မန်ယူအသင်း အိမ်ကွင်းတွင် ပဲ့လေ့စ်ကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

1.4K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်း ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ တွေ့ဆုံချိန်တိုင်း ရှုံးပွဲမရှိခဲ့တဲ့ ယူနိုက်တက်ဟာ ၂ ပွဲဆက် ပင်နယ်တီလွဲချော်မှုနဲ့အတူ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။
ပွဲစဉ် ၁ မှာ ချဲလ်ဆီးကို ဂိုးပြတ်အနိုင်နဲ့ အရှိန်အဟုန်ပြင်းပြင်း စတင်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲစဉ် ၂ မှာ ပေါ့ဘာရဲ့ ပင်နယ်တီလွဲချော်မှုကြောင့် သရေရလဒ်နဲ့ ကျေနပ်ခဲ့ရသလို အခုပွဲစဉ်မှာလည်း ပင်နယ်တီကန်ဖို့ တာဝန်ပေးခံထားရတဲ့ ရက်ရှ်ဖို့ဒ် ကိုယ်တိုင် လွဲချော်ခဲ့ပါတယ်။
မနေ့ညကပွဲမှာ ပထမပိုင်း ၃၂ မိနစ်ကတည်းက ဧည့်သည်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဂျော်ဒန်အရူးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးခါနီး ၈၉ မိနစ်အရောက်မှာတော့ ကစားသမားသစ်လေး ဒန်နီရယ်ဂျိမ်းစ်က လှလှပပ ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် နာကျင်အချိန်ပိုမှာတော့ နောက်ခံလူတွေ အထနှေးနေခဲ့တာကတဆင့် ပဲလေစ့်အသင်းရဲ့အနိုင်ဂိုးကို ဗန်အန်ဟော့တ်က သွင်းယူပေးခဲ့တာပါ။
ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ အမှတ်ပေးဇယားအဆင့် ၅ နေရာကို ရောက်ရှိခဲ့ပြီး ပဲလေစ့်အသင်းကတော့ အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
မန္ယူအသင္း အိမ္ကြင္းတြင္ ပဲ့ေလ့စ္ကို ရႈံးနိမ့္ (႐ုပ္သံဟိုက္လိုက္)
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ယူအသင္းက ခရစၥတယ္ပဲေလ့စ္အသင္းကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္သြားပါတယ္။
၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ခရစၥတယ္ပဲေလစ့္အသင္းနဲ႔ ေတြ႕ဆုံခ်ိန္တိုင္း ရႈံးပြဲမရွိခဲ့တဲ့ ယူႏိုက္တက္ဟာ ၂ ပြဲဆက္ ပင္နယ္တီလြဲေခ်ာ္မႈနဲ႔အတူ အိမ္ကြင္းမွာ ရႈံးပြဲေတြ႕ခဲ့ရပါတယ္။
ပြဲစဥ္ ၁ မွာ ခ်ဲလ္ဆီးကို ဂိုးျပတ္အႏိုင္နဲ႔ အရွိန္အဟုန္ျပင္းျပင္း စတင္လာခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပြဲစဥ္ ၂ မွာ ေပါ့ဘာရဲ႕ ပင္နယ္တီလြဲေခ်ာ္မႈေၾကာင့္ သေရရလဒ္နဲ႔ ေက်နပ္ခဲ့ရသလို အခုပြဲစဥ္မွာလည္း ပင္နယ္တီကန္ဖို႔ တာဝန္ေပးခံထားရတဲ့ ရက္ရွ္ဖို႔ဒ္ ကိုယ္တိုင္ လြဲေခ်ာ္ခဲ့ပါတယ္။
မေန႔ညကပြဲမွာ ပထမပိုင္း ၃၂ မိနစ္ကတည္းက ဧည့္သည္အသင္းက ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ေဂ်ာ္ဒန္အ႐ူးက သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ပြဲၿပီးခါနီး ၈၉ မိနစ္အေရာက္မွာေတာ့ ကစားသမားသစ္ေလး ဒန္နီရယ္ဂ်ိမ္းစ္က လွလွပပ ေခ်ပဂိုး သြင္းယူေပးခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုမွာေတာ့ ေနာက္ခံလူေတြ အထေႏွးေနခဲ့တာကတဆင့္ ပဲေလစ့္အသင္းရဲ႕အႏိုင္ဂိုးကို ဗန္အန္ေဟာ့တ္က သြင္းယူေပးခဲ့တာပါ။
ဒီပြဲရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔ အမွတ္ေပးဇယားအဆင့္ ၅ ေနရာကို ေရာက္ရွိခဲ့ၿပီး ပဲေလစ့္အသင္းကေတာ့ အဆင့္ ၁၀ ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။