တရုတ်တင်သွင်းကုန်အပေါ် ၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု အမေရိကန်သမ္မတပြော

1.2K
အမေရိကန် တင်ပို့ကုန်တွေအပေါ် တရုတ်က အခွန်စည်းကြပ်မှာကို တုံ့ပြန်ပြီး တရုတ် တင်သွင်းကုန်တွေအပေါ် ထပ်တိုးသွင်းကုန်ခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန် ဒေါ်လာ ၇၅ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံရဲ့ တင်ပို့ကုန်တွေအပေါ် သွင်းကုန်ခွန် စည်းကြပ်မယ်လို့ ပြောလိုက်တာပါ။
အဲဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ သမ္မတထရမ့်က ဆိုပြီး တရုတ်သွင်းကုန်တွေအပေါ် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်း ထပ်တိုးမယ်လို့ သူက ဆိုပါတယ်။
သမ္မတ ထရမ့်က တွစ်တာ စာမျက်နှာမှာ အရင်အမေရိကန် အစိုးရတွေက ခွင့်ပြုပေးခဲ့လို့ တရုတ်နဲ့ ကုန်သွယ်ရေးဟန်ချက် မညီဖြစ်ပြိး အမေရိကန် အခွန်ထမ်းတွေအဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်ရတယ် ဆိုပြီး ရေးခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
တ႐ုတ္ တင္သြင္းကုန္အေပၚ ၅ ရာခိုင္ႏႈန္း တိုးျမႇင့္မည္ဟု အေမရိကန္သမၼတေျပာ
အေမရိကန္ တင္ပို႔ကုန္ေတြအေပၚ တ႐ုတ္က အခြန္စည္းၾကပ္မွာကို တုံ႔ျပန္ၿပီး တ႐ုတ္ တင္သြင္းကုန္ေတြအေပၚ ထပ္တိုးသြင္းကုန္ခြန္ ၅ ရာခိုင္ႏႈန္း တိုးျမႇင့္မယ္လို႔ သမၼတ ေဒၚနယ္ထရမ့္က ၾသဂုတ္ ၂၃ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။
အေမရိကန္ ေဒၚလာ ၇၅ ဘီလ်ံ တန္ဖိုးရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ တင္ပို႔ကုန္ေတြအေပၚ သြင္းကုန္ခြန္ စည္းၾကပ္မယ္လို႔ ေျပာလိုက္တာပါ။
အဲဒါဟာ ႏိုင္ငံေရးအရ လႈံ႕ေဆာ္တာျဖစ္တယ္လို႔ သမၼတထရမ့္က ဆိုၿပီး တ႐ုတ္သြင္းကုန္ေတြအေပၚ သြင္းကုန္ခြန္ ၅ ရာခိုင္ႏႈန္း ထပ္တိုးမယ္လို႔ သူက ဆိုပါတယ္။
သမၼတ ထရမ့္က တြစ္တာ စာမ်က္ႏွာမွာ အရင္အေမရိကန္ အစိုးရေတြက ခြင့္ျပဳေပးခဲ့လို႔ တ႐ုတ္နဲ႔ ကုန္သြယ္ေရးဟန္ခ်က္ မညီျဖစ္ၿပိး အေမရိကန္ အခြန္ထမ္းေတြအဖို႔ ဝန္ထုပ္ဝန္ပိုး ျဖစ္ရတယ္ ဆိုၿပီး ေရးခဲ့ပါတယ္။