Home
မြန်မာသတင်း
ဖိနှိပ်မှုများရပ်တန့်ရန် ဖဲကြိုးစိမ်းကမ်ပိန်း ဘားအံပညာရေးကောလိပ်တွင် ပြုလုပ်
DVB
·
August 23, 2019
ပညာရေးကောလိပ် ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေရပ်တန့်ပေးဖို့ ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှုကို ဘားအံပညာရေးကောလိပ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဘားအံပညာရေးကောလိပ် ကျောင်းဝန်းမှာ သြဂုတ် ၂၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို BA(Edu)၊ B.Sc(Edu) ပညာရေးဘွဲ့တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့၊ အခြေခံပညာကနေ အဝေးသင်တက်ရောက်ရာမှာ လုံလောက်တဲ့ခွင့်ရရှိဖို့၊ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂတွေအပေါ် ဖိနှိပ်မှုတွေရပ်တန့်ပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ ဘားအံပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မောင်အောင်ဆန်းဦး က “ကျနော်တို့ကတော့ တရားမျှတမှုရှိရှိ ဖြစ်ချင်တာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်းလုပ်ပေးနိုင်ဖို့ အဓိကလိုချင်တာ။ သူတို့က စကားကို ပွင့်ပွင့်လင်းမပြောဘူး။ ကျနော်တို့အတွက် အများကြီးဒုက္ခရောက်တယ်။ ဒီအတွက် ကြုံတွေ့လာရတဲ့အခက်အခဲ ပြဿနာတွေကို ဝန်ကြီးဌာနတင်ပြပေမယ့် သူတို့ဘက်က ထိထိရောက်ရောက် တာဝန်ယူမှုမရှိတဲ့အတွက် ကျနော်တို့လှုပ်ရှားမှုမှန်သမျှ ထိထိရောက်ရောက် တာဝန်ယူပေးစေချင်တယ်” လို့ ပြောပါတယ်။ သြဂုတ် ၂၂ ရက်က စစ်ကိုင်း၊ မကွေးနဲ့ ဘိုကလေးပညာရေးကောလိပ်တွေမှာ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ တပြိုင်တည်ပပြုလုပ်ခဲ့သလို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားပညာရေးကောလိပ်တွေမှာပါ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုတောင်းဆိုချက်တွေဟာ နိုင်ငံတဝန်းက ပညာရေးကောလိပ်ကျောင်းသား ကျောင်းသူတွေနဲ့ တိုက်ရိုက်သက်ဆိုင်ရုံသာမက ပညာရေးကောလိပ်ဆင်းတွေ၊ အခြေခံ ဆရာ ဆရာမတွေနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြဖို့ ဘားအံပညာရေး ကျောင်းသားသမဂ္ဂက တိုက်တွန်းထားပါတယ်။ သတင်း- ရဲမင်းခေါင်
ဖိႏွိပ္မႈမ်ားရပ္တန႔္ရန္ ဖဲႀကိဳးစိမ္းကမ္ပိန္း ဘားအံပညာေရးေကာလိပ္တြင္ ျပဳလုပ္ DVB ပညာေရးေကာလိပ္ ေက်ာင္းသားေတြအေပၚ ဖိႏွိပ္မႈေတြရပ္တန႔္ေပးဖို႔ ဖဲႀကိဳးစိမ္းကမ္ပိန္းလႈပ္ရွားမႈကို ဘားအံပညာေရးေကာလိပ္ေက်ာင္းသားသမဂၢက ဦးေဆာင္ၿပီး ကရင္ျပည္နယ္၊ ဘားအံပညာေရးေကာလိပ္ ေက်ာင္းဝန္းမွာ ၾသဂုတ္ ၂၄ ရက္ မနက္ပိုင္းက ျပဳလုပ္ခဲ့ပါတယ္။ ဒီလႈပ္ရွားမႈကို BA(Edu)၊ B.Sc(Edu) ပညာေရးဘြဲ႕ေတြနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ေပးဖို႔၊ အေျခခံပညာကေန အေဝးသင္တက္ေရာက္ရာမွာ လုံေလာက္တဲ့ခြင့္ရရွိဖို႔၊ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢေတြအေပၚ ဖိႏွိပ္မႈေတြရပ္တန႔္ေပးဖို႔ ရည္႐ြယ္ၿပီး ျပဳလုပ္ခဲ့တာပါ။ ဘားအံပညာေရးေကာလိပ္၊ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ေမာင္ေအာင္ဆန္းဦး က “က်ေနာ္တို႔ကေတာ့ တရားမွ်တမႈရွိရွိ ျဖစ္ခ်င္တာကို သူတို႔ဘက္က ပြင့္ပြင့္လင္းလင္းလုပ္ေပးႏိုင္ဖို႔ အဓိကလိုခ်င္တာ။ သူတို႔က စကားကို ပြင့္ပြင့္လင္းမေျပာဘူး။ က်ေနာ္တို႔အတြက္ အမ်ားႀကီးဒုကၡေရာက္တယ္။ ဒီအတြက္ ႀကဳံေတြ႕လာရတဲ့အခက္အခဲ ျပႆနာေတြကို ဝန္ႀကီးဌာနတင္ျပေပမယ့္ သူတို႔ဘက္က ထိထိေရာက္ေရာက္ တာဝန္ယူမႈမရွိတဲ့အတြက္ က်ေနာ္တို႔လႈပ္ရွားမႈမွန္သမွ် ထိထိေရာက္ေရာက္ တာဝန္ယူေပးေစခ်င္တယ္” လို႔ ေျပာပါတယ္။ ၾသဂုတ္ ၂၂ ရက္က စစ္ကိုင္း၊ မေကြးနဲ႔ ဘိုကေလးပညာေရးေကာလိပ္ေတြမွာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈေတြ တၿပိဳင္တည္ပျပဳလုပ္ခဲ့သလို ရန္ကုန္၊ မႏၲေလး၊ ျမစ္ႀကီးနားပညာေရးေကာလိပ္ေတြမွာပါ ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။ အခုေတာင္းဆိုခ်က္ေတြဟာ ႏိုင္ငံတဝန္းက ပညာေရးေကာလိပ္ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ တိုက္႐ိုက္သက္ဆိုင္႐ုံသာမက ပညာေရးေကာလိပ္ဆင္းေတြ၊ အေျခခံ ဆရာ ဆရာမေတြနဲ႔လည္း သက္ဆိုင္ေနတဲ့အတြက္ ပူးေပါင္းပါဝင္လုပ္ေဆာင္ေပးၾကဖို႔ ဘားအံပညာေရး ေက်ာင္းသားသမဂၢက တိုက္တြန္းထားပါတယ္။ သတင္း- ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024