သေကြောင်းကြံစည်ရန် ကြိုးစားခဲ့ဟု ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီ ပြော

ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီဟာ တချိန်က စိတ်ကျရောဂါ ခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒုတိယအကြိမ် အခွင့်အရေးကြောင့် ငရဲကနေ ပြန်လာခဲ့တယ်လို့ ပြောပါတယ်။ တိုင်ဆန်ဖျူရီဟာ ၂၀၁၅ ခုနှစ်က ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို အကြာဆုံး ထိန်းသိမ်းထားနိုင်တဲ့ ရုရှားက ဝလာဒီမာ ကလစ်ချ်ကိုကို အနိုင်ရပြီး IBF, WBA, WBO ခါးပတ်တွေကို သိမ်းပိုက်ရရှိခဲ့တာကြောင့် ကမ္ဘာ့ပေါ်က လက်ဝှေ့ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီနောက်မှာတာ့ ခန္ဓာကိုယ်အလေးချိန် ပေါင် ၄၀၀ ကျော်ထိ ရှိလာခဲ့ပြီး စိတ်ကျဝေဒနာ ခံစားခဲ့ရတဲ့ ဖျူရီဟာ လက်ဝှေ့လောကကနေ အနားယူခဲ့သလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့အထိ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ အရက်သောက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို အလူးအလဲ ခံခဲ့ရတဲ့ ဖျူရီဟာ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ခဲ့ပြီး သူ့လိုပဲ အခက်အခဲ ရှိသူတွေကို ကူညီပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ပြီး သူ့လို ဘဝကို အရှုံးပေးနေသူတွေအတွက် နောက်ထပ်တကြိမ် အခွင့်အရေး ရှိသေးတယ်ဆိုတာကို အသိပညာပေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖျူရီဟာ လက်ဝှေ့သမားဘဝ ရှုံးပွဲလုံးဝမရှိသေးဘဲ ၂၈ ပွဲ အနိုင်ရရှိပြီး ၁ ပွဲ သရေကျထားပါတယ်။ သရေကျထားခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေး ဝိုင်လ်ဒါနဲ့ ဖေဖော်ဝါရီလမှာ ပြန်လည်ထိုးသတ်ဖို့ ရှိနေသလို လာမယ့် စက်တင်ဘာလမှာ အိုတိုဝေါ်လင်နဲ့ ထိုးသတ်ဖို့လည်း ရှိနေပါတယ်။
Zawgyi Version ေသေၾကာင္းႀကံစည္ရန္ ႀကိဳးစားခဲ့ဟု ၿဗိတိန္လက္ေဝွ႔ေက်ာ္ တိုင္ဆန္ဖ်ဴရီ ေျပာ DVB ၿဗိတိန္လက္ေဝွ႔ေက်ာ္ တိုင္ဆန္ဖ်ဴရီဟာ တခ်ိန္က စိတ္က်ေရာဂါ ခံစားခဲ့ရၿပီး ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဒုတိယအႀကိမ္ အခြင့္အေရးေၾကာင့္ ငရဲကေန ျပန္လာခဲ့တယ္လို႔ ေျပာပါတယ္။ တိုင္ဆန္ဖ်ဴရီဟာ ၂၀၁၅ ခုႏွစ္က ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို အၾကာဆုံး ထိန္းသိမ္းထားႏိုင္တဲ့ ႐ုရွားက ဝလာဒီမာ ကလစ္ခ်္ကိုကို အႏိုင္ရၿပီး IBF, WBA, WBO ခါးပတ္ေတြကို သိမ္းပိုက္ရရွိခဲ့တာေၾကာင့္ ကမာၻ႔ေပၚက လက္ေဝွ႔ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ အဲဒီေနာက္မွာတာ့ ခႏၶာကိုယ္အေလးခ်ိန္ ေပါင္ ၄၀၀ ေက်ာ္ထိ ရွိလာခဲ့ၿပီး စိတ္က်ေဝဒနာ ခံစားခဲ့ရတဲ့ ဖ်ဴရီဟာ လက္ေဝွ႔ေလာကကေန အနားယူခဲ့သလို ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ဖို႔ ႀကိဳးစားခဲ့တဲ့အထိ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။ အရက္ေသာက္ျခင္းေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ ေဝဒနာေတြကို အလူးအလဲ ခံခဲ့ရတဲ့ ဖ်ဴရီဟာ စိတ္ဒဏ္ရာေတြကို ကုစားႏိုင္ခဲ့ၿပီး သူ႔လိုပဲ အခက္အခဲ ရွိသူေတြကို ကူညီေပးႏိုင္ခဲ့ပါတယ္။ ကမာၻအႏွံ႔ ခရီးထြက္ခဲ့ၿပီး သူ႔လို ဘဝကို အရႈံးေပးေနသူေတြအတြက္ ေနာက္ထပ္တႀကိမ္ အခြင့္အေရး ရွိေသးတယ္ဆိုတာကို အသိပညာေပးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဖ်ဴရီဟာ လက္ေဝွ႔သမားဘဝ ရႈံးပြဲလုံးဝမရွိေသးဘဲ ၂၈ ပြဲ အႏိုင္ရရွိၿပီး ၁ ပြဲ သေရက်ထားပါတယ္။ သေရက်ထားခဲ့တဲ့ ဟဲဗီးဝိတ္ခ်န္ပီယံ ဒီယြန္ေတး ဝိုင္လ္ဒါနဲ႔ ေဖေဖာ္ဝါရီလမွာ ျပန္လည္ထိုးသတ္ဖို႔ ရွိေနသလို လာမယ့္ စက္တင္ဘာလမွာ အိုတိုေဝၚလင္နဲ႔ ထိုးသတ္ဖို႔လည္း ရွိေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up