Home
မြန်မာသတင်း
တံတားပြုပြင်နေသည့် တပ်မတော်သားများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပစ်ခတ်ခဲ့ဟု တပ်မတော် ထုတ်ပြန်
DVB
·
August 25, 2019
မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေကို ပြုပြင်နေတဲ့ တပ်မတော်သားတွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သလို သိန္နီရေပူစစ်ဆေးရေးစခန်းကိုလည်း ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ မိုင်းခွဲခဲ့တဲ့ သိန္နီ-နမ့်ဆလပ်-ကွမ်းလုံ လမ်းကြောင်းပေါ်က မန်တုံစွန်တံတား၊ နားတီးရွာ အထွက် ၃၁ မိုင်တံတားနဲ့ ၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)တို့ကို တပ်မတော်က ပြန်ပြီးပြင်ဆင်နေပြီး မန်တုံစွန်တံတားကတော့ သြဂုတ် ၁၉ ရက်မှာ ပြီးသွားလို့ အပိုင်းတပိုင်းကို ဖြတ်သန်း သွားလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့တံတားနှစ်စင်းထဲက ၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)ကို ဆောက်နေတုန်း သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းမှာ ပူးပေါင်း ၃ ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်လို့ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ပူးပေါင်း ၃ ဖွဲ့ဟာ ဩဂုတ် ၂၃ ရက် နေ့လယ်ပိုင်းမှာ ကွတ်ခိုင်မြို့က နယ်မြေခံ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်ခဲ့သလို မနေ့မနက်ကလည်း သိန္နီမြို့၊ ရေပူစစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်စစ်ကြောင်းဟာ ပြည်ထောင်စုလမ်းမကြီးပေါ် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားမှာ ဒေသန္တရမိုင်း ၃ လုံးကို တွေ့ရှိ ရှင်းလင်းခဲ့ပြီး နမ့်ဖတ်ကာရဲ့ တမိုင်ကျော်မှာ Wish အမျိုးအစား အိမ်စီးကား ၂ စီးနဲ့ ဟွန်ဒါဖစ် ၁ စီးတို့ကို မီးရှို့ လမ်းကြောင်း ပိတ်ဆို့ထားတာကိုလည်း ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တံတားျပဳျပင္ေနသည့္ တပ္မေတာ္သားမ်ားကို ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ ပစ္ခတ္ခဲ့ဟု တပ္မေတာ္ ထုတ္ျပန္ မိုင္းခြဲ ဖ်က္ဆီးခံခဲ့ရတဲ့ တံတားေတြကို ျပဳျပင္ေနတဲ့ တပ္မေတာ္သားေတြကို ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕က လာေရာက္ပစ္ခတ္ခဲ့သလို သိႏၷီေရပူစစ္ေဆးေရးစခန္းကိုလည္း ပစ္ခတ္ခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA နဲ႔ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA တို႔ မိုင္းခြဲခဲ့တဲ့ သိႏၷီ-နမ့္ဆလပ္-ကြမ္းလုံ လမ္းေၾကာင္းေပၚက မန္တုံစြန္တံတား၊ နားတီး႐ြာ အထြက္ ၃၁ မိုင္တံတားနဲ႔ ၄၁ မိုင္ သံကူကြန္ကရစ္တံတား (ျဗဳန္းေတာင္)တို႔ကို တပ္မေတာ္က ျပန္ၿပီးျပင္ဆင္ေနၿပီး မန္တုံစြန္တံတားကေတာ့ ၾသဂုတ္ ၁၉ ရက္မွာ ၿပီးသြားလို႔ အပိုင္းတပိုင္းကို ျဖတ္သန္း သြားလာႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ က်န္တဲ့တံတားႏွစ္စင္းထဲက ၄၁ မိုင္ သံကူကြန္ကရစ္တံတား (ျဗဳန္းေတာင္)ကို ေဆာက္ေနတုန္း ၾသဂုတ္ ၂၃ ရက္ ေန႔လယ္ပိုင္းမွာ ပူးေပါင္း ၃ ဖြဲ႕က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ လာေရာက္ပစ္ခတ္လို႔ တပ္မေတာ္စစ္ေၾကာင္းက ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ပူးေပါင္း ၃ ဖြဲ႕ဟာ ဩဂုတ္ ၂၃ ရက္ ေန႔လယ္ပိုင္းမွာ ကြတ္ခိုင္ၿမိဳ႕က နယ္ေျမခံ တပ္ရင္းဌာနခ်ဳပ္ကို လက္နက္ႀကီးေတြနဲ႔ လာေရာက္ပစ္ခတ္ခဲ့သလို မေန႔မနက္ကလည္း သိႏၷီၿမိဳ႕၊ ေရပူစစ္ေဆးေရးဂိတ္ကို လာေရာက္ပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။ တပ္မေတာ္စစ္ေၾကာင္းဟာ ျပည္ေထာင္စုလမ္းမႀကီးေပၚ ကြတ္ခိုင္နဲ႔ နမ့္ဖတ္ကာအၾကားမွာ ေဒသႏၲရမိုင္း ၃ လုံးကို ေတြ႕ရွိ ရွင္းလင္းခဲ့ၿပီး နမ့္ဖတ္ကာရဲ႕ တမိုင္ေက်ာ္မွာ Wish အမ်ိဳးအစား အိမ္စီးကား ၂ စီးနဲ႔ ဟြန္ဒါဖစ္ ၁ စီးတို႔ကို မီးရႈိ႕ လမ္းေၾကာင္း ပိတ္ဆို႔ထားတာကိုလည္း ရွင္းလင္းခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024