A d v e r t i s e m e n t With Us

မြောက်ကိုရီးယားတွင် ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး သီတင်းပတ် အခမ်းအနားကျင်းပ

မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမှာ သြဂုတ် ၂၂ ရက်နေ့က ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး သီတင်းပတ် အခမ်းအနား ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။ ကင်မ်ဂျုံဆောင် မူကြိုကျောင်းမှာ ကျင်းပတဲ့ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး သီတင်းပတ် အခမ်းအနားကို မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ နိုင်ငံတကာအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာသူတွေကို နို့ချိုတိုက်ကျွေးတဲ့ အကြောင်းနဲ့ ကလေးငယ်တွေ ကြီးထွားမှုအကြောင်း ပညာပေး ဟောပြောခဲ့ပြီး ကလေးငယ်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုကိုလည်း အားပေးကြည့်ရှုခဲ့ကြတဲ့ ရုပ်သံဖိုင်ကို KCNA က ဖော်ပြခဲ့ပါတယ်။ ကလေးငယ်တွေကို မိခင်နို့ရည် တိုက်ကျွေးဖို့နဲ့ ကမ္ဘာတဝှန်းက ကလေးငယ်တွေ ကျန်းမာရေး ကောင်းမွန်ဖို့ အားပေးလှုံ့ဆော်တဲ့အနေနဲ့ သြဂုတ် ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး သီတင်းပတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
Zawgyi Version ေျမာက္ကိုရီးယားတြင္ ကမာၻ႔ႏို႔ခ်ိဳတိုက္ေကြၽးေရး သီတင္းပတ္ အခမ္းအနားက်င္းပ DVB ေျမာက္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ၿပဳံယမ္းမွာ ၾသဂုတ္ ၂၂ ရက္ေန႔က ကမာၻ႔ႏို႔ခ်ိဳတိုက္ေကြၽးေရး သီတင္းပတ္ အခမ္းအနား က်င္းပခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ေဖာ္ျပပါတယ္။ ကင္မ္ဂ်ဳံေဆာင္ မူႀကိဳေက်ာင္းမွာ က်င္းပတဲ့ ကမာၻ႔ႏို႔ခ်ိဳတိုက္ေကြၽးေရး သီတင္းပတ္ အခမ္းအနားကို ေျမာက္ကိုရီးယား တာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြအျပင္ ကမာၻ႔ကေလးမ်ား ရန္ပုံေငြအဖြဲ႕ (UNICEF) နဲ႔ ႏိုင္ငံတကာအဖြဲ႕ဝင္ေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။ တက္ေရာက္လာသူေတြကို ႏို႔ခ်ိဳတိုက္ေကြၽးတဲ့ အေၾကာင္းနဲ႔ ကေလးငယ္ေတြ ႀကီးထြားမႈအေၾကာင္း ပညာေပး ေဟာေျပာခဲ့ၿပီး ကေလးငယ္ေတြရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈကိုလည္း အားေပးၾကည့္ရႈခဲ့ၾကတဲ့ ႐ုပ္သံဖိုင္ကို KCNA က ေဖာ္ျပခဲ့ပါတယ္။ ကေလးငယ္ေတြကို မိခင္ႏို႔ရည္ တိုက္ေကြၽးဖို႔နဲ႔ ကမာၻတဝွန္းက ကေလးငယ္ေတြ က်န္းမာေရး ေကာင္းမြန္ဖို႔ အားေပးလႈံ႕ေဆာ္တဲ့အေနနဲ႔ ၾသဂုတ္ ၁ ရက္ေန႔ကေန ၇ ရက္ေန႔အထိ ကမာၻ႔ႏို႔ခ်ိဳတိုက္ေကြၽးေရး သီတင္းပတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up