မန္တလေး ရေကြီးရေလျှံခြင်း ကာကွယ်ရန် မိုးရေထိန်းကန်တခု တည်ဆောက်
DVB
·
August 22, 2019
မိုးရွာသွန်းတာကြောင့် မန္တလေးမြို့တွင်း ရေကြီးရေလျှံတာတွေနဲ့ ရေမြှုပ်တာတွေကနေ ကာကွယ်နိုင်ဖို့အတွက် ရေဂါလန် သိန်း ၃၀ ဆန့် မိုးရေစုကန်တခုကို တည်ဆောက်နေပြီး အခုလအတွင်း အပြီးဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
အဆိုပါ မိုးရေစုကန်ကို ၆၈လမ်း နဲ့ ၆၂ လမ်းကြား၊ မြဝတီမင်းကြီးလမ်းနဲ့ သိပ္ပံလမ်းကြား၊ ချမ်းမြသာစည်မြို့နယ် အမှတ် ၄ ရက်ကွက်မှာ တည်ဆောက်နေတာပါ။
လမ်းတွေဖောက်လုပ်ရာမှာ precast ကွန်ကရစ် ရေမြောင်းတွေကို စနစ်တကျထည့်သွင်း ဖောက်လုပ်နေပြီး မိုးရွာသွန်းပါက လမ်းပေါ်လျှံနေတဲ့ မိုးရေတွေဟာ ရေမြောင်းကနေတဆင့် မိုးရေစုကန်ထဲကို စီးဆင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စုစည်းထားတဲ့ မိုးရေတွေနဲ့ ရေဆိုးတွေစုပ်ယူဖို့အတွက် တနာရီကို ရေဂါလန် ၃ သိန်း ၃ သောင်း စုတ်နိုင်တဲ့ Submersible Pumps ၄ ခုတပ်ဆင်ထားပြီး ၃ ခုမောင်း ၁ ခုနား အလှည့်ကျစနစ်နဲ့ စုပ်ထုတ်ပြီး ပန်ရံတော်ချောင်းထဲကို ပြန်လည်စွန့်ပစ်မယ်လို သိရပါတယ်။
နောက်ထပ်မိုးရေစုကန်တခုကိုလည်း အောင်မြေသာစံမြို့နယ်မှာ တည်ဆောက်ဖို့ နေရာ ရှာဖွေနေပြီး လက်ရှိမြို့တော်ဝန် တာဝန်ယူနေဆဲ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း- ထိန်ထိန်လင်း
မႏၲေလး ေရႀကီးေရလွ်ံျခင္း ကာကြယ္ရန္ မိုးေရထိန္းကန္တခု တည္ေဆာက္ DVB မိုး႐ြာသြန္းတာေၾကာင့္ မႏၲေလးၿမိဳ႕တြင္း ေရႀကီးေရလွ်ံတာေတြနဲ႔ ေရျမႇဳပ္တာေတြကေန ကာကြယ္ႏိုင္ဖို႔အတြက္ ေရဂါလန္ သိန္း ၃၀ ဆန႔္ မိုးေရစုကန္တခုကို တည္ေဆာက္ေနၿပီး အခုလအတြင္း အၿပီးေဆာင္႐ြက္ေနတယ္လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာပါတယ္။ အဆိုပါ မိုးေရစုကန္ကို ၆၈လမ္း နဲ႔ ၆၂ လမ္းၾကား၊ ျမဝတီမင္းႀကီးလမ္းနဲ႔ သိပၸံလမ္းၾကား၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္ ၄ ရက္ကြက္မွာ တည္ေဆာက္ေနတာပါ။ လမ္းေတြေဖာက္လုပ္ရာမွာ precast ကြန္ကရစ္ ေရေျမာင္းေတြကို စနစ္တက်ထည့္သြင္း ေဖာက္လုပ္ေနၿပီး မိုး႐ြာသြန္းပါက လမ္းေပၚလွ်ံေနတဲ့ မိုးေရေတြဟာ ေရေျမာင္းကေနတဆင့္ မိုးေရစုကန္ထဲကို စီးဆင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ စုစည္းထားတဲ့ မိုးေရေတြနဲ႔ ေရဆိုးေတြစုပ္ယူဖို႔အတြက္ တနာရီကို ေရဂါလန္ ၃ သိန္း ၃ ေသာင္း စုတ္ႏိုင္တဲ့ Submersible Pumps ၄ ခုတပ္ဆင္ထားၿပီး ၃ ခုေမာင္း ၁ ခုနား အလွည့္က်စနစ္နဲ႔ စုပ္ထုတ္ၿပီး ပန္ရံေတာ္ေခ်ာင္းထဲကို ျပန္လည္စြန႔္ပစ္မယ္လို သိရပါတယ္။ ေနာက္ထပ္မိုးေရစုကန္တခုကိုလည္း ေအာင္ေျမသာစံၿမိဳ႕နယ္မွာ တည္ေဆာက္ဖို႔ ေနရာ ရွာေဖြေနၿပီး လက္ရွိၿမိဳ႕ေတာ္ဝန္ တာဝန္ယူေနဆဲ ကာလအတြင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ သတင္း- ထိန္ထိန္လင္း