင်ကိုရီးယားနဲ့ပါ အတူတူ ကွာဝေးတဲ့ နေရာမှာ ရှိပါတယ်။ ရေတပ်၊ လေတပ်နဲ့ ကြည်းတပ်တွေ ပါတဲ့ စစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေမှာ စလုပ်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်ကြား နိုင်ငံရေးနဲ့ စီးပွားရေး ကတောက်ကဆဖြစ်တာ အခြေအနေ ပိုဆိုးလာလို့ ဒေသတွင်း တင်းမာမှု တိုးလာပါတယ်။ အာရှအရှေ့ပိုင်းမှာ မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ ဆက်တိုက်ပစ်လွှတ် စမ်းသပ်နေသလို တရုတ်နဲ့ ရုရှတို့က စစ်ရေး ကင်းလှည့်တာလည်း ပိုတိုးလာနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဂ်ပန္ႏွင့္ ပိုင္နက္ အျငင္းပြား ကြၽန္းပတ္လည္တြင္ ေတာင္ကိုရီးယား စစ္ေရးေလ့က်င့္ ေတာင္ကိုရီးယား စစ္တပ္ဟာ ဂ်ပန္နဲ႔ ပိုင္နက္ အျငင္းပြားေနတဲ့ ကြၽန္းပတ္လည္မွာ ၂ ရက္ၾကာ စစ္ေရးေလ့က်င့္မႈကို ၾသဂုတ္ ၂၅ ရက္က စတင္လိုက္ၿပီး ဒီလုပ္ရပ္ကို ဂ်ပန္အစိုးရက ဆန႔္က်င္ကန႔္ကြက္လိုက္ပါတယ္။ ေတာင္ကိုရီးယား အစိုးရဟာ ဂ်ပန္နဲ႔ ကုန္သြယ္မႈဆိုင္ရာ ဆက္ဆံေရး ပိုဆိုးလာခ်ိန္မွာ ေထာက္လွမ္းေရး အခ်က္အလက္ မွ်ေဝဖို႔ သေဘာတူညီခ်က္ကိုလည္း ပယ္ဖ်က္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဂ်ပန္လို တာ့ခဲရွိမလို႔ ေခၚၿပီး  ကိုရီးယားလို ေဒါ့ခ္ဒိုလို႔ ေခၚတဲ့ ကြၽန္းစုေတြကို ဘယ္သူ ပိုင္လဲဆိုတာနဲ႔ ပတ္သက္ၿပီး ဂ်ပန္နဲ႔ ေတာင္ကိုရီးယား အစိုးရတို႔ အျငင္းပြားေနတာ ၾကာပါၿပီ။ ဒီကြၽန္းစုေတြဟာ အေရွ႕ပင္လယ္လို႔ သိၾကတဲ့ ဂ်ပန္ပင္လယ္ထဲမွာ ရွိၿပီး ဂ်ပန္နဲ႔ေရာ ေတာင္ကိုရီးယားနဲ႔ပါ အတူတူ ကြာေဝးတဲ့ ေနရာမွာ ရွိပါတယ္။ ေရတပ္၊ ေလတပ္နဲ႔ ၾကည္းတပ္ေတြ ပါတဲ့ စစ္ေရးေလ့က်င့္မႈကို တနဂၤေႏြမွာ စလုပ္ဖို႔ စီစဥ္ထားတယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာန အရာရွိတေယာက္က ေျပာပါတယ္။ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ၾကား ႏိုင္ငံေရးနဲ႔ စီးပြားေရး ကေတာက္ကဆျဖစ္တာ အေျခအေန ပိုဆိုးလာလို႔ ေဒသတြင္း တင္းမာမႈ တိုးလာပါတယ္။ အာရွအေရွ႕ပိုင္းမွာ ေျမာက္ကိုရီးယားကလည္း ဒုံးက်ည္ေတြ ဆက္တိုက္ပစ္လႊတ္ စမ္းသပ္ေနသလို တ႐ုတ္နဲ႔ ႐ုရွတို႔က စစ္ေရး ကင္းလွည့္တာလည္း ပိုတိုးလာေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up