Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သည့် ကရင်နီလူငယ်များကို စံပြသူရဲကောင်းဆု ချီးမြှင့်
နော်နိုရင်း
·
August 23, 2019
အမျိုးသားဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ သမိုင်းဖြစ်ရပ်မှန်အပေါ် ရဲ့ရင့်စွာရပ်တည်ပေးမှုနဲ့ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မှုကို ရဲရဲဝံ့ဝံ့ ကန့်ကွက်ခဲ့တဲ့ ကရင်လူငယ်တွေကို ကနေဒါရောက် ကရင်နီအမျိုးသားတွေက National Hero Award စံပြဆုတံဆိပ် ချီးမြှင့်လိုက်ပါတယ်။ အစိုးရရဲ့ တရားစွဲဆိုခံနေရတဲ့ ကရင်နီလူငယ် ၆ ဦးအပါအဝင် အမျိုးသားရေး တက်ကြွ လှုပ်ရှားတဲ့ ကရင်နီလူငယ်တွေကို ပေးအပ်ချီးမြှင့်တာဖြစ်ပြီး ဒီစံပြဆုတံဆိပ်ကို လက်ခံတဲ့ အခမ်းအနားကို လွိုင်ကော်မြို့ရှိ ကရင်နီပြည်လူငယ်များသမဂ္ဂရုံးမှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့တာပါ။ ဒီအခမ်းအနား ပြုလုပ်ရတာနဲ့ပတ်သက်ပြီး ကရင်နီပြည်လူငယ်များသမဂ္ဂ အထွေထွေ အတွင်းရေးမှူ မူးအန်းဂျေလာက “ကရင်နီရဲ့အမျိုးသား ဂုဏ်သိက္ခာနဲ့ ကရင်နီရဲ့သမိုင်းကြောင်း မှန်ပေါ်မှာ ရပ်တည်ပြီးတော့မှ မတရားမှုကို တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ ကျမတို့ ကရင်နီ လူငယ်အင်အားစုရဲ့ လုပ်ဆောင်မှုအပေါ် ကနေဒါမှာ ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားတွေ ကနေ အသိအမှတ်ပြုပြီးတော့မှ ပေးအပ်လိုက်တဲ့ စံပြဆုတံဆိပ်ကို ကျမတို့ ဒီဘက်မှာရှိတဲ့ ကရင်နီ လူငယ်အင်အားစုအနေနဲ့လည်း အလေးအနက်ထားပြီးတော့ ဝမ်းသာဝမ်းမြောက်ဂုဏ်ယူစွာနဲ့ လက်ခံရရှိတဲ့အနေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ခြင်း ဖြစ်တယ်။ ” လို့ ပြောပါတယ်။ အခုလို စံပြဆုတံဆိပ်ချီးမြှင့်တဲ့အပေါ်မှာလည်း ဝမ်းသာဂုဏ်ယူပြီး ဒီဆုတံဆိပ်ကြောင့် ခွန်အားများစွာ ရရှိစေတယ်လို့ ထောင်တွင်းတရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ၆ ဦးက သဝဏ်လွှာ ပေးပို့ပြောကြားခဲ့ပါတယ်။ “ဤစံပြဆုအား ရရှိခြင်းသည် ကျန်ရှိနေသေးသော ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး၊ ကရင်နီ သမိုင်းမှန် ဖော်ထုတ်ထိန်းသိမ်းရေး၊ အမျိုးသားတန်းတူရေး၊ မဟာလူမျိုးကြီး ဝါဒဆန့်ကျင်ရေး ရှေ့ဆက်လုပ်ဆောင်ရန်အတွက် ကြီးမားသော အင်အားဖြစ်စေမည်ဖြစ်သည်။” လို့ ဆိုပါတယ်။ ကရင်နီသမိုင်းမှန်ပေါ်ပေါက်ရေး လှုပ်ရှားနေတဲ့ လူငယ်တွေအား အခုလို ဂုဏ်ပြုတာကို အားရ ကျေနပ်ကြောင်းနဲ့ လူကြီးတယောက်အနေနဲ့ အားပေးထောက်ခံကြောင်း တရားစွဲဆိုခံရတဲ့ ဒီးဒီရဲ့ဖခင်က ပြောပါတယ်။ “ဆုရရှိတဲ့အပေါ် မိဘတဦး၊ နောက် ကရင်နီပြည်သူလုထုအနနဲ့ ဝမ်းမြောက်ဝမ်းသာရှိတယ်။ နောက်တခု ကရင်ပြည်ရဲ့နိုင်ငံရေးကို ဆန်းစစ်စေတဲ့ ဆုပေးပွဲတခုလို့ခံစားရတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း တော်တော်အသက်ဝင်သွားတဲ့ လုပ်ငန်းတခုလို့ ခံစားရတယ်။ ဝမ်းနည်းစရာတွေ ဖြစ်ပေမယ့် ကရင်နီပြည် သူလူထုအတွက် ဝမ်းမြောက်စရာဖြစ်တယ်။ မျိုးဆက် သစ်လူငယ်တွေအတွက် အင်အားတခုဖြစ်တယ်လို့ ထင်တယ်။ ဒီဟာကို ဆက်လက်ထိန်းသိမ်းဖို့၊ ဆက်လက်ကာကွယ်ဖို့၊ ဒီကရင်နီပြည်ရဲ့ လမ်းကြောင်းပေါ်ကို အမှန်တကယ်ရောက်ရှိဖို့လူငယ်တွေ ဆက်လက်လုပ်ဆောင်သွားဖို့ကျနော့်ရဲ့ဆန္ဒရှိတယ်။” ၂၀၁၈ ခု ဖေဖော်ဝါရီလကနေစပြီး ကယားပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တည်ဖို့ စတင်စီစဉ်ခဲ့ပါတယ်။ ဒီအပေါ် ကရင်နီပြည်လူငယ်အင်အားစုကနေပြီး ကရင်နီသမိုင်းကြောင်းတွေကို ဖြန့်ဝေခဲ့သလို ဒီလို ဖြန့်ဝေ ခဲ့တဲ့ လူငယ်တွေကို အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် ကြေးရုပ်ကို ကန့်ကွက် တဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ဒီလိုဆန္ဒပြခဲ့လို လူငယ် ၅၀ ကျော် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပါတယ်။  ဒီကြားထဲ အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး တရားစွဲဆိုခံရတဲ့ လူငယ်တွေကို လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နဲ့ ပတ်သက်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်ဆိုပြီး လက်မှတ်ထိုးခဲ့တဲ့ လူငယ် ၆ ဦးကို အစိုးရက ဖမ်းဆီးတရားစွဲဆိုထားတဲ့အတွက် အချုပ်ခန်းမှာ တရားရင်ဆိုင်နေရတာပါ။ ကရင်နီလူငယ်တွေ လွတ်မြောက်ရေးဝိုင်းဝန်းကြိုးပမ်းကြဖို့နဲ့ ဗိုလ်ချုပ်ကြေးရုပ် ရွှေပြောင်းရေး မူအပေါ်မှာ ဆက်လက်ရပ်တည်နေတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂအ တွင်းရေးမှူး မူးအန်းဂျေလာက ပြောပါတယ်။
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကန႔္ကြက္သည့္ ကရင္နီလူငယ္မ်ားကို စံျပသူရဲေကာင္းဆု ခ်ီးျမႇင့္ ေနာ္ႏိုရင္း အမ်ိဳးသားဂုဏ္သိကၡာနဲ႔ဆိုင္တဲ့ သမိုင္းျဖစ္ရပ္မွန္အေပၚ ရဲ႕ရင့္စြာရပ္တည္ေပးမႈနဲ႔ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ တည္ေဆာက္မႈကို ရဲရဲဝံ့ဝံ့ ကန႔္ကြက္ခဲ့တဲ့ ကရင္လူငယ္ေတြကို ကေနဒါေရာက္ ကရင္နီအမ်ိဳးသားေတြက National Hero Award စံျပဆုတံဆိပ္ ခ်ီးျမႇင့္လိုက္ပါတယ္။ အစိုးရရဲ႕ တရားစြဲဆိုခံေနရတဲ့ ကရင္နီလူငယ္ ၆ ဦးအပါအဝင္ အမ်ိဳးသားေရး တက္ႂကြ လႈပ္ရွားတဲ့ ကရင္နီလူငယ္ေတြကို ေပးအပ္ခ်ီးျမႇင့္တာျဖစ္ၿပီး ဒီစံျပဆုတံဆိပ္ကို လက္ခံတဲ့ အခမ္းအနားကို လြိဳင္ေကာ္ၿမိဳ႕ရွိ ကရင္နီျပည္လူငယ္မ်ားသမဂၢ႐ုံးမွာ ဒီကေန႔ မနက္က ျပဳလုပ္ခဲ့တာပါ။ ဒီအခမ္းအနား ျပဳလုပ္ရတာနဲ႔ပတ္သက္ၿပီး ကရင္နီျပည္လူငယ္မ်ားသမဂၢ အေထြေထြ အတြင္းေရးမႉ မူးအန္းေဂ်လာက “ကရင္နီရဲ႕အမ်ိဳးသား ဂုဏ္သိကၡာနဲ႔ ကရင္နီရဲ႕သမိုင္းေၾကာင္း မွန္ေပၚမွာ ရပ္တည္ၿပီးေတာ့မွ မတရားမႈကို တြန္းလွန္တိုက္ပြဲဝင္ခဲ့တဲ့ က်မတို႔ ကရင္နီ လူငယ္အင္အားစုရဲ႕ လုပ္ေဆာင္မႈအေပၚ ကေနဒါမွာ ေရာက္ရွိေနတဲ့ ကရင္နီအမ်ိဳးသားေတြ ကေန အသိအမွတ္ျပဳၿပီးေတာ့မွ ေပးအပ္လိုက္တဲ့ စံျပဆုတံဆိပ္ကို က်မတို႔ ဒီဘက္မွာရွိတဲ့ ကရင္နီ လူငယ္အင္အားစုအေနနဲ႔လည္း အေလးအနက္ထားၿပီးေတာ့ ဝမ္းသာဝမ္းေျမာက္ဂုဏ္ယူစြာနဲ႔ လက္ခံရရွိတဲ့အေနနဲ႔ ဒီအခမ္းအနားကို ျပဳလုပ္ျခင္း ျဖစ္တယ္။ ” လို႔ ေျပာပါတယ္။ အခုလို စံျပဆုတံဆိပ္ခ်ီးျမႇင့္တဲ့အေပၚမွာလည္း ဝမ္းသာဂုဏ္ယူၿပီး ဒီဆုတံဆိပ္ေၾကာင့္ ခြန္အားမ်ားစြာ ရရွိေစတယ္လို႔ ေထာင္တြင္းတရားရင္ဆိုင္ေနရတဲ့ ကရင္နီလူငယ္ ၆ ဦးက သဝဏ္လႊာ ေပးပို႔ေျပာၾကားခဲ့ပါတယ္။ “ဤစံျပဆုအား ရရွိျခင္းသည္ က်န္ရွိေနေသးေသာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဖယ္ရွားေရး၊ ကရင္နီ သမိုင္းမွန္ ေဖာ္ထုတ္ထိန္းသိမ္းေရး၊ အမ်ိဳးသားတန္းတူေရး၊ မဟာလူမ်ိဳးႀကီး ဝါဒဆန႔္က်င္ေရး ေရွ႕ဆက္လုပ္ေဆာင္ရန္အတြက္ ႀကီးမားေသာ အင္အားျဖစ္ေစမည္ျဖစ္သည္။” လို႔ ဆိုပါတယ္။ ကရင္နီသမိုင္းမွန္ေပၚေပါက္ေရး လႈပ္ရွားေနတဲ့ လူငယ္ေတြအား အခုလို ဂုဏ္ျပဳတာကို အားရ ေက်နပ္ေၾကာင္းနဲ႔ လူႀကီးတေယာက္အေနနဲ႔ အားေပးေထာက္ခံေၾကာင္း တရားစြဲဆိုခံရတဲ့ ဒီးဒီရဲ႕ဖခင္က ေျပာပါတယ္။ “ဆုရရွိတဲ့အေပၚ မိဘတဦး၊ ေနာက္ ကရင္နီျပည္သူလုထုအနနဲ႔ ဝမ္းေျမာက္ဝမ္းသာရွိတယ္။ ေနာက္တခု ကရင္ျပည္ရဲ႕ႏိုင္ငံေရးကို ဆန္းစစ္ေစတဲ့ ဆုေပးပြဲတခုလို႔ခံစားရတယ္။ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္လည္း ေတာ္ေတာ္အသက္ဝင္သြားတဲ့ လုပ္ငန္းတခုလို႔ ခံစားရတယ္။ ဝမ္းနည္းစရာေတြ ျဖစ္ေပမယ့္ ကရင္နီျပည္ သူလူထုအတြက္ ဝမ္းေျမာက္စရာျဖစ္တယ္။ မ်ိဳးဆက္ သစ္လူငယ္ေတြအတြက္ အင္အားတခုျဖစ္တယ္လို႔ ထင္တယ္။ ဒီဟာကို ဆက္လက္ထိန္းသိမ္းဖို႔၊ ဆက္လက္ကာကြယ္ဖို႔၊ ဒီကရင္နီျပည္ရဲ႕ လမ္းေၾကာင္းေပၚကို အမွန္တကယ္ေရာက္ရွိဖို႔လူငယ္ေတြ ဆက္လက္လုပ္ေဆာင္သြားဖို႔က်ေနာ့္ရဲ႕ဆႏၵရွိတယ္။” ၂၀၁၈ ခု ေဖေဖာ္ဝါရီလကေနစၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္က ဦးေဆာင္ၿပီး လြိဳင္ေကာ္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကး႐ုပ္တည္ဖို႔ စတင္စီစဥ္ခဲ့ပါတယ္။ ဒီအေပၚ ကရင္နီျပည္လူငယ္အင္အားစုကေနၿပီး ကရင္နီသမိုင္းေၾကာင္းေတြကို ျဖန႔္ေဝခဲ့သလို ဒီလို ျဖန႔္ေဝ ခဲ့တဲ့ လူငယ္ေတြကို အစိုးရက ဖမ္းဆီးတရားစြဲဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေၾကး႐ုပ္ကို ကန႔္ကြက္ တဲ့ ဆႏၵျပပြဲျပဳလုပ္ခဲ့ၿပီး ဒီလိုဆႏၵျပခဲ့လို လူငယ္ ၅၀ ေက်ာ္ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရပါတယ္။ ဒီၾကားထဲ အစိုးရနဲ႔ညႇိႏႈိင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး တရားစြဲဆိုခံရတဲ့ လူငယ္ေတြကို လႊတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္နဲ႔ ပတ္သက္လို႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီတို႔ကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသား သစၥာေဖာက္ဆိုၿပီး လက္မွတ္ထိုးခဲ့တဲ့ လူငယ္ ၆ ဦးကို အစိုးရက ဖမ္းဆီးတရားစြဲဆိုထားတဲ့အတြက္ အခ်ဳပ္ခန္းမွာ တရားရင္ဆိုင္ေနရတာပါ။ ကရင္နီလူငယ္ေတြ လြတ္ေျမာက္ေရးဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔နဲ႔ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ေ႐ႊေျပာင္းေရး မူအေပၚမွာ ဆက္လက္ရပ္တည္ေနတယ္လို႔ ကရင္နီျပည္လူငယ္မ်ားသမဂၢအ တြင္းေရးမႉး မူးအန္းေဂ်လာက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024