A d v e r t i s e m e n t With Us

လီဗာပူး အမ်ဖီးလ်ကွင်းကို ပရိသတ် ၆ သောင်းကျော် ဝင်ဆန့်သည့်ကွင်းအဖြစ် တိုးချဲ့မည်

လီဗာပူး အသင်းဟာ အိမ်ကွင်း​​​အမ်ဖီးလ်ကို ပရိသတ် ၆ သောင်းကျော် ဝင်ဆံ့တဲ့ကွင်းဖြစ်အောင် တိုးချဲ့သွားတော့မှာဖြစ်​ပါတယ်​။  အမ်ဖီးလ်ကွင်းဟာ ပရိသတ်စုစုပေါင်း ၅ သောင်း ၄ ထောင် ကျော် ဝင်ဆံ့ပြီး အင်္ဂလန်မှာ သတ္တမမြောက် အကြီးဆုံးကွင်းဖြစ်ပါတယ်။  ကွင်းထဲမှာ ပွဲကြည့်စင် ၄ ခုရှိပြီး The Spion Kop၊ The Main Stand၊ Sir Kenny Dalgish Stand နဲ့ The Anfield Road End   ဆိုပြီးတော့ ရှိတာဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ အဲဒီပွဲကြည့်စင်လေးခုထဲကနေ The Anfied Road End ပွဲကြည့်စင်ကို ပြန်လည်ပြုပြင်သွားမှာပါ။ Anfield Road End ပွဲကြည့်စင်ဟာ ဂိုး​​ပေါက်ရဲ့အနောက်မှာ တည်ရှိပါတယ်။​ အဝေးကွင်းပရိသတ်တွေက ကွင်းအောက်ပိုင်းမှာ ကြည့်ရူကြပြီး အိမ်ကွင်းပရိသတ်တချို့ကတော့ ကွင်းအပေါ်ဆုံးတန်းတွေမှာ ကြည့်ရှုရလေ့ရှိပါတယ်။  အဲဒီပွဲကြည့်စင်ကို ပြန်လည်ပြုပြင်တိုးချဲ့ပြီးပါက အမ်ဖီးလ်ကွင်းဟာ ပရိသတ် ၆ သောင်းကျော်အထိ ဝင်ဆံ့တော့မယ်လို့ သိရပါတယ်။  ကွင်းနားမှာ နေထိုင်တဲ့သူတွေ၊ စီစဉ်ဆောက်ရွက်တဲ့အရာရှိတွေနဲ့အတူ အန်ဖီးလ် ပွဲကြည့်စင် ပြန်လည်တည်ဆောက်မယ့် အဆိုပြုချက်တွေအားလုံးနဲ့ ပတ်သက်တဲ့ အသေး စိတ်အချက်အလက်တွေကအစ အခိုင်အမာ လုပ်ဆောင်ပြီးပြီလို့ အသင်းရဲ့​ ​ဆောင်​ရွက်​မှုဆိုင်ရာ ​အရာရှိချုပ် အန်ဒီဟုချ်က ပြောကြားသွားပါတယ်။  ဘယ်အချိန်မှာ အပြီးသတ်လုပ်ဆောင်မလဲဆိုတာကို‌တော့ ထုတ်ပြန်ထားခြင်း မရှိပေမယ့်လည်း ပရိသတ်ဦးရေ ၅ သောင်းကျော်ကနေ ၆ သောင်းကျော်အထိ တိုးမြှင့်လာမယ့် အခြေအနေကတော့ အသင်းအတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်။
Zawgyi Version လီဗာပူး အမ္ဖီးလ္ကြင္းကို ပရိသတ္ ၆ ေသာင္းေက်ာ္ ဝင္ဆန္႔သည့္ကြင္းအျဖစ္ တိုးခ်ဲ႔မည္ DVB လီဗာပူး အသင္းဟာ အိမ္ကြင္း​​​အမ္ဖီးလ္ကို ပရိသတ္ ၆ ေသာင္းေက်ာ္ ဝင္ဆံ့တဲ့ကြင္းျဖစ္ေအာင္ တိုးခ်ဲ႕သြားေတာ့မွာျဖစ္​ပါတယ္​။ အမ္ဖီးလ္ကြင္းဟာ ပရိသတ္စုစုေပါင္း ၅ ေသာင္း ၄ ေထာင္ ေက်ာ္ ဝင္ဆံ့ၿပီး အဂၤလန္မွာ သတၱမေျမာက္ အႀကီးဆုံးကြင္းျဖစ္ပါတယ္။ ကြင္းထဲမွာ ပြဲၾကည့္စင္ ၄ ခုရွိၿပီး The Spion Kop၊ The Main Stand၊ Sir Kenny Dalgish Stand နဲ႔ The Anfield Road End ဆိုၿပီးေတာ့ ရွိတာျဖစ္ပါတယ္။ လီဗာပူးအသင္းအေနနဲ႔ အဲဒီပြဲၾကည့္စင္ေလးခုထဲကေန The Anfied Road End ပြဲၾကည့္စင္ကို ျပန္လည္ျပဳျပင္သြားမွာပါ။ Anfield Road End ပြဲၾကည့္စင္ဟာ ဂိုး​​ေပါက္ရဲ႕အေနာက္မွာ တည္ရွိပါတယ္။​ အေဝးကြင္းပရိသတ္ေတြက ကြင္းေအာက္ပိုင္းမွာ ၾကည့္႐ူၾကၿပီး အိမ္ကြင္းပရိသတ္တခ်ိဳ႕ကေတာ့ ကြင္းအေပၚဆုံးတန္းေတြမွာ ၾကည့္ရႈရေလ့ရွိပါတယ္။ အဲဒီပြဲၾကည့္စင္ကို ျပန္လည္ျပဳျပင္တိုးခ်ဲ႕ၿပီးပါက အမ္ဖီးလ္ကြင္းဟာ ပရိသတ္ ၆ ေသာင္းေက်ာ္အထိ ဝင္ဆံ့ေတာ့မယ္လို႔ သိရပါတယ္။ ကြင္းနားမွာ ေနထိုင္တဲ့သူေတြ၊ စီစဥ္ေဆာက္႐ြက္တဲ့အရာရွိေတြနဲ႔အတူ အန္ဖီးလ္ ပြဲၾကည့္စင္ ျပန္လည္တည္ေဆာက္မယ့္ အဆိုျပဳခ်က္ေတြအားလုံးနဲ႔ ပတ္သက္တဲ့ အေသး စိတ္အခ်က္အလက္ေတြကအစ အခိုင္အမာ လုပ္ေဆာင္ၿပီးၿပီလို႔ အသင္းရဲ႕​ ​ေဆာင္​႐ြက္​မႈဆိုင္ရာ ​အရာရွိခ်ဳပ္ အန္ဒီဟုခ်္က ေျပာၾကားသြားပါတယ္။ ဘယ္အခ်ိန္မွာ အၿပီးသတ္လုပ္ေဆာင္မလဲဆိုတာကို‌ေတာ့ ထုတ္ျပန္ထားျခင္း မရွိေပမယ့္လည္း ပရိသတ္ဦးေရ ၅ ေသာင္းေက်ာ္ကေန ၆ ေသာင္းေက်ာ္အထိ တိုးျမႇင့္လာမယ့္ အေျခအေနကေတာ့ အသင္းအတြက္ အေထာက္အကူျပဳေစမွာျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up