A d v e r t i s e m e n t With Us

လီဗာပူးက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ပွဲဆက်အနိုင်ရရှိထားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ မှာတော့ ခြေသာတဲ့ လီဗာပူးပဲ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပြန်ပါတယ်။ အိမ်ကွင်းအန်ဖီးလ်မှာဖြစ်လို့ လီဗာပူးတို့ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှု အဘက်ဘက်က သာခဲ့ပြီး ၃ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။  လီဗာပူးအတွက် သွင်းဂိုးတွေကိုတော့ ပထမပိုင်း ၄၁ မိနစ်မှာ နောက်ခံလူ မက်တစ်က ဒုတိယပိုင်း ၄၉ မိနစ်မှာ ၁ ဂိုး၊ ဆာလက်က ပင်နယ်တီကနေ ၁ ဂိုးနဲ့ ၅၈ မိနစ်မှာ ၁ ဂိုး သွင်းယူပေးခဲ့လို့ ၃ ဂိုးပြတ် အနိုင်ရနေခဲ့ပါတယ်။ ၈၅ မိနစ်အရောက်မှာတော့ တော်ရိုင်းယားက အာဆင်နယ်အတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် လီဗာပူးကတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး အာဆင်နယ်အသင်းကလည်း ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လီဗာပူးက အာဆင္နယ္ကို ၃-၁ ဂိုးျဖင့္ အႏိုင္ရ (႐ုပ္သံဟိုက္လိုက္) ပြဲဆက္အႏိုင္ရရွိထားခဲ့ၾကတဲ့ အာဆင္နယ္အသင္းနဲ႔ လီဗာပူးအသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ မွာေတာ့ ေျခသာတဲ့ လီဗာပူးပဲ ဂိုးျပတ္ အႏိုင္ရရွိသြားခဲ့ျပန္ပါတယ္။ အိမ္ကြင္းအန္ဖီးလ္မွာျဖစ္လို႔ လီဗာပူးတို႔ ေဘာလုံးပိုင္ဆိုင္မႈ၊ ဂိုးေပါက္ကန္သြင္းမႈ အဘက္ဘက္က သာခဲ့ၿပီး ၃ ဂိုး ၁ ဂိုးရလဒ္နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးအတြက္ သြင္းဂိုးေတြကိုေတာ့ ပထမပိုင္း ၄၁ မိနစ္မွာ ေနာက္ခံလူ မက္တစ္က ဒုတိယပိုင္း ၄၉ မိနစ္မွာ ၁ ဂိုး၊ ဆာလက္က ပင္နယ္တီကေန ၁ ဂိုးနဲ႔ ၅၈ မိနစ္မွာ ၁ ဂိုး သြင္းယူေပးခဲ့လို႔ ၃ ဂိုးျပတ္ အႏိုင္ရေနခဲ့ပါတယ္။ ၈၅ မိနစ္အေရာက္မွာေတာ့ ေတာ္႐ိုင္းယားက အာဆင္နယ္အတြက္ ေခ်ပဂိုးတဂိုး သြင္းယူေပးခဲ့လို႔ ပြဲအၿပီးမွာ ၃ ဂိုး ၁ ဂိုး ရလဒ္နဲ႔ၿပီးဆုံးခဲ့ပါတယ္။ အခုပြဲရလဒ္ေၾကာင့္ လီဗာပူးကေတာ့ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ရပ္တည္ေနၿပီး အာဆင္နယ္အသင္းကလည္း ဒုတိယေနရာမွာ ဆက္လက္ရပ္တည္ေနဆဲ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up