Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး တရက် ဒေါ်လာ ၆ သန်းဖိုးခန့် နစ်နာ
ဇေယျာချမ်းအေး
·
August 24, 2019
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းပြီး တရက်ကို အမေရိကန်ဒေါ်လာ ၆ သန်းဖိုးလောက် နစ်နာနေတယ်လို့ စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ရှမ်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်နေ့ကစပြီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။  တိုက်ပွဲတွေကြောင့် လားရှိုးမူဆယ်၊ လားရှိုးချင်းရွှေဟော်လမ်းကြောင်းကနေ နယ်စပ်ကို အပြန်အလှန် တင်ပို့နေတဲ့ ပို့ကုန်သွင်းကုန်လမ်းကြောင်းတွေအားလုံး ရပ်ဆိုင်းနေပါတယ်။  တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့တာကြောင့် တရက်ကို ကန်ဒေါ်လာ ခြောက်သန်းတန်ဖိုးလောက် နစ်နာနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က သြဂုတ်လ ၂၄ ရက်နေ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။ “ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ကြည့်မယ်ဆိုရင် ကယားပြည်နယ် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်မှု ဆက်သွယ်ရေးလမ်းကြောင်းမှာ ပြတ်တောက်သွားတဲ့အနေအထား ရှိပါတယ်။ မူဆယ် ၁၀၅-မိုင် ကုန်သွယ်ရေးဇုန်မှာ တရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆ သန်းဖိုးလောက် ဆောင်ရွက်နိုင်ပါတယ်။” တရုတ်ပြည်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဟာ ရန်ကုန်၊ မန္တလေးကုန်စည်တွေနဲ့ တိုက်ရိုက်ဆုံမှတ် ဖြစ်နေတာကြောင့် အမြန်ဆုံး ပုံမှန်ပြန်ဖြစ်အောင် ပြည်ထောင်စုအစိုးရနဲ့ တိုင်ပင်ပြီး အဖြေရှာနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ “မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မူဆယ်၊ လာရှိုး၊ မန္တလေးဘက်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးကိစ္စတွေကြောင့် ဖြစ်ပေါ်လာတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ရှိပါတယ်။ ဒီအခြေအနေတွေရဲ့ စီးဆင်းမှုတွေရဲ့ ဆုံချက်ဟာ ရန်ကုန်မြို့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရဘက်ကိုလည်း ဒီအခြေအနေတွေကို တင်ပြပြီး ပြည်ထောင်စုအစိုးရဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေ ရှိပါတယ်။ ဒီအတွက်လည်း ပြည်ထောင်စုအစိုးရဘက်က နိုင်ငံတော် လုံခြုံရေးနဲ့ ယှဉ်တွဲပြီး ဒီကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ ဆက်လက်စီစဉ်နေတယ် ဆိုတာကိုလည်း ကြားသိရပါတယ်။” လတ်တလော တိုက်ပွဲတွေကြောင့် လမ်းတံတားတွေ ပျက်စီးတာကို အစိုးရက အမြန်ဆုံး ပြန်လည်ပြင်ဆင်နေပြီး ကုန်သွယ်ရေး ပြန်အသက်ဝင်လာအောင် ကြိုးစားနေတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုပါတယ်။  အဲဒါအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက တရားမဝင်ကုန်သွယ်ရေး လုပ်နေတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ “တပ်မတော်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အားကြိုးမာန်တက် လုပ်တာ ၅ ရက်အတွင်းမှာ ပြန်ပြီး ဘေလီတံတားအနေနဲ့ ထိုးတာ။ ခါတိုင်းလို ခံနိုင်အားက ကုန်ကားကြီးတွေ ဖြတ်နိုင်တဲ့ အနေအထားက မရှိတော့ လစ်မစ်နဲ့ ဖြတ်နေရတော့ အကျပ်အတည်း နည်းနည်းရှိတာ ဖြစ်ပါတယ်။” ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာအပြင် လမ်းတံတားကျိုးပျက်တာတွေကြောင့် ဒေသခံတွေရဲ့ လူမှုရေးဘဝကိုပါ ဆိုးကျိုးတွေ သက်ရောက်နေတာပါ။ ဒါတွေကို အမြန်ဆုံး ကုစားနိုင်ဖို့ ကြိုးစားနေတယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္ေရး တရက္ ေဒၚလာ ၆ သန္းဖိုးခန႔္ နစ္နာ ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းေတြရပ္ဆိုင္းၿပီး တရက္ကို အေမရိကန္ေဒၚလာ ၆ သန္းဖိုးေလာက္ နစ္နာေနတယ္လို႔ စီးပြားကူးသန္းျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။ ရွမ္ျပည္နယ္ေျမာက္ပိုင္းမွာ ၾသဂုတ္ ၁၅ ရက္ေန႔ကစၿပီး တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕တို႔ ထိေတြ႕ တိုက္ပြဲေတြ ျဖစ္ေနတာပါ။ တိုက္ပြဲေတြေၾကာင့္ လားရႈိးမူဆယ္၊ လားရႈိးခ်င္းေ႐ႊေဟာ္လမ္းေၾကာင္းကေန နယ္စပ္ကို အျပန္အလွန္ တင္ပို႔ေနတဲ့ ပို႔ကုန္သြင္းကုန္လမ္းေၾကာင္းေတြအားလုံး ရပ္ဆိုင္းေနပါတယ္။ တ႐ုတ္နယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္ဆို႔တာေၾကာင့္ တရက္ကို ကန္ေဒၚလာ ေျခာက္သန္းတန္ဖိုးေလာက္ နစ္နာေနတယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ၾသဂုတ္လ ၂၄ ရက္ေန႔ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာပါတယ္။ “ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျဖစ္ေပၚေနတဲ့ ပဋိပကၡေတြနဲ႔ ၾကည့္မယ္ဆိုရင္ ကယားျပည္နယ္ ကုန္သြယ္ေရးဇုန္နဲ႔ ခ်င္းေ႐ႊေဟာ္ကုန္သြယ္မႈ ဆက္သြယ္ေရးလမ္းေၾကာင္းမွာ ျပတ္ေတာက္သြားတဲ့အေနအထား ရွိပါတယ္။ မူဆယ္ ၁၀၅-မိုင္ ကုန္သြယ္ေရးဇုန္မွာ တရက္ကို ပ်မ္းမွ် အေမရိကန္ေဒၚလာ ၆ သန္းဖိုးေလာက္ ေဆာင္႐ြက္ႏိုင္ပါတယ္။” တ႐ုတ္ျပည္နယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္းဟာ ရန္ကုန္၊ မႏၲေလးကုန္စည္ေတြနဲ႔ တိုက္႐ိုက္ဆုံမွတ္ ျဖစ္ေနတာေၾကာင့္ အျမန္ဆုံး ပုံမွန္ျပန္ျဖစ္ေအာင္ ျပည္ေထာင္စုအစိုးရနဲ႔ တိုင္ပင္ၿပီး အေျဖရွာေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။ “ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မူဆယ္၊ လာရႈိး၊ မႏၲေလးဘက္မွာ ျဖစ္ေပၚေနတဲ့ စစ္ေရးကိစၥေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ လမ္းပန္းဆက္သြယ္ေရး အေျခအေနေတြ ရွိပါတယ္။ ဒီအေျခအေနေတြရဲ႕ စီးဆင္းမႈေတြရဲ႕ ဆုံခ်က္ဟာ ရန္ကုန္ၿမိဳ႕မွာ ျဖစ္ပါတယ္။ ျပည္ေထာင္စုအစိုးရဘက္ကိုလည္း ဒီအေျခအေနေတြကို တင္ျပၿပီး ျပည္ေထာင္စုအစိုးရဘက္က ေဆာင္႐ြက္ေပးႏိုင္မယ့္ အေျခအေနေတြ ရွိပါတယ္။ ဒီအတြက္လည္း ျပည္ေထာင္စုအစိုးရဘက္က ႏိုင္ငံေတာ္ လုံၿခဳံေရးနဲ႔ ယွဥ္တြဲၿပီး ဒီကိစၥရပ္ေတြကို ေဆာင္႐ြက္ဖို႔ ဆက္လက္စီစဥ္ေနတယ္ ဆိုတာကိုလည္း ၾကားသိရပါတယ္။” လတ္တေလာ တိုက္ပြဲေတြေၾကာင့္ လမ္းတံတားေတြ ပ်က္စီးတာကို အစိုးရက အျမန္ဆုံး ျပန္လည္ျပင္ဆင္ေနၿပီး ကုန္သြယ္ေရး ျပန္အသက္ဝင္လာေအာင္ ႀကိဳးစားေနတယ္လို႔ ဒုတိယသမၼတ ဦးျမင့္ေဆြက ဆိုပါတယ္။ အဲဒါအျပင္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းက တရားမဝင္ကုန္သြယ္ေရး လုပ္ေနတဲ့သူေတြကိုလည္း ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ ဒုတိယသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။ “တပ္မေတာ္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ အားႀကိဳးမာန္တက္ လုပ္တာ ၅ ရက္အတြင္းမွာ ျပန္ၿပီး ေဘလီတံတားအေနနဲ႔ ထိုးတာ။ ခါတိုင္းလို ခံႏိုင္အားက ကုန္ကားႀကီးေတြ ျဖတ္ႏိုင္တဲ့ အေနအထားက မရွိေတာ့ လစ္မစ္နဲ႔ ျဖတ္ေနရေတာ့ အက်ပ္အတည္း နည္းနည္းရွိတာ ျဖစ္ပါတယ္။” ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ကုန္သြယ္ေရးလုပ္ငန္းေတြ ရပ္ဆိုင္းတာအျပင္ လမ္းတံတားက်ိဳးပ်က္တာေတြေၾကာင့္ ေဒသခံေတြရဲ႕ လူမႈေရးဘဝကိုပါ ဆိုးက်ိဳးေတြ သက္ေရာက္ေနတာပါ။ ဒါေတြကို အျမန္ဆုံး ကုစားႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ အစိုးရအဖြဲ႕ တာဝန္ရွိသူေတြက ဆိုပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024