ချောက်မြို့နယ် ဆင်သောက်ကန် အက်ကွဲယိုစိမ့်မှုများ ဖြစ်ပေါ်
DVB
·
August 25, 2019
ချောက်မြို့နယ် ဆင်က ကျေးရွာ ဆင်သောက်ကန်ဟာ အက်ကွဲယိုစိမ့်တာတွေ ဖြစ်နေပြီး ကျိုးပေါက်နိုင်တာကြောင့် ရေစီးလမ်းကြောင်းတလျှောက် ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ သတိပေး နှိုးဆော်နေတယ်လို့ သိရပါတယ်။
“လက်ရှိ အခြေနေအရ ရေက စိမ့်နေလို့ ရေလွှဲပေါက်ကနေ ရေထုတ်ဖို့ ကြိုးစားနေပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆည်မြောင်းအဖွဲ့တွေကော၊ စိုက်ပျိုးရေးကော၊ မြို့နယ်ထွေအုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကော ရောက်နေပါတယ်” လို့ ချောက်မြို့နယ် မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့နယ် မီးသတ်တပ်ဖွဲ့ အင်အား ၂၀၊ မြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင် အင်အား ၁၈ ဦးတို့က ထိခိုက်မှု ကင်ရှင်းစေရေးအတွက် ရေစီးလမ်းတလျှောက် ကြေးနီ၊ သွေးနက်ကျေးရွာနဲ့ ချောက်မြို့ အမှတ် ၁၅ တမာအိုင့် ချောင်းတလျှောက် လူနဲ့ နွားတွေ မဖြတ်သန်းဖို့ အရေးပေါ် သတိပေးနှိုးဆော်နေတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးကျော်ဆွေဝင်းက ပြောပါတယ်။
အဆိုပါ ရေကန်ဟာ ကန်အမြင့် ၁၈ ပေခန့်နဲ့ ရေဝင်ဧရိယာ ၅ ဧက ရှိပြီး လက်ရှိရေထုမှာ ၁၃ ပေ လောက်ရှိနေကာ မြေသားကန်အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေခ်ာက္ၿမိဳ႕နယ္ ဆင္ေသာက္ကန္ အက္ကြဲယိုစိမ့္မႈမ်ား ျဖစ္ေပၚ
ေခ်ာက္ၿမိဳ႕နယ္ ဆင္က ေက်း႐ြာ ဆင္ေသာက္ကန္ဟာ အက္ကြဲယိုစိမ့္တာေတြ ျဖစ္ေနၿပီး က်ိဳးေပါက္ႏိုင္တာေၾကာင့္ ေရစီးလမ္းေၾကာင္းတေလွ်ာက္ ျဖတ္သန္းသြားလာတာေတြ မလုပ္ဖို႔ သတိေပး ႏႈိးေဆာ္ေနတယ္လို႔ သိရပါတယ္။
“လက္ရွိ အေျခေနအရ ေရက စိမ့္ေနလို႔ ေရလႊဲေပါက္ကေန ေရထုတ္ဖို႔ ႀကိဳးစားေနပါတယ္။ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဆည္ေျမာင္းအဖြဲ႕ေတြေကာ၊ စိုက္ပ်ိဳးေရးေကာ၊ ၿမိဳ႕နယ္ေထြအုပ္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေကာ ေရာက္ေနပါတယ္” လို႔ ေခ်ာက္ၿမိဳ႕နယ္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။
ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ အင္အား ၂၀၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးအပါအဝင္ အင္အား ၁၈ ဦးတို႔က ထိခိုက္မႈ ကင္ရွင္းေစေရးအတြက္ ေရစီးလမ္းတေလွ်ာက္ ေၾကးနီ၊ ေသြးနက္ေက်း႐ြာနဲ႔ ေခ်ာက္ၿမိဳ႕ အမွတ္ ၁၅ တမာအိုင့္ ေခ်ာင္းတေလွ်ာက္ လူနဲ႔ ႏြားေတြ မျဖတ္သန္းဖို႔ အေရးေပၚ သတိေပးႏႈိးေဆာ္ေနတယ္လို႔ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစီးအရာရွိ ဦးေက်ာ္ေဆြဝင္းက ေျပာပါတယ္။
အဆိုပါ ေရကန္ဟာ ကန္အျမင့္ ၁၈ ေပခန႔္နဲ႔ ေရဝင္ဧရိယာ ၅ ဧက ရွိၿပီး လက္ရွိေရထုမွာ ၁၃ ေပ ေလာက္ရွိေနကာ ေျမသားကန္အမ်ိဳးအစား ျဖစ္တယ္လို႔ သိရပါတယ္။
ကိုလင္း(ေခ်ာက္)