A d v e r t i s e m e n t With Us

ဘင်္ဂလား​ဒေ့ရှ်​ရောက် နေရပ်​စွန့်ခွာသူ တဦးတယောက်မျှ ပြန်​လာခြင်းမရှိ

ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ ​ နေရပ်​စွန့်ခွာသူတွေကို သြဂုတ်​ ၂၂ ရက်​​နေ့မှာ တတိယအကြိမ်​​ ပြန်​လည်​လက်​ခံဖို့ မြန်​မာဘက်က အဆင်​သင့်ပြင်ဆင်ထား​ပေမယ့်လည်း တ​ဦးတ​​ယောက်​မှ ပြန်​လာတာ မရှိ​သေးဘူးလို့ ​မောင်​​တောခရိုင် ​ဒုအ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးရဲထူးက ပြောပါတယ်​။ “အခုအချိန်​ထိ ထူးခြားမူမရှိ​သေးပါဘူး ပြန်​လည်​ဝင်​​ရောက်​လာတာလည်း မရှိ​သေးပါ"လို့ ​ပြောကြားပါတယ်​။ အဆိုပါ​နေရပ်​စွန့်ခွာသွားသူတွေဟာ ၂၀၁၇ သြဂုတ်​လက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်​ဖြစ်​စဉ်​​တွေကြောင့် ဘင်္ဂ​လားဒေ့ရှ်နိုင်ငံကို ထွက်​​ပြေးသွားကြပြီး​နောက်​ မြန်​မာ အစိုးရနဲ့ ဘင်္ဂလား​ဒေ့ရှ်​အစိုးရတို့ရဲ့ နှစ်​နိုင်​ငံသ​ဘောတူညီချက်နဲ့ ပြန်လက်​ခံဖို့ နှစ်​နိုင်​ငံ သ​ဘောတူညီထားကြတာ ဖြစ်​ပါတယ်​။ ဩဂုတ် ၂၂ ရက်​မှာ နေရပ်​စွန့်ခွာသူတွေကို ပြန်​လည်​လက်​ခံဖို့ ရခိုင်​ပြည်​နယ်​ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ နိုင်ငံတော် သမ္မတရုံးမှ ဦးထွန်းထွန်းဝင်း တို့ ကိုယ်​တိုင်​လာ​ရောက်​ပြီး စောင့်နေခဲ့ကြပေမယ့် တ​ဦးတ​​ယောက်​မျှ ပြန်​လည်​ဝင်​​ရောက်​လာတာ မရှိ​သေးဘူးလို့ သိရပါတယ်​။ ၂၀၁၈ ဇန်​နဝါရီ ၂၃ ရက်​ ​နေ့မှာ ပထမတကြိမ်​၊  ၂၀၁၈ နိုဝင်​ဘာလ ၁၅ ရက်မှာ​ ဒုတိယအကြိမ်​ ပြန်​လည်​လက်​ခံဖို့ မြန်မာဘက်က အဆင်​သင့်ပြင်​ဆင်​ထားခဲ့​ပေမယ့်လည်း ပြန်လာခြင်းမရှိပါဘူး။ 
ဘဂၤလား​ေဒ့ရွ္​ေရာက္ ေနရပ္​စြန္႔ခြာသူ တဦးတေယာက္မွ် ျပန္​လာျခင္းမရွိ DVB ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံသို႔ ​ ေနရပ္​စြန္႔ခြာသူေတြကို ၾသဂုတ္​ ၂၂ ရက္​​ေန႔မွာ တတိယအႀကိမ္​​ ျပန္​လည္​လက္​ခံဖို႔ ျမန္​မာဘက္က အဆင္​သင့္ျပင္ဆင္ထား​ေပမယ့္လည္း တ​ဦးတ​​ေယာက္​မွ ျပန္​လာတာ မရွိ​ေသးဘူးလို႔ ​ေမာင္​​ေတာခ႐ိုင္ ​ဒုအ​ေထြ​ေထြအုပ္​ခ်ဳပ္​​ေရးမႉး ဦးရဲထူးက ေျပာပါတယ္​။ “အခုအခ်ိန္​ထိ ထူးျခားမူမရွိ​ေသးပါဘူး ျပန္​လည္​ဝင္​​ေရာက္​လာတာလည္း မရွိ​ေသးပါ"လို႔ ​ေျပာၾကားပါတယ္​။ အဆိုပါ​ေနရပ္​စြန႔္ခြာသြားသူေတြဟာ ၂၀၁၇ ၾသဂုတ္​လက ရခိုင္ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္​ျဖစ္​စဥ္​​ေတြေၾကာင့္ ဘဂၤ​လားေဒ့ရွ္ႏိုင္ငံကို ထြက္​​ေျပးသြားၾကၿပီး​ေနာက္​ ျမန္​မာ အစိုးရနဲ႔ ဘဂၤလား​ေဒ့ရွ္​အစိုးရတို႔ရဲ႕ ႏွစ္​ႏိုင္​ငံသ​ေဘာတူညီခ်က္နဲ႔ ျပန္လက္​ခံဖို႔ ႏွစ္​ႏိုင္​ငံ သ​ေဘာတူညီထားၾကတာ ျဖစ္​ပါတယ္​။ ဩဂုတ္ ၂၂ ရက္​မွာ ေနရပ္​စြန္႔ခြာသူေတြကို ျပန္​လည္​လက္​ခံဖို႔ ရခိုင္​ျပည္​နယ္​ လွ်ပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံနဲ႔ ႏိုင္ငံေတာ္ သမၼတ႐ုံးမွ ဦးထြန္းထြန္းဝင္း တို႔ ကိုယ္​တိုင္​လာ​ေရာက္​ၿပီး ေစာင့္ေနခဲ့ၾကေပမယ့္ တ​ဦးတ​​ေယာက္​မွ် ျပန္​လည္​ဝင္​​ေရာက္​လာတာ မရွိ​ေသးဘူးလို႔ သိရပါတယ္​။ ၂၀၁၈ ဇန္​နဝါရီ ၂၃ ရက္​ ​ေန႔မွာ ပထမတႀကိမ္​၊ ၂၀၁၈ ႏိုဝင္​ဘာလ ၁၅ ရက္မွာ​ ဒုတိယအႀကိမ္​ ျပန္​လည္​လက္​ခံဖို႔ ျမန္မာဘက္က အဆင္​သင့္ျပင္​ဆင္​ထားခဲ့​ေပမယ့္လည္း ျပန္လာျခင္းမရွိပါဘူး။

A d v e r t i s e m e n t With Us

More News
Up