တရားမဝင် လာရောက်သူများကို ပြန်ပို့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

(Picture: Reuters/Getty)
ပြင်သစ်ကနေ ရေလက်ကြားကို ဖြတ်ပြီး ဗြိတိန်ဆီ တရားမဝင် လာရောက်မယ့် ရွှေ့ပြောင်းသူတွေကို  ဗြိတိန်က ပြန်ပို့သွားမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သြဂုတ် ၂၃ ရက်နေ့မှာ ပြောပါတယ်။  အင်္ဂလန် ကမ်းလွန်တောင်ပိုင်းမှာ ရွှေ့ပြောင်းလာသူ လှေတစီးကို အာဏာပိုင်တွေ ဖမ်းဆီးပြီးနောက် တရားမဝင် ဝင်လာသူတွေကို ဘယ်လို သတင်းစကားပေးချင်လဲလို့ မေးရာမှာ ဝန်ကြီးချုပ်   ဂျွန်ဆင်က ပြန်ပို့သွားမယ်လို့ ပြောခဲ့တာပါ။   “ဗြိတိန်ကို  တံခါးမရှိ၊ ဓားမရှိ   ဝင်လာပြီး ဥပဒေချိုးဖောက်လို့ရတဲ့ နေရာလို့  သဘောမထားသင့်ဘူး” လို့ ဘောရစ်ဂျွန်ဆင်က ပြောခဲ့ပါတယ်။  နောက်ပြီး  ဗြိတိန်ရာသီဥတု အခြေအနေက  လက်ရှိမှာ ကောင်းနေပေမယ့် အဲဒီလိုလှေနဲ့ ဝင်လာတာဟာ အလွန်အန္တရာယ်များတယ်လို့ ဝင်လာသူတွေကို သူက သတိပေးလိုက်ပါတယ်။  အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ဗြိတိန်ဆီ တရားမဝင်  လာဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းလာသူ အရေအတွက် များလာတာဟာ ကြီးမားတဲ့ ပြဿနာဖြစ်တယ်လို့  ဗြိတိန် ပြည်ထဲရေးဝန်ကြီး ဆာဂျစ်-ဂျာဗစ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_Version တရားမဝင္ လာေရာက္သူမ်ားကို ျပန္ပို႔မည္ဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေျပာ ျပင္သစ္ကေန ေရလက္ၾကားျဖတ္ကိုၿပီး ၿဗိတိန္ဆီ တရားမဝင္ လာေရာက္မယ့္ ေ႐ႊ႕ေျပာင္းသူေတြကို  ၿဗိတိန္က ျပန္ပို႔သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ၾသဂုတ္ ၂၃ ရက္ေန႔မွာ ေျပာပါတယ္။ အဂၤလန္ ကမ္းလြန္ေတာင္ပိုင္းမွာ ေ႐ႊ႕ေျပာင္းလာသူ ေလွတစီးကို အာဏာပိုင္ေတြ ဖမ္းဆီးၿပီးေနာက္ တရားမဝင္ ဝင္လာသူေတြကို ဘယ္လို သတင္းစကားေပးခ်င္လဲလို႔ ေမးရာမွာ ဝန္ႀကီးခ်ဳပ္   ဂြၽန္ဆင္က ျပန္ပို႔သြားမယ္လို႔ ေျပာခဲ့တာပါ။ “ၿဗိတိန္ကို  တံခါးမရွိ၊ ဓားမရွိ   ဝင္လာၿပီး ဥပေဒခ်ိဳးေဖာက္လို႔ရတဲ့ ေနရာလို႔  သေဘာမထားသင့္ဘူး” လို႔ ေဘာရစ္ဂြၽန္ဆင္က ေျပာခဲ့ပါတယ္။ ေနာက္ၿပီး  ၿဗိတိန္ရာသီဥတု အေျခအေနက  လက္ရွိမွာ ေကာင္းေနေပမယ့္ အဲဒီလိုေလွနဲ႔ ဝင္လာတာဟာ အလြန္အႏၲရာယ္မ်ားတယ္လို႔ ဝင္လာသူေတြကို သူက သတိေပးလိုက္ပါတယ္။ အဂၤလိပ္ေရလက္ၾကားကို ျဖတ္ၿပီး ၿဗိတိန္ဆီ တရားမဝင္  လာဖို႔ ႀကိဳးပမ္းတဲ့ ေ႐ႊ႕ေျပာင္းလာသူ အေရအတြက္ မ်ားလာတာဟာ ႀကီးမားတဲ့ ျပႆနာျဖစ္တယ္လို႔  ၿဗိတိန္ ျပည္ထဲေရးဝန္ႀကီး ဆာဂ်စ္-ဂ်ာဗစ္က ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ေျပာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up