ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စတင်ပြီး ရုံတင်ပြသခဲ့တဲ့ ဟောလိဝုဒ် ဟာသဇာတ်မြူးရုပ်ရှင် Good Boys ဟာ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဒီကားကိုတော့ ယူကရိန်းဖွား ရုပ်ရှင်ဒါရိုက်တာ Gene Stupnitsky က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တာပါ။
ဒီကားထဲမှာတော့ Max, Lucas နဲ့ Thor ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး ၃ ယောက်ရဲ့ မတူညီတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဟာသဇာတ်လမ်းဇာတ်ကွက်တွေ နှောကာ ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ကောင်မလေးတွေကို ဒရုန်းယာဉ်ပျံနဲ့ လိုက်ချောင်းကြတဲ့ ဟာသအလွဲအချော်တွေကိုပါ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ဟောလိဝုဒ် ဆယ်ကျော်သက် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Jacob Tremblay၊ Keith L. Williams နဲ့ Brady Noon တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။
IMDb မှာ Rating 6.8 အထိ ရရှိထားခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကားက နာမည်ကျော် Hobbs & Shaw ရုပ်ရှင်ကားရဲ့ ဝင်ငွေကို ဖြတ်ကျော်ခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
အဲဒီရုပ်ရှင်ကား ၂ ကားရဲ့ နောက် တတိယနေရာမှာတော့ The Lion King ရုပ်ရှင်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ သန်းနဲ့ ရပ်တည်နေပါတယ်။
The Angry Birds Movie 2 နဲ့ Scary Stories to Tell in the Dark ရုပ်ရှင်တွေကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄ သန်းနဲ့ ၁၀ သန်း အသီးသီးနဲ့ စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။
Zawgyi Version
႐ုံတင္ဝင္ေငြ ထိပ္ဆုံးရပ္တည္ေနသည့္ ဟာသဇာတ္ျမဴး ႐ုပ္ရွင္ - Good Boys (နမူနာ)
DVB
ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက စတင္ၿပီး ႐ုံတင္ျပသခဲ့တဲ့ ေဟာလိဝုဒ္ ဟာသဇာတ္ျမဴး႐ုပ္ရွင္ Good Boys ဟာ Box Office မွာ ဝင္ေငြ အေမရိကန္ေဒၚလာ ၂၁ ဒသမ ၄ သန္းနဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။
ဒီကားကိုေတာ့ ယူကရိန္းဖြား ႐ုပ္ရွင္ဒါ႐ိုက္တာ Gene Stupnitsky က ႐ိုက္ကူး ပုံေဖာ္ေပးထားတာျဖစ္ၿပီး နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီ Universal Pictures က တင္ဆက္လိုက္တာပါ။
ဒီကားထဲမွာေတာ့ Max, Lucas နဲ႔ Thor ဆိုတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး ၃ ေယာက္ရဲ႕ မတူညီတဲ့ ျပႆနာေတြ၊ အခက္အခဲေတြကို ဟာသဇာတ္လမ္းဇာတ္ကြက္ေတြ ေႏွာကာ ပုံေဖာ္႐ိုက္ကူးထားတာျဖစ္ၿပီး ေကာင္မေလးေတြကို ဒ႐ုန္းယာဥ္ပ်ံနဲ႔ လိုက္ေခ်ာင္းၾကတဲ့ ဟာသအလြဲအေခ်ာ္ေတြကိုပါ ရႈစားၾကရမွာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားထဲမွာ ေဟာလိဝုဒ္ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Jacob Tremblay၊ Keith L. Williams နဲ႔ Brady Noon တို႔က အတြဲညီညီ ေခါင္းေဆာင္ပါဝင္ထားၾကပါတယ္။
IMDb မွာ Rating 6.8 အထိ ရရွိထားခဲ့တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္႐ႈဖို႔ မသင့္ေတာ္တာမို႔ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။
လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကားက နာမည္ေက်ာ္ Hobbs & Shaw ႐ုပ္ရွင္ကားရဲ႕ ဝင္ေငြကို ျဖတ္ေက်ာ္ခဲ့ၿပီး ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။
အဲဒီ႐ုပ္ရွင္ကား ၂ ကားရဲ႕ ေနာက္ တတိယေနရာမွာေတာ့ The Lion King ႐ုပ္ရွင္က ဝင္ေငြ အေမရိကန္ေဒၚလာ ၁၂ ဒသမ ၃ သန္းနဲ႔ ရပ္တည္ေနပါတယ္။
The Angry Birds Movie 2 နဲ႔ Scary Stories to Tell in the Dark ႐ုပ္ရွင္ေတြကေတာ့ ဝင္ေငြ အေမရိကန္ေဒၚလာ ၁၀ ဒသမ ၄ သန္းနဲ႔ ၁၀ သန္း အသီးသီးနဲ႔ စတုတၳနဲ႔ ပၪၥမေနရာေတြမွာ အသီးသီးရပ္တည္ေနပါတယ္။