A d v e r t i s e m e n t With Us

ဥရောပအကြီးဆုံး ဗလီဝတ်ကျောင်း ဖွင့်လှစ်

Yelena Afonina / TASS
ဥရောပအကြီးဆုံး ဗလီဝတ်ကျောင်းကို သြဂုတ်လ ၂၃ ရက်နေ့က  ရုရှား ချေချင်းညာဒေသ မှာ ဖွင့်လှစ်ခဲ့ပါတယ်။  မွတ်စလင်တို့ရဲ့ ကျက်သရေဆောင်လို့ နာမည်ပေးထားတဲ့ အဲဒီဗလီဝတ်ကျောင်းကို  အတွင်းရော အပြင်မှာပါ စကျင်ကျောက်ဖြူနဲ့ အလှဆင်ထားပါတယ်။  နောက်ပြီး  ရွှေသားစစ်စစ်နဲ့ ရေးဆွဲထားတဲ့ ပန်းချီတွေနဲ့  ဗလီတွင်းမှာ ကြာပန်းသဏ္ဌာန် မီးဆိုင်းကြီးကိုလည်း  ထားရှိပါတယ်။ လူ ၃ သောင်းကျော် ဝတ်ပြုနိုင်တဲ့ ဒီဗလီကြီးဟာ  ဥရောပမှာ အကြီးဆုံးနဲ့ အလှဆုံး ဖြစ်တယ်လို့ ချေချင်းညာသမ္မတ  ရမ်ဆမ် ကက်ဒရော့က ဆိုပါတယ်။  ဗလီကျောင်းတော်ဖွင့်ပွဲမှာ ချေချင်းညာသမ္မတက သူ ကွယ်လွန်တဲ့အခါမှာလည်း  ဗလီဝတ်ကျောင်းငယ်တခု တည်ဆောက်ပေးဖို့ ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။  အဆိုပါ ဗလီဝတ်ကျောင်းဟာ ဒေသဆိုင်ရာ မြို့တော်  ဂရော့ဇနီရဲ့ အပြင်ဘက် ရှာလီမြို့မှာ တည်ရှိပြီး  တည်ဆောက်ချိန် ၇ နှစ် ကြာမြင့်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဥေရာပအႀကီးဆုံး ဗလီဝတ္ေက်ာင္း ဖြင့္လွစ္ ဥေရာပအႀကီးဆုံး ဗလီဝတ္ေက်ာင္းကို ၾသဂုတ္လ ၂၃ ရက္ေန႔က  ႐ုရွား ေခ်ခ်င္းညာေဒသ မွာ ဖြင့္လွစ္ခဲ့ပါတယ္။ မြတ္စလင္တို႔ရဲ႕ က်က္သေရေဆာင္လို႔ နာမည္ေပးထားတဲ့ အဲဒီဗလီဝတ္ေက်ာင္းကို  အတြင္းေရာ အျပင္မွာပါ စက်င္ေက်ာက္ျဖဴနဲ႔ အလွဆင္ထားပါတယ္။ ေနာက္ၿပီး  ေ႐ႊသားစစ္စစ္နဲ႔ ေရးဆြဲထားတဲ့ ပန္းခ်ီေတြနဲ႔  ဗလီတြင္းမွာ ၾကာပန္းသဏၭာန္ မီးဆိုင္းႀကီးကိုလည္း  ထားရွိပါတယ္။ လူ ၃ ေသာင္းေက်ာ္ ဝတ္ျပဳႏိုင္တဲ့ ဒီဗလီႀကီးဟာ  ဥေရာပမွာ အႀကီးဆုံးနဲ႔ အလွဆုံး ျဖစ္တယ္လို႔ ေခ်ခ်င္းညာသမၼတ  ရမ္ဆမ္ ကက္ဒေရာ့က ဆိုပါတယ္။ ဗလီေက်ာင္းေတာ္ဖြင့္ပြဲမွာ ေခ်ခ်င္းညာသမၼတက သူ ကြယ္လြန္တဲ့အခါမွာလည္း  ဗလီဝတ္ေက်ာင္းငယ္တခု တည္ေဆာက္ေပးဖို႔ ျပည္သူေတြကို ေတာင္းဆိုခဲ့ပါတယ္။ အဆိုပါ ဗလီဝတ္ေက်ာင္းဟာ ေဒသဆိုင္ရာ ၿမိဳ႕ေတာ္  ဂေရာ့ဇနီရဲ႕ အျပင္ဘက္ ရွာလီၿမိဳ႕မွာ တည္ရွိၿပီး  တည္ေဆာက္ခ်ိန္ ၇ ႏွစ္ ၾကာျမင့္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up