Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ရေးမြို့နယ် လမ်းတံတားများ အမြန်ပြုပြင်ပေးရန် တောင်းဆို
DVB
·
August 24, 2019
မွန်ပြည်နယ် ရေးမြို့နယ် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ကျေးရွာချင်းဆက် လမ်းတံတားတွေ ပျက်စီးသွားပြီး သွားလာရေး ခက်ခဲနေလို့ အမြန်ဆုံး ပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအတွက်ပါ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ ရှိလာတဲ့အတွက် လမ်းတံတား ပျက်စီးတာတွေကို ပြန်လည်ပြုပြင်တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ရေကြီး တောင်ပြိုတဲ့အထဲမှာ ရေး၊ ဘုရားသုံးဆူလမ်းပိုင်းရှိ မရမ်းတံတားချဉ်းကပ်လမ်း၊ ကင်းမွန်ကျေးရွာ အဝင်အထွက် တံတား၊ ချောင်းတောင် တောင်ဘက်ကမ်း ဒူလယ် ဝါဘော် တံတား အပါအဝင် ပေ ၁၀၀ အထက် တံတား  ၅ စင်းနဲ့ ပေ ၁၀၀ အောက် တံတား ၁ စင်းလည်း ပျက်စီးခဲ့ရပါတယ်။  ရေး-ဘုရားသုံးဆူ လမ်းပိုင်းရှိ နေရာ ၁၀ နေရာလောက်မှာ ပေပေါင်း ၁၈၀၀ ကျော် တောင်ပြိုကျမှု ဖြစ်ပွားခဲ့တာလို့ မြို့နယ် နတလ တာဝန်ရှိသူတဦးက  ပြောပါတယ်။  လမ်းတံတား ပျက်စီး ခန့်မှန်းကုန်ကျငွေမှာ ကျပ် သိန်းပေါင်း ၅၀၀၀ ကျော်လောက် ဖြစ်ပြီး ကျေးရွာချင်းဆက်လမ်းပိုင်း မြေပြိုမှုကို စတင်ဖယ်ရှားရှင်းလင်းနေပြီး ထိခိုက်ပျက်စီးတဲ့ တံတားတွေကိုတော့ အစိုးရထံ ဦးစားပေး အဆင့်သတ်မှတ်ပြီး ပြုပြင်နိုင်ရေး တင်ပြထားတယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေရႀကီးမႈေၾကာင့္ ပ်က္စီးခဲ့သည့္ ေရးၿမိဳ႕နယ္ လမ္းတံတားမ်ား အျမန္ျပဳျပင္ေပးရန္ ေတာင္းဆို မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ျမစ္ေရႀကီးမႈျဖစ္စဥ္ေၾကာင့္ ေက်း႐ြာခ်င္းဆက္ လမ္းတံတားေတြ ပ်က္စီးသြားၿပီး သြားလာေရး ခက္ခဲေနလို႔ အျမန္ဆုံး ျပဳျပင္ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုလိုက္ပါတယ္။ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရးအတြက္ပါ အခ်ိန္ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြ ရွိလာတဲ့အတြက္ လမ္းတံတား ပ်က္စီးတာေတြကို ျပန္လည္ျပဳျပင္တည္ေဆာက္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။ ေရႀကီး ေတာင္ၿပိဳတဲ့အထဲမွာ ေရး၊ ဘုရားသုံးဆူလမ္းပိုင္းရွိ မရမ္းတံတားခ်ဥ္းကပ္လမ္း၊ ကင္းမြန္ေက်း႐ြာ အဝင္အထြက္ တံတား၊ ေခ်ာင္းေတာင္ ေတာင္ဘက္ကမ္း ဒူလယ္ ဝါေဘာ္ တံတား အပါအဝင္ ေပ ၁၀၀ အထက္ တံတား  ၅ စင္းနဲ႔ ေပ ၁၀၀ ေအာက္ တံတား ၁ စင္းလည္း ပ်က္စီးခဲ့ရပါတယ္။ ေရး-ဘုရားသုံးဆူ လမ္းပိုင္းရွိ ေနရာ ၁၀ ေနရာေလာက္မွာ ေပေပါင္း ၁၈၀၀ ေက်ာ္ ေတာင္ၿပိဳက်မႈ ျဖစ္ပြားခဲ့တာလို႔ ၿမိဳ႕နယ္ နတလ တာဝန္ရွိသူတဦးက  ေျပာပါတယ္။ လမ္းတံတား ပ်က္စီး ခန႔္မွန္းကုန္က်ေငြမွာ က်ပ္ သိန္းေပါင္း ၅၀၀၀ ေက်ာ္ေလာက္ ျဖစ္ၿပီး ေက်း႐ြာခ်င္းဆက္လမ္းပိုင္း ေျမၿပိဳမႈကို စတင္ဖယ္ရွားရွင္းလင္းေနၿပီး ထိခိုက္ပ်က္စီးတဲ့ တံတားေတြကိုေတာ့ အစိုးရထံ ဦးစားေပး အဆင့္သတ္မွတ္ၿပီး ျပဳျပင္ႏိုင္ေရး တင္ျပထားတယ္လို႔ ဆိုပါတယ္။ ေနမ်ိဳးထြဋ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024