Home
မြန်မာသတင်း
အောင်လံမြို့၌ ကြေးဆင်းတုတော် ၂ ဆူ ခေါင်းဖြတ် ခိုးယူခံရ
DVB
·
August 23, 2019
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာ ရတနာပုံခေတ်က ကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းဆင်းတုတော်တချို့  ဩဂုတ် ၂၃ ရက်နေ့က မသမာသူတွေရဲ့ ခိုးယူတာခံခဲ့ရပါတယ်။ အောင်လံမြို့၊ မကျီးကုန်းရပ်ကွက်ရှိ ကိုးသိန်းတောင်ဘုရား ဂန္ဓကုဋီတိုက် အတွင်း ပူဇော်ထားရှိတဲ့ ကြေးဆင်းတုတော် ၃ ဆူအနက် အမြင့် ၃ ပေ ၈ လက်မခန့် ထိုင်တော်မူ ကြေးဆင်းတုတော် ၁ ဆူ နဲ့ အမြင့် ၁ ပေ ၃ လက်မခန့် ထိုင်တော်မူ ကြေးဆင်းတုတော် ၁ ဆူ တို့ရဲ့ ဦးခေါင်းတော်တွေကို ဖြတ်ပြီး ခိုးယူသွားတာပါ။ ခိုးယူသူ(စိစစ်ဆဲ)အား အောင်လံမြို့မရဲစခန်း (ပ)၁၇၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅(ခိုးမှု၊ ဘာသာသာသနာဖျက်ဆီးမှု)နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါသည်။
ေအာင္လံၿမိဳ႕၌ ေၾကးဆင္းတုေတာ္ ၂ ဆူ ေခါင္းျဖတ္ ခိုးယူခံရ DVB မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕မွာ ရတနာပုံေခတ္က ကိုးကြယ္ခဲ့တဲ့ ေရွးေဟာင္းဆင္းတုေတာ္တခ်ိဳ႕ ဩဂုတ္ ၂၃ ရက္ေန႔က မသမာသူေတြရဲ႕ ခိုးယူတာခံခဲ့ရပါတယ္။ ေအာင္လံၿမိဳ႕၊ မက်ီးကုန္းရပ္ကြက္ရွိ ကိုးသိန္းေတာင္ဘုရား ဂႏၶကုဋီတိုက္ အတြင္း ပူေဇာ္ထားရွိတဲ့ ေၾကးဆင္းတုေတာ္ ၃ ဆူအနက္ အျမင့္ ၃ ေပ ၈ လက္မခန႔္ ထိုင္ေတာ္မူ ေၾကးဆင္းတုေတာ္ ၁ ဆူ နဲ႔ အျမင့္ ၁ ေပ ၃ လက္မခန႔္ ထိုင္ေတာ္မူ ေၾကးဆင္းတုေတာ္ ၁ ဆူ တို႔ရဲ႕ ဦးေခါင္းေတာ္ေတြကို ျဖတ္ၿပီး ခိုးယူသြားတာပါ။ ခိုးယူသူ(စိစစ္ဆဲ)အား ေအာင္လံၿမိဳ႕မရဲစခန္း (ပ)၁၇၁၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၂၉၅(ခိုးမႈ၊ ဘာသာသာသနာဖ်က္ဆီးမႈ)နဲ႔ အမႈဖြင့္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါသည္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024