အိန္ဒိယအစိုးရကို ကတ်ရှ်မီးဒေသခံ ထောင်ချီဆန္ဒပြ

ကတ်ရှ်မီးဒေသ အထူးအုပ်ချုပ်ခွင့် အဆင့်အတန်း ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး  သြဂုတ် ၂၃ ရက်နေ့က ဆရင်နာဂါမြို့မှာ ဒေသခံထောင်ချီ အိန္ဒိယအစိုးရကို ဆန္ဒပြခဲ့ပါတယ်။      ဆရင်နာဂါမြို့က လူနေထူထပ်တဲ့ ဆူရာလမ်းပေါ်မှာ ဆန္ဒပြသူတွေနဲ့ ပြည့်နေပြီး ဆန္ဒပြသူတွေက လွတ်လပ်ရေးအတွက်  ဆက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။  ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဆရင်နာဂါမြို့  နေရာတချို့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး   လူပေါင်း ရာချီပါဝင်ခဲ့ပါတယ်။  လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်သုံး ဖြိုခွင်းတာကြောင့် ၁၅၂ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့  ဆေးရုံ နှစ်ရုံ အချက်အလက်တွေအရ သိရပါတယ်။  ဆူရာဒေသခံတဦးက သူတို့က ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုပေမယ့် အိန္ဒိယ အစိုးရဟာ  ကတ်ရှ်မီးယားဒေသမှာ စစ်တပ်တွေ လာချခဲ့ထားတယ်လို့ ဆိုပါတယ်။  အိန္ဒိယအစိုးရက သူတို့အပေါ် ဖိနှိပ်နေပြီး ကတ်ရှ်မီးယားဒေသခံတွေက စစ်တပ်ကို ဘယ်တော့မှ ဒူးထောက်သွားမှာ မဟုတ်ဘူးလို့ ဆူရာဒေသခံက  ပြောခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အိႏၵိယအစိုးရကို ကတ္ရွ္မီးေဒသခံ ေထာင္ခ်ီဆႏၵျပ ကတ္ရွ္မီးေဒသ အထူးအုပ္ခ်ဳပ္ခြင့္ အဆင့္အတန္း ႐ုပ္သိမ္းလိုက္တာနဲ႔ ပတ္သက္ၿပီး  ၾသဂုတ္ ၂၃ ရက္ေန႔က ဆရင္နာဂါၿမိဳ႕မွာ ေဒသခံေထာင္ခ်ီ အိႏၵိယအစိုးရကို ဆႏၵျပခဲ့ပါတယ္။ ဆရင္နာဂါၿမိဳ႕က လူေနထူထပ္တဲ့ ဆူရာလမ္းေပၚမွာ ဆႏၵျပသူေတြနဲ႔ ျပည့္ေနၿပီး ဆႏၵျပသူေတြက လြတ္လပ္ေရးအတြက္  ဆက္တိုက္ပြဲဝင္သြားမယ္လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ပတ္အတြင္း ဆရင္နာဂါၿမိဳ႕  ေနရာတခ်ိဳ႕မွာ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး   လူေပါင္း ရာခ်ီပါဝင္ခဲ့ပါတယ္။ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယိုဓာတ္ေငြ႕၊ ရာဘာက်ည္သုံး ၿဖိဳခြင္းတာေၾကာင့္ ၁၅၂ ေယာက္ထက္မနည္း ဒဏ္ရာရတယ္လို႔  ေဆး႐ုံ ႏွစ္႐ုံ အခ်က္အလက္ေတြအရ သိရပါတယ္။ ဆူရာေဒသခံတဦးက သူတို႔က ျပႆနာကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းလိုေပမယ့္ အိႏၵိယ အစိုးရဟာ  ကတ္ရွ္မီးယားေဒသမွာ စစ္တပ္ေတြ လာခ်ခဲ့ထားတယ္လို႔ ဆိုပါတယ္။ အိႏၵိယအစိုးရက သူတို႔အေပၚ ဖိႏွိပ္ေနၿပီး ကတ္ရွ္မီးယားေဒသခံေတြက စစ္တပ္ကို ဘယ္ေတာ့မွ ဒူးေထာက္သြားမွာ မဟုတ္ဘူးလို႔ ဆူရာေဒသခံက  ေျပာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up