ပြိုင်ဘက် မက်ဆီကြောင့် အကောင်းဆုံး ကစားသမားဖြစ်လာဟု စီရော်နယ်ဒို ပြော

ပြိုင်ဘက် မက်ဆီကြောင့် အကောင်းဆုံး ကစားသမားဖြစ်လာတာလို့ စီရော်နယ်ဒိုက ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး အဓိကပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပါ။
စီရော်နယ်ဒိုအနေနဲ့ သူသာလျှင် အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ကြွေးကြော်လေ့ ရှိပေမယ့်လည်း လက်ရှိအချိန်မှာတော့ မက်ဆီနဲ့ပတ်သက်ပြီး အကောင်းမြင်တဲ့မှတ်ချက် ပေးသွားတာဖြစ်ပါတယ်။
မက်ဆီဟာ မိမိကို အခုလို အကောင်းဆုံးကစားသမား ဖြစ်လာစေဖို့အတွက် တွန်းအားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး မိမိတို့နှစ်ဦးအကြားမှာလည်း အလုပ်နဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
မက်ဆီနဲ့ ၁၅ နှစ်လောက် တူညီတဲ့အခိုက်အတန့်တွေကို မျှဝေပိုင်ဆိုင်ခဲ့ကြရတဲ့အတွက် အထူးကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးရှိကြောင်း၊ မက်ဆီနဲ့ ညစာ တခါမှာ အတူမစားခဲ့ဘူးပေမယ့်လည်း အနာဂတ်မှာတော့ မဖြစ်လာနိုင်စရာ မရှိကြောင်းနဲ့ အဲဒီလိုအခြေအနေက ပြဿနာတခုလို့ မမြင်ကြောင်းလည်း စီရော်နယ်ဒိုက ပြောသွားပါတယ်။
Zawgyi Version
ၿပိဳင္ဘက္ မက္ဆီေၾကာင့္ အေကာင္းဆုံး ကစားသမားျဖစ္လာဟု စီေရာ္နယ္ဒို ေျပာ
DVB
ၿပိဳင္ဘက္ မက္ဆီေၾကာင့္ အေကာင္းဆုံး ကစားသမားျဖစ္လာတာလို႔ စီေရာ္နယ္ဒိုက ေျပာပါတယ္။
စီေရာ္နယ္ဒိုနဲ႔ လီယြန္နယ္မက္ဆီတို႔ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တခုေက်ာ္ ကာလအတြင္းမွာ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုအတြက္ အၿပိဳင္အဆိုင္ျဖစ္ခဲ့ၿပီး အဓိကၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကတာပါ။
စီေရာ္နယ္ဒိုအေနနဲ႔ သူသာလွ်င္ အေကာင္းဆုံးကစားသမား ျဖစ္တယ္လို႔ ေႂကြးေၾကာ္ေလ့ ရွိေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ မက္ဆီနဲ႔ပတ္သက္ၿပီး အေကာင္းျမင္တဲ့မွတ္ခ်က္ ေပးသြားတာျဖစ္ပါတယ္။
မက္ဆီဟာ မိမိကို အခုလို အေကာင္းဆုံးကစားသမား ျဖစ္လာေစဖို႔အတြက္ တြန္းအားေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး မိမိတို႔ႏွစ္ဦးအၾကားမွာလည္း အလုပ္နဲ႔ပတ္သက္လို႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေၾကာင္း စီေရာ္နယ္ဒိုက ေျပာပါတယ္။
မက္ဆီနဲ႔ ၁၅ ႏွစ္ေလာက္ တူညီတဲ့အခိုက္အတန႔္ေတြကို မွ်ေဝပိုင္ဆိုင္ခဲ့ၾကရတဲ့အတြက္ အထူးေကာင္းမြန္တဲ့ ပေရာ္ဖက္ရွင္နယ္ ဆက္ဆံေရးရွိေၾကာင္း၊ မက္ဆီနဲ႔ ညစာ တခါမွာ အတူမစားခဲ့ဘူးေပမယ့္လည္း အနာဂတ္မွာေတာ့ မျဖစ္လာႏိုင္စရာ မရွိေၾကာင္းနဲ႔ အဲဒီလိုအေျခအေနက ျပႆနာတခုလို႔ မျမင္ေၾကာင္းလည္း စီေရာ္နယ္ဒိုက ေျပာသြားပါတယ္။