ပြည်တွင်းဖြစ် ဒုံးကျည် ကာကွယ်ရေးစနစ် အီရန်ပြသ (ရုပ်သံ)

1K
ပြည်တွင်းဖြစ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို အီရန်နိုင်ငံပိုင် ရုပ်သံက သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
အဲဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ တာဝေးပစ် ရွေ့လျားနိုင်တဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ဖြစ်ပါတယ်။
Bavar-373 ဆိုတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ရုရှား S-300 ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ အပြိုင်ဖြစ်တယ်လို့ အီရန်မီဒီယာက ဖော်ပြပြီး အဲဒီ ဒုံးကျည်စနစ် ထုတ်ဖော်ပြတဲ့ အခမ်းအနားကို သမ္မတ ဟက်ဆန် ရိုဟာနီ တက်ရောက်ခဲ့ပါတယ်။
အီရန် ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ထောင်တဲ့နေ့မှာ အဲဒီစနစ်ကို ပြသခဲ့တာပါ။ အီရန်နိုင်ငံဟာ နိုင်ငံတကာရဲ့ လက်နက်တင်သွင်းခွင့် ပိတ်ဆို့ခံရတဲ့ အခြေအနေမှာ ပြည်တွင်းဖြစ် လက်နက်ကြီးတွေကို ဖန်တီးနေပါတယ်။
အီရန်ရဲ့ တာဝေးပစ် ဒုံးကျည်အစီအစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိပေမယ့် အနောက်နိုင်ငံ စစ်ဘက်ကျွမ်းကျင်သူတွေက အီရန်ဟာ မကြာခဏ သူ့ရဲ့ ကာကွယ်ရေးလက်နက်စွမ်းရည်တွေကို ချဲ့ကားပြောဆိုတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Zawgyi Version ျပည္တြင္းျဖစ္ ဒုံးက်ည္ ကာကြယ္ေရးစနစ္ အီရန္ျပသ (႐ုပ္သံ) DVB ျပည္တြင္းျဖစ္ ဒုံးက်ည္ကာကြယ္ေရးစနစ္ကို အီရန္ႏိုင္ငံပိုင္ ႐ုပ္သံက ၾသဂုတ္ ၂၂ ရက္ေန႔မွာ ထုတ္လႊင့္ ျပသခဲ့ပါတယ္။ အဲဒီ ဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ တာေဝးပစ္ ေရြ႕လ်ားႏိုင္တဲ့ ေျမျပင္မွ ေဝဟင္ပစ္ ဒုံးက်ည္စနစ္ ျဖစ္ပါတယ္။ Bavar-373 ဆိုတဲ့ ဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ ႐ုရွား S-300 ဒုံးက်ည္ကာကြယ္ေရးစနစ္နဲ႔ အၿပိဳင္ျဖစ္တယ္လို႔ အီရန္မီဒီယာက ေဖာ္ျပၿပီး အဲဒီ ဒုံးက်ည္စနစ္ ထုတ္ေဖာ္ျပတဲ့ အခမ္းအနားကို သမၼတ ဟက္ဆန္ ႐ိုဟာနီ တက္ေရာက္ခဲ့ပါတယ္။ အီရန္ ကာကြယ္ေရးပစၥည္းစက္႐ုံ တည္ေထာင္တဲ့ေန႔မွာ အဲဒီစနစ္ကို ျပသခဲ့တာပါ။ အီရန္ႏိုင္ငံဟာ ႏိုင္ငံတကာရဲ႕ လက္နက္တင္သြင္းခြင့္ ပိတ္ဆို႔ခံရတဲ့ အေျခအေနမွာ ျပည္တြင္းျဖစ္ လက္နက္ႀကီးေတြကို ဖန္တီးေနပါတယ္။ အီရန္ရဲ႕ တာေဝးပစ္ ဒုံးက်ည္အစီအစဥ္နဲ႔ ပတ္သက္လို႔ စိုးရိမ္မႈေတြရွိေပမယ့္ အေနာက္ႏိုင္ငံ စစ္ဘက္ကြၽမ္းက်င္သူေတြက အီရန္ဟာ မၾကာခဏ သူ႔ရဲ႕ ကာကြယ္ေရးလက္နက္စြမ္းရည္ေတြကို ခ်ဲ႔ကားေျပာဆိုတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။