ဟောင်ကောင် ဆန္ဒပြပွဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ဟောင်ကောင်မှာ သြဂုတ် ၂၄ ရက်နေ့က တကျော့ပြန် အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ “တိုက်ခိုက်ရင် အင်အားသုံးရလိမ့်မယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ထားပါတယ်။
ဆန္ဒပြပွဲတွေကို ကောင်းလုံကျွန်းဆွယ် အရှေ့ဘက်ခြမ်းမှာ လုပ်ခဲ့ပြီး ဆန္ဒပြသူတွေက ကွမ်တောင်ခရိုင်မှာ ချီတက်ကြပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့က ၁၀ ရက်အတွင်း ပထမဆုံးအကြိမ် မျက်ရည်ယိုဓာတ်ငွေ့သုံးတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက သူတို့ဟာ “တနိုင်ငံ စနစ်နှစ်မျိုး” အစီအစဉ် ယိုယွင်းမှုအတွက် တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
“တနိုင်ငံ စနစ်နှစ်မျိုး” ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ဆီကနေ ဟောင်ကောင်ကို လွှဲယူပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုတဲ့စနစ် ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေဟာင္ေကာင္ ဆႏၵျပပြဲ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲ
ေဟာင္ေကာင္မွာ ၾသဂုတ္ ၂၄ ရက္ေန႔က တေက်ာ့ျပန္ အၾကမ္းဖက္ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံးၿပီး ဆႏၵျပသူေတြကို လူစုခြဲခဲ့ပါတယ္။
ေဟာင္ေကာင္ရဲတပ္ဖြဲ႕ဟာ “တိုက္ခိုက္ရင္ အင္အားသုံးရလိမ့္မယ္” ဆိုတဲ့ ဆိုင္းဘုတ္ေတြကို ကိုင္ထားပါတယ္။
ဆႏၵျပပြဲေတြကို ေကာင္းလုံကြၽန္းဆြယ္ အေရွ႕ဘက္ျခမ္းမွာ လုပ္ခဲ့ၿပီး ဆႏၵျပသူေတြက ကြမ္ေတာင္ခ႐ိုင္မွာ ခ်ီတက္ၾကပါတယ္။ ဒါဟာ ရဲတပ္ဖြဲ႕က ၁၀ ရက္အတြင္း ပထမဆုံးအႀကိမ္ မ်က္ရည္ယိုဓာတ္ေငြ႕သုံးတာ ျဖစ္ပါတယ္။
ဆႏၵျပသူေတြက သူတို႔ဟာ “တႏိုင္ငံ စနစ္ႏွစ္မ်ိဳး” အစီအစဥ္ ယိုယြင္းမႈအတြက္ တိုက္ပြဲဝင္ေနတယ္လို႔ ဆိုပါတယ္။
“တႏိုင္ငံ စနစ္ႏွစ္မ်ိဳး” ဟာ ၁၉၉၇ ခုႏွစ္မွာ ၿဗိတိန္ဆီကေန ေဟာင္ေကာင္ကို လႊဲယူၿပီးေနာက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ျပဳတဲ့စနစ္ ျဖစ္ပါတယ္။