ယာဉ်မှူးမလိုက်ပါသည့် အာကာသယာဉ် ကာဇက်စတန် အာကာသစခန်းမှ လွှတ်တင်

ယာဉ်မှူးမလိုက်ပါတဲ့ MS-14 ဆိုယုဒ် အာကာသယာဉ်ကို ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော အာကာသစခန်းကနေ သြဂုတ် ၂၂ ရက်မှာ လွှတ်တင်ခဲ့ပါတယ်။
ဒီအာကာသယာဉ်ဟာ ကုန်အလေးချိန် ပေါင် ၁၄၅၀ ကို နိုင်ငံတကာအာကာသစခန်းဆီ သယ်ဆောင်သွားတာပါ။
ရုရှားရိုဘော့ယာဉ်ဟာ သီတင်းနှစ်ပတ်ကြာ မစ်ရှင်အတွင်း အာကာသယာဉ်မှူးတွေကို ကူညီပြီး သူရဲ့ ရိုဘော့စွမ်းရည်ကို စမ်းသပ်သွားမှာပါ။
ဖီဒေါလ်ဆိုတဲ့ ရိုဘော့အာကာသယာဉ်ဟာ ရုရှားနိုင်ငံက ပထမဆုံး အာကာသထဲ စေလွှတ်တဲ့ယာဉ်ဖြစ်ပါတယ်။
ရိုဘော့ရဲ့ အဓိက တာဝန်က အာကာသအတွင်း လူသားတွေအတွက် အန္တရာယ် များတဲ့အလုပ်တွေကို ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်စမော့က ပြောပါတယ်။
ဖီဒေါလ် ရိုဘော့ဟာ လူတဦး အရွယ်အစားရှိပြီး လူသားတယောက်လို လှုပ်ရှားသွားလာနိုင်ပါတယ်။
ဖီဒေါလ်က သူရဲ့ တွစ်တာပေ့ချ်မှာ သူဟာ နိုင်ငံတကာ အာကာသယာဉ်မှူးတွေရဲ့ လက်ထောက်ဖြစ်တယ်လို့ ဖော်ပြပြီး သူ့ပေ့ဂျ်မှာ follower ၄၆၀၀ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Zawgyi Version
ယာဥ္မႉးမလိုက္ပါသည့္ အာကာသယာဥ္ ကာဇက္စတန္ အာကာသစခန္းမွ လႊတ္တင္
DVB
ယာဥ္မႉးမလိုက္ပါတဲ့ MS-14 ဆိုယုဒ္ အာကာသယာဥ္ကို ကာဇက္စတန္ႏိုင္ငံ ဘိုင္ကိုေနာ အာကာသစခန္းကေန ၾသဂုတ္ ၂၂ ရက္မွာ လႊတ္တင္ခဲ့ပါတယ္။
ဒီအာကာသယာဥ္ဟာ ကုန္အေလးခ်ိန္ ေပါင္ ၁၄၅၀ ကို ႏိုင္ငံတကာအာကာသစခန္းဆီ သယ္ေဆာင္သြားတာပါ။
႐ုရွား႐ိုေဘာ့ယာဥ္ဟာ သီတင္းႏွစ္ပတ္ၾကာ မစ္ရွင္အတြင္း အာကာသယာဥ္မႉးေတြကို ကူညီၿပီး သူရဲ႕ ႐ိုေဘာ့စြမ္းရည္ကို စမ္းသပ္သြားမွာပါ။
ဖီေဒါလ္ဆိုတဲ့ ႐ိုေဘာ့အာကာသယာဥ္ဟာ ႐ုရွားႏိုင္ငံက ပထမဆုံး အာကာသထဲ ေစလႊတ္တဲ့ယာဥ္ျဖစ္ပါတယ္။
႐ိုေဘာ့ရဲ႕ အဓိက တာဝန္က အာကာသအတြင္း လူသားေတြအတြက္ အႏၲရာယ္ မ်ားတဲ့အလုပ္ေတြကို ေဆာင္႐ြက္ဖို႔ျဖစ္တယ္လို႔ ႐ုရွားအာကာသေအဂ်င္စီ ေရာ့စ္ေကာ့စ္စေမာ့က ေျပာပါတယ္။
ဖီေဒါလ္ ႐ိုေဘာ့ဟာ လူတဦး အ႐ြယ္အစားရွိၿပီး လူသားတေယာက္လို လႈပ္ရွားသြားလာႏိုင္ပါတယ္။
ဖီေဒါလ္က သူရဲ႕ တြစ္တာေပ့ခ်္မွာ သူဟာ ႏိုင္ငံတကာ အာကာသယာဥ္မႉးေတြရဲ႕ လက္ေထာက္ျဖစ္တယ္လို႔ ေဖာ္ျပၿပီး သူ႔ေပ့ဂ်္မွာ follower ၄၆၀၀ ရွိတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။