မြန်မာရေဘေးအတွက် ဗီယက်နမ်က ငွေကျပ် သိန်း ၁၀၀ ကျော်ဖိုးကူညီလှူဒါန်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် ဗီယက်နမ်သံရုံးကနေ ကယ်ဆယ်ရေးပစ္စည်းတွေ သြဂုတ် ၂၂ ရက် မနက်က လာရောက်ပေးအပ်လှူဒါန်းသွားပါတယ်။
ရေးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနဲ့ အဖွဲ့ဝင်တွေထံ ဗီယက်နမ်သံရုံးက ကိုယ်စားလှယ်တွေက ငွေကျပ် သိန်း ၁၀၀ ကျော်တန်ဖိုးရှိ လူသုံးကုန်ပစ္စည်း အလှူငွေတွေကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။
မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး အဖွဲ့ဝင်တွေဟာ ရေဘေးသင့်ချောင်းတောင်ကျေးရွာက ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
သတင်း- နေမျိုးထွဋ်
ျမန္မာေရေဘးအတြက္ ဗီယက္နမ္က ေငြက်ပ္ သိန္း ၁၀၀ ေက်ာ္ဖိုးကူညီလႉဒါန္း
DVB
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္က ေရေဘးသင့္ျပည္သူေတြအတြက္ ဗီယက္နမ္သံ႐ုံးကေန ကယ္ဆယ္ေရးပစၥည္းေတြ ၾသဂုတ္ ၂၂ ရက္ မနက္က လာေရာက္ေပးအပ္လႉဒါန္းသြားပါတယ္။
ေရးၿမိဳ႕နယ္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးဝင္းနဲ႔ အဖြဲ႕ဝင္ေတြထံ ဗီယက္နမ္သံ႐ုံးက ကိုယ္စားလွယ္ေတြက ေငြက်ပ္ သိန္း ၁၀၀ ေက်ာ္တန္ဖိုးရွိ လူသုံးကုန္ပစၥည္း အလႉေငြေတြကို လႊဲေျပာင္းေပးအပ္ခဲ့တာပါ။
ျမန္မာႏိုင္ငံဆိုင္ရာဗီယက္နမ္သံ႐ုံး အဖြဲ႕ဝင္ေတြဟာ ေရေဘးသင့္ေခ်ာင္းေတာင္ေက်း႐ြာက ေရေဘးသင့္ျပည္သူေတြဆီ သြားေရာက္လႉဒါန္းေပးခဲ့တယ္လို႔ ဆိုပါတယ္။
သတင္း- ေနမ်ိဳးထြဋ္