Home
မြန်မာသတင်း
ကျောက်ဖြူတွင် ဒေသတွင်း အလုပ်အကိုင် ဖန်တီးနိုင်ရန် အခြေခံလျှပ်စစ်သင်တန်း ပို့ချမည်
DVB
·
August 24, 2019
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတွေ ပေါ်ထွန်းလာစေဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခြေခံ လျှပ်စစ်သင်တန်းတခုကို ကျောက်ဖြူမြို့မှာ စက်တင်ဘာ ဒုတိယအပတ်ထဲ ဖွင့်လှစ်သင်ကြားပေးသွားဖို့ ရှိနေပါတယ်။  ပြည်နယ်အစိုးရအဖွဲ့နဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ လျှပ်စစ်သင်တန်းပို့ချပေးမှာလို့ ကျောက်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ခံ ဦးချမ်းမြေ့အောင် ပြောပါတယ်။  သင်တန်းသား ၅၀ ကို တလတာ သင်တန်းပို့ချမှာဖြစ်ကာ သြဂုတ် ၂၀ ရက်နေ့မှစတင်ပြီး လျှောက်လွှာတွေကို လျှောက်ထားနိုင်ပါတယ်။  သင်တန်းသားတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ နေထိုင်စရာတွေကို စီစဉ်ပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးရင် သင်တန်းဆင်းလက်မှတ်တွေ ထုတ်ပေးသွားမှာပါ။  ဒါ့အပြင် လျှပ်စစ်စစ်ဆေးရေးဌာန (EI) နဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်တွေ ဖြေဆိုလျှောက်ထားနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ကျောက်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကနေ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေက်ာက္ျဖဴတြင္ ေဒသတြင္း အလုပ္အကိုင္ ဖန္တီးႏိုင္ရန္ အေျခခံလွ်ပ္စစ္သင္တန္း ပို႔ခ်မည္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴခ႐ိုင္တြင္ လွ်ပ္စစ္ကြၽမ္းက်င္ဝန္ထမ္းေတြ ေပၚထြန္းလာေစဖို႔နဲ႔ အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးေပးႏိုင္ဖို႔ ရည္႐ြယ္ၿပီး အေျခခံ လွ်ပ္စစ္သင္တန္းတခုကို ေက်ာက္ျဖဴၿမိဳ႕မွာ စက္တင္ဘာ ဒုတိယအပတ္ထဲ ဖြင့္လွစ္သင္ၾကားေပးသြားဖို႔ ရွိေနပါတယ္။ ျပည္နယ္အစိုးရအဖြဲ႕နဲ႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနႏွင့္ စက္မႈဝန္ႀကီးဌာနတို႔ ပူးေပါင္းကာ လွ်ပ္စစ္သင္တန္းပို႔ခ်ေပးမွာလို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ လွ်ပ္စစ္အင္ဂ်င္နီယာ႐ုံး တာဝန္ခံ ဦးခ်မ္းေျမ့ေအာင္ ေျပာပါတယ္။ သင္တန္းသား ၅၀ ကို တလတာ သင္တန္းပို႔ခ်မွာျဖစ္ကာ ၾသဂုတ္ ၂၀ ရက္ေန႔မွစတင္ၿပီး ေလွ်ာက္လႊာေတြကို ေလွ်ာက္ထားႏိုင္ပါတယ္။ သင္တန္းသားေတြအတြက္ လိုအပ္တဲ့ သင္ေထာက္ကူပစၥည္းေတြနဲ႔ ေနထိုင္စရာေတြကို စီစဥ္ေပးသြားမွာျဖစ္ၿပီး သင္တန္းၿပီးဆုံးရင္ သင္တန္းဆင္းလက္မွတ္ေတြ ထုတ္ေပးသြားမွာပါ။ ဒါ့အျပင္ လွ်ပ္စစ္စစ္ေဆးေရးဌာန (EI) နဲ႔ ခ်ိတ္ဆက္ၿပီး လွ်ပ္စစ္ကြၽမ္းက်င္မႈဆိုင္ရာ လက္မွတ္ေတြ ေျဖဆိုေလွ်ာက္ထားႏိုင္ဖို႔ ကူညီေဆာင္႐ြက္ေပးသြားမယ္လို႔လည္း ေက်ာက္ျဖဴၿမိဳ႕နယ္ လွ်ပ္စစ္အင္ဂ်င္နီယာ႐ုံးကေန သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024