Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလား တပ်မတော်က ကြိုဆိုတယ်၊ တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲ - ဗိုလ်ချုပ်စိုးနိုင်ဦး
နေဖြိုးဝင်း
·
August 24, 2019
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ လက်နက်ကိုင် ၃ ဖွဲ့ကို  ငြိမ်းချမ်းရေး စားပွဲကို လာမယ်ဆို တပ်မတော်က ကြိုဆိုပြီး တိုက်ပွဲတွေ ဆက်တိုက်ချင်တယ် ဆိုရင်လည်း အသင့်ပဲလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး  ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။   သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ “အဲဒီအဖွဲ့တွေနဲ့ပတ်သက်ပြီး အတိုချုံးပြောလိုက်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမှာလား တပ်မတော်က ကြိုဆိုတယ်၊ တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲ။” ဒါ့အပြင် သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို TNLA က တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ အကြမ်းဖက်ရုံမက လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ တိုက်ခိုက်မှုမှာ ပြင်ဦးလွင်တခုသာ တပ်မတော်နဲ့ ဆက်စပ်တဲ့နေရာဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးအတွက် အရေးပါတဲ့  ပြည်ထောင်စုလမ်းမကြီးကို ဖျက်ဆီးတာဟာ ပြည်သူကို ထိခိုက်စေပြီး အစိုးရကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့က ဩဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့နဲ့ နောက်ချိုမြို့အတွင်းက နေရာအချို့ကို ဝင်တိုက်ခဲ့တာကြောင့် တပ်မတော်သား ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့တာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို လာမွာလား တပ္မေတာ္က ႀကိဳဆိုတယ္၊ တိုက္ပြဲေတြ ဆက္တိုက္ခ်င္လား အသင့္ပဲ - ဗိုလ္ခ်ဳပ္စိုးႏိုင္ဦး ရွမ္းျပည္ ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ဆင္ႏႊဲေနတဲ့ လက္နက္ကိုင္ ၃ ဖြဲ႕ကို  ၿငိမ္းခ်မ္းေရး စားပြဲကို လာမယ္ဆို တပ္မေတာ္က ႀကိဳဆိုၿပီး တိုက္ပြဲေတြ ဆက္တိုက္ခ်င္တယ္ ဆိုရင္လည္း အသင့္ပဲလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး  ေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက ေျပာပါတယ္။ ၾသဂုတ္လ ၂၃ ရက္ေန႔က ေနျပည္ေတာ္ တပ္မေတာ္စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီရဲ႕ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာဆိုခဲ့တာပါ။ “အဲဒီအဖြဲ႕ေတြနဲ႔ပတ္သက္ၿပီး အတိုခ်ဳံးေျပာလိုက္မယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို လာမွာလား တပ္မေတာ္က ႀကိဳဆိုတယ္၊ တိုက္ပြဲေတြ ဆက္တိုက္ခ်င္လား အသင့္ပဲ။” ဒါ့အျပင္ ၾသဂုတ္ ၁၅ ရက္ေန႔က ျပင္ဦးလြင္ တပ္မေတာ္ နည္းပညာတကၠသိုလ္ အပါအဝင္ ေနရာ ၅ ခုကို TNLA က တိုက္ခိုက္ခဲ့တဲ့ လုပ္ရပ္ဟာ အၾကမ္းဖက္႐ုံမက လူမဆန္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ျပစ္တင္ ရႈတ္ခ်လိုက္ပါတယ္။ တိုက္ခိုက္မႈမွာ ျပင္ဦးလြင္တခုသာ တပ္မေတာ္နဲ႔ ဆက္စပ္တဲ့ေနရာျဖစ္ၿပီး ရွမ္းျပည္ေျမာက္ပိုင္း ကုန္သြယ္ေရးအတြက္ အေရးပါတဲ့  ျပည္ေထာင္စုလမ္းမႀကီးကို ဖ်က္ဆီးတာဟာ ျပည္သူကို ထိခိုက္ေစၿပီး အစိုးရကို ဂုဏ္သိကၡာ က်ဆင္းေစတဲ့ လုပ္ရပ္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ရကၡိဳင့္တပ္မေတာ္ (AA) နဲ႔ ကိုးကန္႔အဖြဲ႕ (MNDAA) တို႔က ဩဂုတ္ ၁၅ ရက္ေန႔က ျပင္ဦးလြင္ၿမိဳ႕နဲ႔ ေနာက္ခ်ိဳၿမိဳ႕အတြင္းက ေနရာအခ်ိဳ႕ကို ဝင္တိုက္ခဲ့တာေၾကာင့္ တပ္မေတာ္သား ၉ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးနဲ႔ အရပ္သား ၃ ဦး စုစုေပါင္း ၁၅ ဦး ေသဆုံးခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024