Home
မြန်မာသတင်း
နေအိမ်များ ဖယ်ရှားရှင်းလင်းခံရ၍ ပြည်ကြီးတံခွန်တွင် ဆန္ဒပြ
Aung Aung Naing
·
August 23, 2019
ပုသိမ်ကြီးမြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို မန္တလေးစည်ပင်က ဖယ်ရှားရှင်းလင်းခံခဲ့တဲ့အတွက် အိမ်ရှင်မိသားစုဝင်တွေက ပြည်ကြီးတခွန်မြို့နယ်မှာ သြဂုတ် ၂၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “အမေကြီးတို့မြေကို အမေကြီးတို့ ပြန်လိုချင်တယ်။ အမေကြီးတို့က မရှိမဲ့ရှိမဲ့ သမီးတွေရဲ့ လုပ်စာလေးနဲ့စုပြီး ဝယ်ထားရတာ အခုတော့ ဘယ်သူဘယ်ဝါပိုင်မှန်းလည်းမသိရဘူး ကုမ္ပဏီပိုင်ဆို ပြီး အမေကြီးတို့အိမ်ကို ဖြိုဖျက်ပစ်ပြီးဝင်းကာသွားတယ်။ အခုအမေကြီးတို့နေစရာကို မရှိလို့ ကိုယ့်မြေလေးပြန်ရချင်တယ်။ အဲဒါကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ အိမ်ဖျက်ခံခဲ့ရတဲ့ ဒေါ်ခင်ညိုက ပြောပါတယ်။ တံခွန်တောင်သူလယ်သမားသမဂ္ဂက အဖွဲ့အတွင်းရေးမှူး ကိုအေးသိန်းက “ကျနော်တို့နိုင်ငံမှာ ၁၈၉၄ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တဲ့ လယ်သိမ်း ယာသိမ်းဥပဒေဆိုတာ ရှိတယ်။ ခုဟာက လယ်သိမ်းယာသိမ်းတင်မဟုတ်ဘူး။ အိမ်တွေကို ဖျက်ဖြိုပြီးတော့မှ အနိုင်ကျင့် ပြီး အဓမ္မသိမ်းတာဖြစ်တယ်။ ဒါဟာ ဥပဒေမဲ့လုပ်ရပ်ဘဲ၊ ဒီဥပဒေမဲ့လုပ်ရပ်ကို လက်ရှိတိုင်းဒေသကြီး အစိုးရအနေနဲ့ ဖြေရှင်းမပေးလို့ လူတွေလမ်းပေါ်တက်လာရတာဖြစ်ပဲ။ တရားဥပဒေရဲ့ အထောက်အကူမရဘူး တရားဥပဒေနဲ့အညီ ကုစားပေးတာတွေမရှိခဲ့ဘူး။ အဲဒါကြောင့်  နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရသိပြီးတော့ ဒီဟာကို အချိန်နဲ့တပြေးညီ ဖြေရှင်းပေးဖို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ အဖြိုအဖျက်ခံခဲ့ရတဲ့ အိမ်ရှင်မြေရှင်တွေဟာ ဒီမြေဟာ ဘယ်သူ့မြေလဲ ငါတို့မြေ၊ ခရိုနီမြေ ဆိုတာ ဟုတ်သလား မဟုတ်ဘူး၊ ငါတို့မြေကိုဖျက်ဆီးသူ ငါတို့ ရန်သူ၊ ဥပဒေမဲ့ခြံစည်းရိုး ခတ်သူ ငါတို့ရန်သူ၊ တရားဥပဒေကို မျက်ကွယ်ပြုသူ ပြည်သူ့ရန်သူ၊ ဥပဒေမဲ့မြေသိမ်းမူများ ချက်ချင်းရပ်၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စတဲ့ ကြွေးကျော် ၇ ချက်ကို ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ရေလှောင်ကျေးရွာမှာ ကျူးကျော်နေထိုင်သူတွေဟာ အရပ်စာချုပ်တွေနဲ့ ဝယ်ယူနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ခြံ ခပ်ဝန်းခပ်ထားတဲ့ မြေကွက်ပေါင်း ၁၁၄ ကွက်နဲ့နေအိမ် ၁၄ လုံးကို မြို့တော်စည်ပင်သာယာ ကျူးရှင်းလင်းရေးအဖွဲ့က ဇူလိုင် ၂၀ ရက်နေ့မှာ ဖယ်ရှားရှင်းလင်းခဲ့တာပါ။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အမည်ပေါက်ဂရံ အငှားချထားပေးပြီးဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် (နန-၄၁)ဦးပိုင်အမှတ်(၁)မှ(၆)ထိမြေကွက် ၆ ကွက်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဇူလိုင် ၄ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ အကြောင်းကြားပေမယ့် မဖယ်ရှားခဲ့တာကြောင့် ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ေနအိမ္မ်ား ဖယ္ရွားရွင္းလင္းခံရ၍ ျပည္ႀကီးတခြန္တြင္ ဆႏၵျပ ေအာင္ေအာင္ႏိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္မွာ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားတဲ့ ေနအိမ္ေတြကို မႏၲေလးစည္ပင္က ဖယ္ရွားရွင္းလင္းခံခဲ့တဲ့အတြက္ အိမ္ရွင္မိသားစုဝင္ေတြက ျပည္ႀကီးတခြန္ၿမိဳ႕နယ္မွာ ၾသဂုတ္ ၂၃ ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ “အေမႀကီးတို႔ေျမကို အေမႀကီးတို႔ ျပန္လိုခ်င္တယ္။ အေမႀကီးတို႔က မရွိမဲ့ရွိမဲ့ သမီးေတြရဲ႕ လုပ္စာေလးနဲ႔စုၿပီး ဝယ္ထားရတာ အခုေတာ့ ဘယ္သူဘယ္ဝါပိုင္မွန္းလည္းမသိရဘူး ကုမၸဏီပိုင္ဆို ၿပီး အေမႀကီးတို႔အိမ္ကို ၿဖိဳဖ်က္ပစ္ၿပီးဝင္းကာသြားတယ္။ အခုအေမႀကီးတို႔ေနစရာကို မရွိလို႔ ကိုယ့္ေျမေလးျပန္ရခ်င္တယ္။ အဲဒါေၾကာင့္ အခုလို ဆႏၵထုတ္ေဖာ္ရတာျဖစ္တယ္”လို႔ အိမ္ဖ်က္ခံခဲ့ရတဲ့ ေဒၚခင္ညိဳက ေျပာပါတယ္။ တံခြန္ေတာင္သူလယ္သမားသမဂၢက အဖြဲ႕အတြင္းေရးမႉး ကိုေအးသိန္းက “က်ေနာ္တို႔ႏိုင္ငံမွာ ၁၈၉၄ ခုႏွစ္ကတည္းက က်င့္သုံးခဲ့တဲ့ လယ္သိမ္း ယာသိမ္းဥပေဒဆိုတာ ရွိတယ္။ ခုဟာက လယ္သိမ္းယာသိမ္းတင္မဟုတ္ဘူး။ အိမ္ေတြကို ဖ်က္ၿဖိဳၿပီးေတာ့မွ အႏိုင္က်င့္ ၿပီး အဓမၼသိမ္းတာျဖစ္တယ္။ ဒါဟာ ဥပေဒမဲ့လုပ္ရပ္ဘဲ၊ ဒီဥပေဒမဲ့လုပ္ရပ္ကို လက္ရွိတိုင္းေဒသႀကီး အစိုးရအေနနဲ႔ ေျဖရွင္းမေပးလို႔ လူေတြလမ္းေပၚတက္လာရတာျဖစ္ပဲ။ တရားဥပေဒရဲ႕ အေထာက္အကူမရဘူး တရားဥပေဒနဲ႔အညီ ကုစားေပးတာေတြမရွိခဲ့ဘူး။ အဲဒါေၾကာင့္ ႏိုင္ငံေတာ္သမၼတနဲ႔ ျပည္ေထာင္စုအစိုးရသိၿပီးေတာ့ ဒီဟာကို အခ်ိန္နဲ႔တေျပးညီ ေျဖရွင္းေပးဖို႔ ဆႏၵထုတ္ေဖာ္ရတာျဖစ္တယ္”လို႔ ေျပာပါတယ္။ အၿဖိဳအဖ်က္ခံခဲ့ရတဲ့ အိမ္ရွင္ေျမရွင္ေတြဟာ ဒီေျမဟာ ဘယ္သူ႔ေျမလဲ ငါတို႔ေျမ၊ ခ႐ိုနီေျမ ဆိုတာ ဟုတ္သလား မဟုတ္ဘူး၊ ငါတို႔ေျမကိုဖ်က္ဆီးသူ ငါတို႔ ရန္သူ၊ ဥပေဒမဲ့ၿခံစည္း႐ိုး ခတ္သူ ငါတို႔ရန္သူ၊ တရားဥပေဒကို မ်က္ကြယ္ျပဳသူ ျပည္သူ႔ရန္သူ၊ ဥပေဒမဲ့ေျမသိမ္းမူမ်ား ခ်က္ခ်င္းရပ္၊ တရားဥပေဒစိုးမိုးေရး ဒို႔အေရး စတဲ့ ေႂကြးေက်ာ္ ၇ ခ်က္ကို ေႂကြးေၾကာ္ ဆႏၵထုတ္ေဖာ္ခဲ့ၾက ပါတယ္။ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ဇီးအုပ္ေက်း႐ြာအုပ္စု ေရေလွာင္ေက်း႐ြာမွာ က်ဴးေက်ာ္ေနထိုင္သူေတြဟာ အရပ္စာခ်ဳပ္ေတြနဲ႔ ဝယ္ယူေနထိုင္ခဲ့ၾကသူေတြျဖစ္ၿပီး ၿခံ ခပ္ဝန္းခပ္ထားတဲ့ ေျမကြက္ေပါင္း ၁၁၄ ကြက္နဲ႔ေနအိမ္ ၁၄ လုံးကို ၿမိဳ႕ေတာ္စည္ပင္သာယာ က်ဴးရွင္းလင္းေရးအဖြဲ႕က ဇူလိုင္ ၂၀ ရက္ေန႔မွာ ဖယ္ရွားရွင္းလင္းခဲ့တာပါ။ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက စီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ အမည္ေပါက္ဂရံ အငွားခ်ထားေပးၿပီးျဖစ္တဲ့ ပုသိမ္ႀကီးၿမိဳ႕နယ္ (နန-၄၁)ဦးပိုင္အမွတ္(၁)မွ(၆)ထိေျမကြက္ ၆ ကြက္မွာ ခြင့္ျပဳခ်က္မရွိဘဲ က်ဴးေက်ာ္ေဆာက္လုပ္ထားတဲ့ ေနအိမ္ေတြကို ဇူလိုင္ ၄ ရက္ေန႔ ေနာက္ဆုံးထားဖယ္ရွားေပးဖို႔ အေၾကာင္းၾကားေပမယ့္ မဖယ္ရွားခဲ့တာေၾကာင့္ ရွင္းလင္းခဲ့တာလို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024