Home
မြန်မာသတင်း
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဝက်ဆိုက်ထုတ်လွှင့်
နော်နိုရင်း
·
August 24, 2019
ကယားပြနယ်အတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ KIC website (www.kic.gov.mm) ကို မနေ့က စတင် ထုတ်လွှင့်လိုက်တယ်။ လွိုင်ကော်မြို့ရှိ ခရိုင်စုပေါင်းရုံးမှာ အခမ်းအနားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာရှိတဲ့ နေရာတွအပြင် ဥပဒေနဲ့ နည်းပဒေတွေ လေ့လာနိုင်ဖို့ အခုလို ထုတ်လွှင့်လိုက်တာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားရေးမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ပြောပါတယ်။ “ကျမတို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်တဲ့ လုပ်ငန်းတရပ်အနေနဲ့ ဒီဝက်ဆိုက်ကို ထောင်တာ ဖြစ်တယ်။ ဒီဝက်ဆိုက်ကနေပြီးတော့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကလည်း ကယားပြည်နယ်မှာ ဒီဝက်ဆိုက်ကို ကြည့်ပြီး သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဝင်ကြည့်လို့ ရတယ်။ ဒီဥပဒေတွေကို ကြည့်လို့ရတယ်။ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို ကြည့်လို့ရတယ်။ မြန်မာ-အင်္ဂလိပ် ၂ ဘာသာနဲ့ ဖြစ်တဲ့အတွက် သူတို့လည်း အင်္ဂလိပ်ဘာသာနဲ့ ဝင်ရောက်ကြည့်ရှုနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာဖို့ ရည်ရွယ်ချက်နဲ့ မြှင့်တင်တဲ့နေရာမှာ ဒါတွေ ပါတာပေါ့နော်။” ဒီလို ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ သိခြင်းအားဖြင့် ဒေသခံတွေအနေနဲ့ လုပ်ငန်းကို တည်ထောင်နိုင်သလို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်လည်း ဒေသခံ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိကြမယ်လို့ ပြောပါတယ်။ ကယားပြည်နယ်မှာ လက်ရှိအချိန်ထိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၃ ခုရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက နယ်သာလန်နိုင်ငံက ဖြစ်ပါတယ်။ ကယားပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးကတော့ စိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးက ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဖြစ်ပြီး တတိယအများဆုံးကတော့ သတ္တုတူးဖော်တဲ့လုပ်ငန်း ဖြစ်တယ်လို့လည်း ဒေါ်မေမျိုးဇော်က ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကယားျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ႏိုင္ေရး ဝက္ဆိုက္ထုတ္လႊင့္ ကယားျပနယ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ႏိုင္ဖို႔ ရည္႐ြယ္ၿပီး ကယားျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီကေန KIC website (www.kic.gov.mm) ကို မေန႔က စတင္ ထုတ္လႊင့္လိုက္တယ္။ လြိဳင္ေကာ္ၿမိဳ႕ရွိ ခ႐ိုင္စုေပါင္း႐ုံးမွာ အခမ္းအနားနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ကယားျပည္နယ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အလားအလာရွိတဲ့ ေနရာတြအျပင္ ဥပေဒနဲ႔ နည္းပေဒေတြ ေလ့လာႏိုင္ဖို႔ အခုလို ထုတ္လႊင့္လိုက္တာလို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫြန္ၾကားေရးမႈဦးစီးဌာန ျပည္နယ္ဦးစီးမႉး ေဒၚေမမ်ိဳးေဇာ္က ေျပာပါတယ္။ “က်မတို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္တဲ့ လုပ္ငန္းတရပ္အေနနဲ႔ ဒီဝက္ဆိုက္ကို ေထာင္တာ ျဖစ္တယ္။ ဒီဝက္ဆိုက္ကေနၿပီးေတာ့ ျပည္တြင္း ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူေတြကလည္း ကယားျပည္နယ္မွာ ဒီဝက္ဆိုက္ကို ၾကည့္ၿပီး သူ႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းေတြကို ဝင္ၾကည့္လို႔ ရတယ္။ ဒီဥပေဒေတြကို ၾကည့္လို႔ရတယ္။ နည္းဥပေဒေတြ လုပ္ထုံးလုပ္နည္းေတြကို ၾကည့္လို႔ရတယ္။ ျမန္မာ-အဂၤလိပ္ ၂ ဘာသာနဲ႔ ျဖစ္တဲ့အတြက္ သူတို႔လည္း အဂၤလိပ္ဘာသာနဲ႔ ဝင္ေရာက္ၾကည့္ရႈႏိုင္တယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္လာဖို႔ ရည္႐ြယ္ခ်က္နဲ႔ ျမႇင့္တင္တဲ့ေနရာမွာ ဒါေတြ ပါတာေပါ့ေနာ္။” ဒီလို ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းေတြ သိျခင္းအားျဖင့္ ေဒသခံေတြအေနနဲ႔ လုပ္ငန္းကို တည္ေထာင္ႏိုင္သလို ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာရင္လည္း ေဒသခံ ျပည္သူေတြ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရရွိၾကမယ္လို႔ ေျပာပါတယ္။ ကယားျပည္နယ္မွာ လက္ရွိအခ်ိန္ထိ ျပည္တြင္း ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈ ၁၃ ခုရွိၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက နယ္သာလန္ႏိုင္ငံက ျဖစ္ပါတယ္။ ကယားျပည္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးကေတာ့ စိုက္ပ်ိဳးေရးက႑ျဖစ္ၿပီး ဒုတိယ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးက ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္းျဖစ္ၿပီး တတိယအမ်ားဆုံးကေတာ့ သတၱဳတူးေဖာ္တဲ့လုပ္ငန္း ျဖစ္တယ္လို႔လည္း ေဒၚေမမ်ိဳးေဇာ္က ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024