Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၁၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေး သယ်လာသူကို ခိုလမ်မြို့နယ်တွင် ဖမ်းမိ
DVB
·
August 25, 2019
ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ သယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ယာဉ်ဝင်/ထွက်မှုတွေကို စစ်ဆေးဆောင်ရွက်စဉ် ဩဂုတ် ၂၃ ရက်နေ့ မနက် ၇ နာရီလောက်မှာ နမ့်စန်မြို့ဘက်ကနေ ခိုလမ်မြို့ဘက်ကို စိုင်းဟောင်နူ မောင်းနှင်လာတဲ့ မတ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 3L/-— အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။ စိုင်းဟောင်နူနဲ့အတူ ယာဉ်နောက်ခန်းအတွင်း သယ်ဆောင်လာတဲ့ အိုက်စ်အဖြူရောင်အခဲ ၆၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀) ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ ခိုလမ်နယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version က်ပ္သိန္းေပါင္း ၁၅၀၀၀ တန္ဖိုးရွိ မူးယစ္ေဆး သယ္လာသူကို ခိုလမ္ၿမိဳ႕နယ္တြင္ ဖမ္းမိ ရွမ္းျပည္နယ္ေတာင္ပိုင္း ခိုလမ္ၿမိဳ႕နယ္အတြင္း ေငြက်ပ္သိန္းေပါင္း ၁၅၀၀၀ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြနဲ႔ သယ္ေဆာင္လာသူအား ဖမ္းဆီးရမိခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။ ခိုလမ္ၿမိဳ႕နယ္၊ နမ့္ေမာင္းေက်း႐ြာအနီးမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ယာဥ္ဝင္/ထြက္မႈေတြကို စစ္ေဆးေဆာင္႐ြက္စဥ္ ဩဂုတ္ ၂၃ ရက္ေန႔ မနက္ ၇ နာရီေလာက္မွာ နမ့္စန္ၿမိဳ႕ဘက္ကေန ခိုလမ္ၿမိဳ႕ဘက္ကို စိုင္းေဟာင္ႏူ ေမာင္းႏွင္လာတဲ့ မတ္တူးအမ်ိဳးအစား ေမာ္ေတာ္ယာဥ္အမွတ္၊ 3L/-— အား ရပ္တန႔္စစ္ေဆးရာမွ ဖမ္းဆီးမိခဲ့တာပါ။ စိုင္းေဟာင္ႏူနဲ႔အတူ ယာဥ္ေနာက္ခန္းအတြင္း သယ္ေဆာင္လာတဲ့ အိုက္စ္အျဖဴေရာင္အခဲ ၆၀ ကီလိုဂရမ္ (ခန႔္မွန္းတန္ဖိုးေငြ က်ပ္သိန္းေပါင္း ၁၅၀၀၀) ဖမ္းဆီးခဲ့တာလို႔ ဆိုပါတယ္။ ေမာ္ေတာ်ယဥ္၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိသူအား တရားဥပေဒအရ အေရးယူ ေဆာင္႐ြက္ႏိုင္ဖို႔ ခိုလမ္နယ္ေျမရဲစခန္းကို လႊဲေျပာင္းအပ္ႏွံခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024