သင်္ဘောပေါ်မှ ပြုတ်ကျခဲ့သည့် မသန်စွမ်းအမျိုးသမီးကို ကယ်တင် (ရုပ်သံ)

အပျော်စီးသင်္ဘောတစီးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ မသန်စွမ်း ကမ္ဘာလှည့်ခရီးသည်တဦးကို အမျိုးသား နှစ်ဦးက အချိန်မီ ကယ်ဆယ်ခဲ့နိုင်တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ဗာဂျင်ကျွန်းစုတွေမှာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။  ပြုတ်ကျခဲ့တဲ့ ခရီးသည်ဟာ ဝှီးချဲအကူအညီနဲ့ သွားလာရသူ ဖြစ်ပြီး သူ ရေထဲ ပြုတ်ကျသွားတဲ့အချိန်မှာ ရန်ဒေါ် ဒိုနိဗန်နဲ့ ကတ်ဟစ် ဟာမီတန်လို့ခေါ်တဲ့ အမျိုးသားနှစ်ဦးက ရေထဲခုန်ချပြီး ကယ်တင်လိုက်နိုင်တာပါ။ ဒီလုပ်ရပ်ကြောင့် ဒိုနိဗန်တို့ နှစ်ဦးဟာလည်း သူရဲကောင်းတွေအဖြစ် ချီးကျူး ဂုဏ်ပြုခံနေရပါတယ်။ ပြုတ်ကျခဲ့တဲ့ အမျိုးသမီးကို ဒိုနိဗန်တို့ နှစ်ဦးက ရေထဲကနေ ဆွဲထုတ်ခဲ့ပြီး သင်္ဘောပေါ်မှာ ရှိနေတဲ့သူတွေက သူမကို သင်္ဘောပေါ် ဆွဲတင်ပေးခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ အမျိုးသမီးဟာ တစုံတရာ ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ သင်္ဘောလိုင်း တာဝန်ရှိသူက ပြောခဲ့ပေမယ့် ပြုတ်ကျခဲ့သူဟာ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ မပြောဆိုခဲ့ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version သေဘၤာေပၚမွ ျပဳတ္က်ခဲ့သည့္ မသန္စြမ္းအမ်ိဳးသမီးကို ကယ္တင္ (႐ုပ္သံ) အေပ်ာ္စီးသေဘၤာတစီးေပၚကေန ျပဳတ္က်ခဲ့တဲ့ မသန္စြမ္း ကမာၻလွည့္ခရီးသည္တဦးကို အမ်ိဳးသား ႏွစ္ဦးက အခ်ိန္မီ ကယ္ဆယ္ခဲ့ႏိုင္တယ္လို႔ Reuters သတင္းမွာ ေဖာ္ျပပါတယ္။ ဒီျဖစ္စဥ္ဟာ ဗာဂ်င္ကြၽန္းစုေတြမွာ ၾသဂုတ္လ ၁၂ ရက္ေန႔က ျဖစ္ပြားခဲ့တာပါ။ ျပဳတ္က်ခဲ့တဲ့ ခရီးသည္ဟာ ဝွီးခ်ဲအကူအညီနဲ႔ သြားလာရသူ ျဖစ္ၿပီး သူ ေရထဲ ျပဳတ္က်သြားတဲ့အခ်ိန္မွာ ရန္ေဒၚ ဒိုနိဗန္နဲ႔ ကတ္ဟစ္ ဟာမီတန္လို႔ေခၚတဲ့ အမ်ိဳးသားႏွစ္ဦးက ေရထဲခုန္ခ်ၿပီး ကယ္တင္လိုက္ႏိုင္တာပါ။ ဒီလုပ္ရပ္ေၾကာင့္ ဒိုနိဗန္တို႔ ႏွစ္ဦးဟာလည္း သူရဲေကာင္းေတြအျဖစ္ ခ်ီးက်ဴး ဂုဏ္ျပဳခံေနရပါတယ္။ ျပဳတ္က်ခဲ့တဲ့ အမ်ိဳးသမီးကို ဒိုနိဗန္တို႔ ႏွစ္ဦးက ေရထဲကေန ဆြဲထုတ္ခဲ့ၿပီး သေဘၤာေပၚမွာ ရွိေနတဲ့သူေတြက သူမကို သေဘၤာေပၚ ဆြဲတင္ေပးခဲ့ၾကပါတယ္။ ဒီျဖစ္စဥ္မွာ အမ်ိဳးသမီးဟာ တစုံတရာ ထိခိုက္တာမ်ိဳး မရွိခဲ့ဘူးလို႔ သေဘၤာလိုင္း တာဝန္ရွိသူက ေျပာခဲ့ေပမယ့္ ျပဳတ္က်ခဲ့သူဟာ ဘယ္သူဘယ္ဝါလဲ ဆိုတာကိုေတာ့ မေျပာဆိုခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up