A d v e r t i s e m e n t With Us

မြို့နယ် ၉၆ ခုတွင် ပိုလီယိုရောဂါ ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမည်

မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ် ၉၆ ခုမှာ ပိုလီယိုရောဂါ ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးသွားမယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကလေး ၃ ဦးမှာ ပိုလီယိုပိုး တွေ့ရှိတဲ့အတွက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ပိုလီယိုကူးစက်ခံမှု ၁၄ နိုင်ငံအတွင်းမှာ ပါဝင်သွားလို့ အခုလို တိုက်ကျွေးတာလို့ ဆိုပါတယ်။ ပိုလီယိုပိုးမှာ အရိုင်းပိုးနဲ့ အသွင်ပြောင်းပိုးဆိုပြီး နှစ်မျိုးရှိပြီး ပိုလီယိုကာကွယ်ဆေး ပုံမှန်မထိုးနိုင်တဲ့ ကလေးငယ်တွေမှာ ပိုလီရောဂါဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ လက်ရှိ  ပိုလီယိုပိုး တွေ့ရှိတဲ့ ကလေးငယ်တွေဟာ ပိုလီယို ကာကွယ်ဆေးကို လုံးဝမထိုးရသေးတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ မြို့နယ် ၉၆ မြို့နယ်မှာ ပိုလီယိုကာကွယ်ဆေးကို သြဂုတ် ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တိုက်ကျွေးသွားမှာဖြစ်ပြီး မွေးကင်းစကလေးငယ်မှ အသက် ၅  နှစ်အထိ ကလေးငယ်တွေကို တိုက်ကျွေးသွားမယ်လို့ ဖျာပုံမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးမှူး ဒေါက်တာသိန်းထွန်းဝင်းက ပြောပါတယ်။ ဧရာဝတီတိုင်းမှာတော့ အပိုဆောင်း ပိုလီယိုကာကွယ်ဆေးကို ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း စတဲ့ မြို့နယ် ၃ မြို့နယ်မှာ တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။  ပိုလီယိုရောဂါဟာ ကမ္ကာမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီး နိုင်ငံ ၃ နိုင်ငံမှာသာ အရိုင်းပိုးအနေနဲ့ ကူးစက်နေတာပါ။  မြန်မာနိုင်ငံမှာတော့ ပိုလီယိုအရိုင်းပိုးကို ၂၀၀၇ ခုနှစ်နဲ့ အသွင်ပြောင်း ပိုလီယိုပိုးကို ၂၀၁၅ မှာ နောက်ဆုံးတွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပိုလီပိုကင်းစင်တဲ့ နိုင်ငံအနေနဲ့ ကြေညာခဲ့ပါတယ်။ ကျော်စိုးမိုး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿမိဳ႕နယ္ ၉၆ ခုတြင္ ပိုလီယိုေရာဂါ ကာကြယ္ေဆး အပိုေဆာင္းတိုက္ေကြၽးမည္ ျမန္မာႏိုင္ငံ တိုင္းနဲ႔ျပည္နယ္ေတြက ၿမိဳ႕နယ္ ၉၆ ခုမွာ ပိုလီယိုေရာဂါ ကာကြယ္ေဆး အပိုေဆာင္း တိုက္ေကြၽးသြားမယ္လို႔ ဖ်ာပုံေဆး႐ုံအုပ္ႀကီး ေဒါက္တာတင္လွက ေျပာပါတယ္။ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္က ကေလး ၃ ဦးမွာ ပိုလီယိုပိုး ေတြ႕ရွိတဲ့အတြက္ ျမန္မာႏိုင္ငံဟာ ကမာၻမွာ ပိုလီယိုကူးစက္ခံမႈ ၁၄ ႏိုင္ငံအတြင္းမွာ ပါဝင္သြားလို႔ အခုလို တိုက္ေကြၽးတာလို႔ ဆိုပါတယ္။ ပိုလီယိုပိုးမွာ အ႐ိုင္းပိုးနဲ႔ အသြင္ေျပာင္းပိုးဆိုၿပီး ႏွစ္မ်ိဳးရွိၿပီး ပိုလီယိုကာကြယ္ေဆး ပုံမွန္မထိုးႏိုင္တဲ့ ကေလးငယ္ေတြမွာ ပိုလီေရာဂါျဖစ္ပြားေနတာ ျဖစ္ပါတယ္။ ကရင္ျပည္နယ္မွာ လက္ရွိ  ပိုလီယိုပိုး ေတြ႕ရွိတဲ့ ကေလးငယ္ေတြဟာ ပိုလီယို ကာကြယ္ေဆးကို လုံးဝမထိုးရေသးတဲ့ ကေလးငယ္ေတြ ျဖစ္ပါတယ္။ ၿမိဳ႕နယ္ ၉၆ ၿမိဳ႕နယ္မွာ ပိုလီယိုကာကြယ္ေဆးကို ၾသဂုတ္ ၂၅ ရက္ေန႔ကေန ၂၆ ရက္ေန႔အထိ တိုက္ေကြၽးသြားမွာျဖစ္ၿပီး ေမြးကင္းစကေလးငယ္မွ အသက္ ၅  ႏွစ္အထိ ကေလးငယ္ေတြကို တိုက္ေကြၽးသြားမယ္လို႔ ဖ်ာပုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမားေရးဦးစီးမႉး ေဒါက္တာသိန္းထြန္းဝင္းက ေျပာပါတယ္။ ဧရာဝတီတိုင္းမွာေတာ့ အပိုေဆာင္း ပိုလီယိုကာကြယ္ေဆးကို ဖ်ာပုံ၊ ဘိုကေလး၊ ေမာ္လၿမိဳင္ကြၽန္း စတဲ့ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္မွာ တိုက္ေကြၽးသြားမွာ ျဖစ္ပါတယ္။ ပိုလီယိုေရာဂါဟာ ကမၠာမွာ ေပ်ာက္ကင္းလုနီးပါး ျဖစ္ေနၿပီး ႏိုင္ငံ ၃ ႏိုင္ငံမွာသာ အ႐ိုင္းပိုးအေနနဲ႔ ကူးစက္ေနတာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ပိုလီယိုအ႐ိုင္းပိုးကို ၂၀၀၇ ခုႏွစ္နဲ႔ အသြင္ေျပာင္း ပိုလီယိုပိုးကို ၂၀၁၅ မွာ ေနာက္ဆုံးေတြ႕ရွိခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ပိုလီပိုကင္းစင္တဲ့ ႏိုင္ငံအေနနဲ႔ ေၾကညာခဲ့ပါတယ္။ ေက်ာ္စိုးမိုး

A d v e r t i s e m e n t With Us

More News
Up