အမိမြေ ဘရာဇီးတွင် ခြေစွမ်းပြနေသည့် အဲလ်ဗက်စ်

ကလပ်အသင်းတိုင်းနဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ကစားသမားဘဝ ဆုဖလား ၄၀ ကျော် ရရှိထားခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်ဟာ မိခင်မြေ ဘရာဇီးလ်ကို ပြန်ရောက်ချိန်မှာလည်း ခြေစွမ်းတွေ ပြနေပါတယ်။
အဲလ်ဗက်စ်ဟာ ဆီအာရာအသင်းကို တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဆာပိုလိုအသင်းရဲ့ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲလ်ဗက်စ်ဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် ဥရောပကလပ်အသင်းကြီး အတော်များများက ခေါ်ယူလိုပေမယ့် ဘရာဇီးလ်ကိုသာ ပြန်ခဲ့ပြီး ဆာပိုလိုအသင်းမှာ ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ပွဲတပွဲလုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၃၆ နှစ်အရွယ် ရှိနေပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေဆဲ ကစားသမားတဦး ဖြစ်သလို အတွေ့အကြုံနဲ့ အရည်အသွေးပိုင်း ပြည့်ဝနေလို့ ဘရာဇီးလ်မှာလည်း အောင်မြင်မှုရရှိနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အမိေျမ ဘရာဇီးတြင္ ေျခစြမ္းျပေနသည့္ အဲလ္ဗက္စ္
ကလပ္အသင္းတိုင္းနဲ႔ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ကစားသမားဘဝ ဆုဖလား ၄၀ ေက်ာ္ ရရွိထားခဲ့တဲ့ ဘာစီလိုနာ ေနာက္ခံလူေဟာင္း ဒန္နီအဲလ္ဗက္စ္ဟာ မိခင္ေျမ ဘရာဇီးလ္ကို ျပန္ေရာက္ခ်ိန္မွာလည္း ေျခစြမ္းေတြ ျပေနပါတယ္။
အဲလ္ဗက္စ္ဟာ ဆီအာရာအသင္းကို တဂိုးဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ဆာပိုလိုအသင္းရဲ႕ တလုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
အဲလ္ဗက္စ္ဟာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာလာခဲ့ၿပီးေနာက္ ဥေရာပကလပ္အသင္းႀကီး အေတာ္မ်ားမ်ားက ေခၚယူလိုေပမယ့္ ဘရာဇီးလ္ကိုသာ ျပန္ခဲ့ၿပီး ဆာပိုလိုအသင္းမွာ ကစားဖို႔ ဆုံးျဖတ္ခဲ့တာပါ။
အဲလ္ဗက္စ္ဟာ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို ပြဲတပြဲလုံးရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိေနေပမယ့္ ႀကံ့ခိုင္မႈျပည့္ဝေနဆဲ ကစားသမားတဦး ျဖစ္သလို အေတြ႕အႀကဳံနဲ႔ အရည္အေသြးပိုင္း ျပည့္ဝေနလို႔ ဘရာဇီးလ္မွာလည္း ေအာင္ျမင္မႈရရွိႏိုင္မယ္လို႔ သုံးသပ္ေနၾကပါတယ္။