သုံးလနီးပါးခြားပြီးမှ မွေးဖွားလာသည့် အမြွာကလေးငယ် နှစ်ဦး

အမြွှာကလေးငယ် နှစ်ဦးကို ၁၁ ပတ်ကျော်ခြားပြီး မွေးဖွားခဲ့တဲ့ ကာဇတ်စတန်နိုင်ငံက အမျိုးသမီးတဦးရဲ့ ဖြစ်ရပ်က ဆရာဝန်တွေကို အံ့သြမှင်တက်သွားစေတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ရှားပါးလွန်းတဲ့ ဖြစ်စဉ်တခုဖြစ်ပြီး လူသန်း ၅၀ မှာမှ တယောက်သာ ကြုံနိုင်တဲ့ အနေအထားပါ။
ဒီကလေးငယ်တွေရဲ့ မိခင်ဟာ လီလီယာ ကိုနိုဗာလိုဗာ ဆိုသူ ဖြစ်ပြီး သူမဟာ ကာဇတ်စတန်နိုင်ငံမြောက်ပိုင်း အူးရက်မြို့မှာ နေထိုင်သူပါ။
လီလီယာဟာ uterus didelphys လို့ခေါ်တဲ့ ရှားပါးဖြစ်စဉ်တခုနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပြီး သူမမှာ သားအိမ်က နှစ်ခု ဖြစ်နေတာပါ။
ဒီအခြေအနေကို ပထမဆုံး ကိုယ်ဝန်ဆောင်စဉ် လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက သိရှိထားတာ ဖြစ်ပြီး ပထမကိုယ်ဝန်ကိုတော့ အဆင်ပြေ ချောမောစွာ မွေးဖွားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယကိုယ်ဝန်မှာကျတော့ ရှုပ်ထွေးမှုတွေ ရှိခဲ့ပြီး အမြွှာလေးတွေ ဖြစ်နေတာကြောင့် တယောက်ကို သားအိမ်တခုဆီမှာ သန္ဓေတည်နေခဲ့တာပါ။
မေ ၂၄ ရက်နေ့မှာတော့ လီလီယာဟာ ကိုယ်ဝန် ၂၅ ပတ်သာ ရှိသေးပေမယ့် အမြွှာလေး နှစ်ဦးထဲက မိန်းကလေးဖြစ်သူကို အချိန်မတန်ခင် မွေးဖွားခဲ့ပါတယ်။
မွေးချိန်မှာ ဒီကလေးလေးဟာ ၈၅၀ ဂရမ်သာရှိခဲ့ပြီး သူမကို အထူးကြပ်မတ်ဆောင်မှာ ရက်ပေါင်းများစွာ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ ဒါပေမဲ့ တခြားသားအိမ်တခုမှာ ရှိနေတဲ့ ကလေးလေးကတော့ သြဂုတ်လ ၉ ရက်နေ့ ရောက်မှပဲ ပုံမှန်အတိုင်း မွေးဖွားခဲ့ပါတယ်။
ဒါ့ကြောင့် သူတို့ အမြွှာမောင်နှမကြားမှာ ကွာဟမှုက သုံးလနီးပါးဖြစ်နေပြီး ဒီဖြစ်စဉ်ဟာ ဆေးပညာလောကကို အံ့သြစေခဲ့ပါတယ်။
လီလီယာရဲ့ ဖြစ်စဉ်ဟာ ကာဇတ်စတန်နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အရင်တုန်းက ခြားပြီးမွေးဖွားတဲ့ အမြွှာတွေ ရှိခဲ့ဖူးပေမယ့် လီလီယာလိုမျိုး ၁၁ ပတ်ခြားပြီးမှ မွေးဖွားတဲ့ ဖြစ်စဉ်မျိုးတော့ မရှိခဲ့ဖူးဘူးလို့ OC သတင်းမှာ ဩဂုတ် ၂၀ ရက်နေ့က ဖော်ပြထားပါတယ်။
Ref: OC
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
သုံးလနီးပါးျခားၿပီးမွ ေမြးဖြားလာသည့္ အႁမြာကေလးငယ္ ႏွစ္ဦး
အႁမႊာကေလးငယ္ ႏွစ္ဦးကို ၁၁ ပတ္ေက်ာ္ျခားၿပီး ေမြးဖြားခဲ့တဲ့ ကာဇတ္စတန္ႏိုင္ငံက အမ်ိဳးသမီးတဦးရဲ႕ ျဖစ္ရပ္က ဆရာဝန္ေတြကို အံ့ၾသမွင္တက္သြားေစတယ္လို႔ OC သတင္းမွာ ေဖာ္ျပပါတယ္။
ဒါဟာ ရွားပါးလြန္းတဲ့ ျဖစ္စဥ္တခုျဖစ္ၿပီး လူသန္း ၅၀ မွာမွ တေယာက္သာ ႀကဳံႏိုင္တဲ့ အေနအထားပါ။
ဒီကေလးငယ္ေတြရဲ႕ မိခင္ဟာ လီလီယာ ကိုႏိုဗာလိုဗာ ဆိုသူ ျဖစ္ၿပီး သူမဟာ ကာဇတ္စတန္ႏိုင္ငံေျမာက္ပိုင္း အူးရက္ၿမိဳ႕မွာ ေနထိုင္သူပါ။
လီလီယာဟာ uterus didelphys လို႔ေခၚတဲ့ ရွားပါးျဖစ္စဥ္တခုနဲ႔ ရင္ဆိုင္ေနရသူ ျဖစ္ၿပီး သူမမွာ သားအိမ္က ႏွစ္ခု ျဖစ္ေနတာပါ။
ဒီအေျခအေနကို ပထမဆုံး ကိုယ္ဝန္ေဆာင္စဥ္ လြန္ခဲ့တဲ့ ၇ ႏွစ္ကတည္းက သိရွိထားတာ ျဖစ္ၿပီး ပထမကိုယ္ဝန္ကိုေတာ့ အဆင္ေျပ ေခ်ာေမာစြာ ေမြးဖြားႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ဒုတိယကိုယ္ဝန္မွာက်ေတာ့ ရႈပ္ေထြးမႈေတြ ရွိခဲ့ၿပီး အႁမႊာေလးေတြ ျဖစ္ေနတာေၾကာင့္ တေယာက္ကို သားအိမ္တခုဆီမွာ သေႏၶတည္ေနခဲ့တာပါ။
ေမ ၂၄ ရက္ေန႔မွာေတာ့ လီလီယာဟာ ကိုယ္ဝန္ ၂၅ ပတ္သာ ရွိေသးေပမယ့္ အႁမႊာေလး ႏွစ္ဦးထဲက မိန္းကေလးျဖစ္သူကို အခ်ိန္မတန္ခင္ ေမြးဖြားခဲ့ပါတယ္။
ေမြးခ်ိန္မွာ ဒီကေလးေလးဟာ ၈၅၀ ဂရမ္သာရွိခဲ့ၿပီး သူမကို အထူးၾကပ္မတ္ေဆာင္မွာ ရက္ေပါင္းမ်ားစြာ အနီးကပ္ ျပဳစုေစာင့္ေရွာက္ခဲ့ရပါတယ္။ ဒါေပမဲ့ တျခားသားအိမ္တခုမွာ ရွိေနတဲ့ ကေလးေလးကေတာ့ ၾသဂုတ္လ ၉ ရက္ေန႔ ေရာက္မွပဲ ပုံမွန္အတိုင္း ေမြးဖြားခဲ့ပါတယ္။
ဒါ့ေၾကာင့္ သူတို႔ အႁမႊာေမာင္ႏွမၾကားမွာ ကြာဟမႈက သုံးလနီးပါးျဖစ္ေနၿပီး ဒီျဖစ္စဥ္ဟာ ေဆးပညာေလာကကို အံ့ၾသေစခဲ့ပါတယ္။
လီလီယာရဲ႕ ျဖစ္စဥ္ဟာ ကာဇတ္စတန္ႏိုင္ငံရဲ႕ သမိုင္းမွာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။ အရင္တုန္းက ျခားၿပီးေမြးဖြားတဲ့ အႁမႊာေတြ ရွိခဲ့ဖူးေပမယ့္ လီလီယာလိုမ်ိဳး ၁၁ ပတ္ျခားၿပီးမွ ေမြးဖြားတဲ့ ျဖစ္စဥ္မ်ိဳးေတာ့ မရွိခဲ့ဖူးဘူးလို႔ OC သတင္းမွာ ဩဂုတ္ ၂၀ ရက္ေန႔က ေဖာ္ျပထားပါတယ္။
Ref: OC