A d v e r t i s e m e n t With Us

ဧရာဝတီတိုင်းရှိ တည်ဆောက်ဆဲ တံတားအားလုံး ယခုအစိုးရလက်ထက် အပြီးဆောင်ရွက်မည်

ဧရာဝတီတိုင်း​ဒေသကြီးအတွင်းမှာ လက်ရှိ တည်ဆောက်နေဆဲ ဖြစ်တဲ့ မြစ်ကူးတံတားကြီး​​တွေ အကုန်​လုံးကို လက်ရှိအစိုးရသက်တမ်း မကုန်မီ ဖွင့်လှစ်သွားမယ်​လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။ အသစ်တည်ဆောက်နေတဲ့ ပုသိမ်မြစ်ကူးတံတား မကျီးစင်တံတား ကျွန်းကုန်းတံတား​တွေနဲ့ ပြန်လည်ပြ​​င်ဆင်တည်ဆောက်နေတဲ့ လပွတ္တာ-ပင်လယ်လေးတံတား ဝါးခယ်မတံတား ရွှေလောင်းတံတား​​တွေကို လက်ရှိ​အစိုးရ သက်တမ်းမကုန်ခင်​မှာ ဖွင့်​လှစ်သွားမယ်​လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်​စစ်​စွမ်းအင်​၊ စက်​မှုလက်​မှုနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဝင်းဌေးက ​ပြောပါတယ်​။ "အဓိကမြစ်ကူးတံတားကြီး အနေနဲ့ကတော့ သုံးစင်းက အသစ်တည်ဆောက်နေတာပါ။ သုံးစင်းကတော့ ပြန်လည်ပြင်ဆင်နေတာပါ။ လက်ရှိ အစိုးရသက်တမ်းမကုန်ခင်တော့ တံတားတွေအားလုံး ဖွင့်လှစ်မှာပါ။” မြစ်ကူးတံတားကြီး​တွေထဲက ပြင်ဆင်နေတဲ့ လပွတ္တာ-ပင်လယ်လေးတံတားက​တော့ ၈၀ ရာခိုင်နှုန်း​​ကျော်​ ပြီးစီးနေပြီ ဖြစ်တာ​​ကြောင့် အရင်ဆုံး စတင်ဖွင့်လှစ်နိုင်မယ့် တံတားဖြစ်ပြီး ဝါးခယ်မတံတားနဲ့ ရွှေလောင်းတံတားကိုလည်း ​မကြာခင်​ ဖွင့်လှစ်နိုင်​တော့မယ်လို့ သိရပါတယ်​။ အသစ်တည်ဆောက်နေတဲ့ ပုသိမ်တံတားက​တော့ ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ၂၀၁၈ /၂၀၁၉ ဘတ်ဂျက်အတွက် ​ချထားပေးတဲ့ ဆောင်ရွက်ရမယ်​့ လုပ်ငန်း​​တွေ အားလုံးပြီးစီးသွားပြီဖြစ်တာ​ကြောင်​့ လုပ်ငန်း​​တွေကို ခေတ္တရပ်နားထားပြီး ၂၀၁၉/၂၀၂၀ ဘတ်ဂျက်ပြန်စမှ လုပ်ငန်း​​တွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ မကျီးစင် တံတားနဲ့ ကျွန်းကုန်းတံတား​​တွေက​​တော့ ဆက်လက်တည်ဆောက်နေတယ်​လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က​နေ သိရပါတယ်​။ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရလက်ထက်မှာ မြစ်ကူးတံတားကြီး​​တွေအနေနဲ့ မြောင်းမြမြစ်ကူးတံတား ရွှေသောင်ယံတံတား(မကျည်းချောင်း)နဲ့ လေးမျက်နှာတံတား​​တွေက​​တော့ တည်ဆောက်ပြီးစီး ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ ​သိရပါတယ်။ မြမင်းဦး(ပုသိမ်​) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဧရာဝတီတိုင္းရွိ တည္ေဆာက္ဆဲ တံတားအားလုံး ယခုအစိုးရလက္ထက္ အၿပီးေဆာင္႐ြက္မည္ ဧရာဝတီတိုင္း​ေဒသႀကီးအတြင္းမွာ လက္ရွိ တည္ေဆာက္ေနဆဲ ျဖစ္တဲ့ ျမစ္ကူးတံတားႀကီး​​ေတြ အကုန္​လုံးကို လက္ရွိအစိုးရသက္တမ္း မကုန္မီ ဖြင့္လွစ္သြားမယ္​လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျပာပါတယ္။ အသစ္တည္ေဆာက္ေနတဲ့ ပုသိမ္ျမစ္ကူးတံတား မက်ီးစင္တံတား ကြၽန္းကုန္းတံတား​ေတြနဲ႔ ျပန္လည္ျပ​​င္ဆင္တည္ေဆာက္ေနတဲ့ လပြတၱာ-ပင္လယ္ေလးတံတား ဝါးခယ္မတံတား ေ႐ႊေလာင္းတံတား​​ေတြကို လက္ရွိ​အစိုးရ သက္တမ္းမကုန္ခင္​မွာ ဖြင့္​လွစ္သြားမယ္​လို႔ ဧရာဝတီတိုင္းေဒသႀကီး လွ်ပ္​စစ္​စြမ္းအင္​၊ စက္​မႈလက္​မႈနဲ႔ လမ္းပန္းဆက္​သြယ္​​ေရးဝန္​ႀကီး ဦးဝင္းေဌးက ​ေျပာပါတယ္​။ "အဓိကျမစ္ကူးတံတားႀကီး အေနနဲ႔ကေတာ့ သုံးစင္းက အသစ္တည္ေဆာက္ေနတာပါ။ သုံးစင္းကေတာ့ ျပန္လည္ျပင္ဆင္ေနတာပါ။ လက္ရွိ အစိုးရသက္တမ္းမကုန္ခင္ေတာ့ တံတားေတြအားလုံး ဖြင့္လွစ္မွာပါ။” ျမစ္ကူးတံတားႀကီး​ေတြထဲက ျပင္ဆင္ေနတဲ့ လပြတၱာ-ပင္လယ္ေလးတံတားက​ေတာ့ ၈၀ ရာခိုင္ႏႈန္း​​ေက်ာ္​ ၿပီးစီးေနၿပီ ျဖစ္တာ​​ေၾကာင့္ အရင္ဆုံး စတင္ဖြင့္လွစ္ႏိုင္မယ့္ တံတားျဖစ္ၿပီး ဝါးခယ္မတံတားနဲ႔ ေ႐ႊေလာင္းတံတားကိုလည္း ​မၾကာခင္​ ဖြင့္လွစ္ႏိုင္​ေတာ့မယ္လို႔ သိရပါတယ္​။ အသစ္တည္ေဆာက္ေနတဲ့ ပုသိမ္တံတားက​ေတာ့ ၂၅ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီး ၂၀၁၈ /၂၀၁၉ ဘတ္ဂ်က္အတြက္ ​ခ်ထားေပးတဲ့ ေဆာင္႐ြက္ရမယ္​့ လုပ္ငန္း​​ေတြ အားလုံးၿပီးစီးသြားၿပီျဖစ္တာ​ေၾကာင္​့ လုပ္ငန္း​​ေတြကို ေခတၱရပ္နားထားၿပီး ၂၀၁၉/၂၀၂၀ ဘတ္ဂ်က္ျပန္စမွ လုပ္ငန္း​​ေတြ ဆက္လက္လုပ္ကိုင္သြားမယ္လို႔ ဆိုပါတယ္။ မက်ီးစင္ တံတားနဲ႔ ကြၽန္းကုန္းတံတား​​ေတြက​​ေတာ့ ဆက္လက္တည္ေဆာက္ေနတယ္​လို႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕က​ေန သိရပါတယ္​။ လက္ရွိ ဧရာဝတီတိုင္းေဒသႀကီး အစိုးရလက္ထက္မွာ ျမစ္ကူးတံတားႀကီး​​ေတြအေနနဲ႔ ေျမာင္းျမျမစ္ကူးတံတား ေ႐ႊေသာင္ယံတံတား(မက်ည္းေခ်ာင္း)နဲ႔ ေလးမ်က္ႏွာတံတား​​ေတြက​​ေတာ့ တည္ေဆာက္ၿပီးစီး ဖြင့္လွစ္ထားၿပီး ျဖစ္တယ္လို႔ ​သိရပါတယ္။ ျမမင္းဦး(ပုသိမ္​)

A d v e r t i s e m e n t With Us

More News
Up