A d v e r t i s e m e n t With Us

ဖာနန်ဒိုတော့ရက်စ် ဘောလုံးသမားဘဝမှ အပြီးတိုင်အနားယူ

အသက် ၃၅ နှစ်အရွယ် စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတော့ရက်စ်ဟာ ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။  အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူး၊ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့တဲ့ တောရက်စ်ဟာ ဂျပန်ကလပ် ဆာဂန်တိုဆုအသင်းနဲ့ နောက်ဆုံးပွဲစဉ် ကစားခဲ့ပြီးတော့ အနားယူသွားခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံးပွဲဟာတော့ မလှပခဲ့ပဲ ဗေဆယ်ကိုဘေးအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗေဆယ်ကိုဘေးအသင်းမှာတော့ ဒေးဗစ်ဗီလာ၊ အင်နီယေစတာတို့လို ကစားသမားတွေလည်း ပါဝင်ကစားခဲ့ပါတယ်။  တောရက်စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၀ ကစားခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ ဥရောပချန်ပီယံဘွဲ့ ၂ ကြိမ်ရရှိခဲ့ပြီး ဗိုလ်လုပွဲတိုင်းမှာလည်း စပိန်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။  တောရက်စ်ရဲ့ တောက်ပဆုံးအချိန်ဟာ လီဗာပူးအသင်းမှာ ဖြစ်ပြီး ၁၄၂ ပွဲကစားပြီး ၈၁ ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ တောရက်စ်အနားယူခဲ့တာနဲ့ ပတ်သက်လို့ မိခင်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက တွစ်တာစာမျက်နှာကနေ ဂုဏ်ပြုရေးသားမှုတွေ ပြုလုပ်ခဲ့သလို အမြဲတမ်း အသင်းရဲ့ သားသမီးတယောက်အဖြစ် သတ်မှတ်တယ်ဆိုပြီး ရေးသား ဖော်ပြခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖာနန္ဒိုေတာ့ရက္စ္ ေဘာလုံးသမားဘဝမွ အၿပီးတိုင္အနားယူ အသက္ ၃၅ ႏွစ္အ႐ြယ္ စပိန္တိုက္စစ္မႉးေဟာင္း ဖာနန္ဒိုေတာ့ရက္စ္ဟာ ေဘာလုံးသမားဘဝကေန အၿပီးတိုင္ အနားယူလိုက္ၿပီလို႔ ေၾကညာခဲ့ပါတယ္။ အက္သလက္တီကိုမက္ဒရစ္၊ လီဗာပူး၊ ခ်ဲလ္ဆီးအသင္းေတြမွာ ကစားခဲ့တဲ့ ေတာရက္စ္ဟာ ဂ်ပန္ကလပ္ ဆာဂန္တိုဆုအသင္းနဲ႔ ေနာက္ဆုံးပြဲစဥ္ ကစားခဲ့ၿပီးေတာ့ အနားယူသြားခဲ့တာပါ။ သူ႔ရဲ႕ ေနာက္ဆုံးပြဲဟာေတာ့ မလွပခဲ့ပဲ ေဗဆယ္ကိုေဘးအသင္းကို ၆ ဂိုး ၁ ဂိုးနဲ႔ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။ ေဗဆယ္ကိုေဘးအသင္းမွာေတာ့ ေဒးဗစ္ဗီလာ၊ အင္နီေယစတာတို႔လို ကစားသမားေတြလည္း ပါဝင္ကစားခဲ့ပါတယ္။ ေတာရက္စ္ဟာ စပိန္လက္ေ႐ြးစင္အသင္းအတြက္ ပြဲေပါင္း ၁၁၀ ကစားခဲ့ၿပီး ကမာၻ႔ဖလားနဲ႔ ဥေရာပခ်န္ပီယံဘြဲ႕ ၂ ႀကိမ္ရရွိခဲ့ၿပီး ဗိုလ္လုပြဲတိုင္းမွာလည္း စပိန္အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့ပါတယ္။ ေတာရက္စ္ရဲ႕ ေတာက္ပဆုံးအခ်ိန္ဟာ လီဗာပူးအသင္းမွာ ျဖစ္ၿပီး ၁၄၂ ပြဲကစားၿပီး ၈၁ ဂိုးထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ေတာရက္စ္အနားယူခဲ့တာနဲ႔ ပတ္သက္လို႔ မိခင္ကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းက တြစ္တာစာမ်က္ႏွာကေန ဂုဏ္ျပဳေရးသားမႈေတြ ျပဳလုပ္ခဲ့သလို အၿမဲတမ္း အသင္းရဲ႕ သားသမီးတေယာက္အျဖစ္ သတ္မွတ္တယ္ဆိုၿပီး ေရးသား ေဖာ္ျပခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up