Home
မြန်မာသတင်း
မလတ်တောင်ပြိုကျမှု မြေပိသေဆုံးခဲ့သူများအတွက် အကျွတ်အလွတ်ကျွေးမွေးပွဲ ကျင်းပ
DVB
·
August 23, 2019
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မလတ်တောင်ပြိုကျမှုမှာ မြေပိသေဆုံးခဲ့သူတွေအတွက် အကျွတ်အလွတ် ကျွေးမွေးပွဲကို သဲဖြူကုန်းကျေးရွာရှိ တောင်ပြိုကျနေရာမှာ သြဂုတ် ၂၂ ရက်နေ့ ညသန်းခေါင်ယံအချိန် ပြုလုပ်ခဲ့ကြပါတယ်။ အခုလို အကျွတ်အလွတ် ကျွေးမွေးပွဲ ပြုလုပ်ရတာဟာ သေဆုံးသူတွေက အိပ်မက်ထဲမှာ လာရောက် အကူအညီတောင်းခံတဲ့အတွက် လုပ်ဆောင်ပေးရတာလို့ ဓမ္မနန္ဒီဗုဒ္ဓကောလိပ် ကျောင်းအုပ် ဆရာတော်ဒေါက်တာ အရှင်ပဏ္ဍိတက မိန့်ပါတယ်။   အကျွတ်အလွတ် ကျွေးမွေးပွဲမှာတော့ အမဲသားနဲ့ ထမင်းပျော့ထုပ်တွေကို နေရာအနှံ့ချထားပြီး ကျွေးမွေးခဲ့တာလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။ ဒီအကျွတ်အလွတ် ကျွေးမွေးပွဲကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ အပါအဝင်မော်လမြိုင်မြို့အတွင်းရှိ ပရဟိတအဖွဲ့တွေက ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး၊ အမဲသားနဲ့ ထမင်းထုပ်တွေ ကျွေးမွေးပြီးနောက် သေဆုံးသူတွေကို ရည်စူးပြီး အမျှပေးဝေခဲ့ကြပါတယ်။ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းက မလက်တောင်မြေပြိုကျခဲ့တာကြောင့် မြေပိသေဆုံးသူ ၇၀ ရဲ့ ရုပ်အလောင်းတွေကို ပြန်လည် တွေ့ရှိထားပြီး ပျောက်ဆုံးသူ အများအပြားရှိနေဆဲလို့ သိရပါတယ်။ ဇော်လွင်ထွဋ် 
မလတ္ေတာင္ၿပိဳက်မႈ ေျမပိေသဆုံးခဲ့သူမ်ားအတြက္ အကြၽတ္အလြတ္ေကြၽးေမြးပြဲ က်င္းပ DVB မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာ မလတ္ေတာင္ၿပိဳက်မႈမွာ ေျမပိေသဆုံးခဲ့သူေတြအတြက္ အကြၽတ္အလြတ္ ေကြၽးေမြးပြဲကို သဲျဖဴကုန္းေက်း႐ြာရွိ ေတာင္ၿပိဳက်ေနရာမွာ ၾသဂုတ္ ၂၂ ရက္ေန႔ ညသန္းေခါင္ယံအခ်ိန္ ျပဳလုပ္ခဲ့ၾကပါတယ္။ အခုလို အကြၽတ္အလြတ္ ေကြၽးေမြးပြဲ ျပဳလုပ္ရတာဟာ ေသဆုံးသူေတြက အိပ္မက္ထဲမွာ လာေရာက္ အကူအညီေတာင္းခံတဲ့အတြက္ လုပ္ေဆာင္ေပးရတာလို႔ ဓမၼနႏၵီဗုဒၶေကာလိပ္ ေက်ာင္းအုပ္ ဆရာေတာ္ေဒါက္တာ အရွင္ပ႑ိတက မိန႔္ပါတယ္။ အကြၽတ္အလြတ္ ေကြၽးေမြးပြဲမွာေတာ့ အမဲသားနဲ႔ ထမင္းေပ်ာ့ထုပ္ေတြကို ေနရာအႏွံ႔ခ်ထားၿပီး ေကြၽးေမြးခဲ့တာလို႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဒုဥကၠ႒ ဦးေအာင္ျမင့္က ေျပာပါတယ္။ ဒီအကြၽတ္အလြတ္ ေကြၽးေမြးပြဲကို ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ အပါအဝင္ေမာ္လၿမိဳင္ၿမိဳ႕အတြင္းရွိ ပရဟိတအဖြဲ႕ေတြက ေဆာင္႐ြက္ခဲ့ၾကတာျဖစ္ၿပီး၊ အမဲသားနဲ႔ ထမင္းထုပ္ေတြ ေကြၽးေမြးၿပီးေနာက္ ေသဆုံးသူေတြကို ရည္စူးၿပီး အမွ်ေပးေဝခဲ့ၾကပါတယ္။ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာမွာ ၾသဂုတ္ ၉ ရက္ေန႔ မနက္ပိုင္းက မလက္ေတာင္ေျမၿပိဳက်ခဲ့တာေၾကာင့္ ေျမပိေသဆုံးသူ ၇၀ ရဲ႕ ႐ုပ္အေလာင္းေတြကို ျပန္လည္ ေတြ႕ရွိထားၿပီး ေပ်ာက္ဆုံးသူ အမ်ားအျပားရွိေနဆဲလို႔ သိရပါတယ္။ ေဇာ္လြင္ထြဋ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024