Live
Home
ဆောင်းပါး
တိုက်ပွဲကြားမှာ ပရဟိတလုပ်မည်ဆိုလျှင်
DVB
·
August 22, 2019
မြန်မာတို့၏ ပရဟိတစိတ်မှာ အလွန်မွန်မြတ်လှသည်။ ပရဟိတ လုပ်ဆောင်မှုမှာလည်း အခြားသောကမ္ဘာ့နိုင်ငံများထက်ပင် ပိုများသည်ကို တွေ့ရသည်။ ဤသည်မှာ မြန်မာတို့၏ မွန်မြတ်သောစိတ်ဓာတ်ကို‌ ‌ဖော်ပြနေသည်ဟု ဆိုနိုင်သည်။ ပရဟိတဟုဆိုရာတွင် ကြက်ခြေနီ၊ အရန်မီးသတ်တို့မျှသာမက ဘေးအန္တရာယ် ကျရောက်သည့်အချိန်တိုင်း လူထု၏ ကူညီရိုင်းပင်းစိတ်ဖြင့် အကျိုးဆောင်လေ့ရှိသော အသင်းအပင်း အဖွဲ့အစည်းများလည်းပါဝင်ပါသည်။ ပရဟိတသမားတို့၏ စိတ်၌ ကူညီရိုင်းပင်းလိုမှုသည် နယ်ပယ်ကန့်သတ်ချက်မရှိ၊ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားခဲ့ကြသည်။ ကြက်ခြေနီနှင့် အရန်မီးသတ်တို့မှာမူ ကျန်ပရဟိတအဖွဲ့များနှင့် မတူ၊ သူ့နယ်နှင့်သူ အကန့်အသတ် ရှိကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ၎င်းအဖွ့ဲတို့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှစ၍ နိုင်ငံတော် အရေးအရာများနှင့် ပွဲလမ်းသဘင်များလောက်တွင်သာ အတွေ့များခဲ့သည်။ ဤသည်ကြောင့်ပင် မြန်မာတို့၏စိတ်၌ ယင်းအဖွဲ့များအပေါ်တွင် အထင်အမြင် လွဲမှားခဲ့သည်မှာ နှစ်များစွာ ကြာမြင့်လာခဲ့ပြီ။ ထိုသို့သော ကာလမျိုးတွင် နယ်စည်းမခြား ပရဟိတများ ဝင်ရောက်လှုပ်ရှားလာခဲ့ကြတော့သည်။ အဆိုပါ ပရဟိတအဖွ့ဲများသည် မိမိတို့နီးစပ်ရာ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း၊ စနစ်တကျ လေ့ကျင့်ထားသူများလည်း မဟုတ်။ ကူညီလိုစိတ် တခုတည်းဖြင့် လုပ်ဆောင်ခဲ့ကြခြင်းမျှသာ။ ဤသည်တို့ကြောင့်လည်း မကြာမီရက်များအတွင်းက ပရဟိတအဖွဲ့တခု၏ ဥက္ကဋ္ဌဖြစ်သူမှာ မည်သူ့လက်ချက်မှန်းမသိ အသက်ဆုံးရှုံးခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့လိုက်ရသည်။ ကူညီကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေရာအတွင်း သွားရောက်၍ ဒဏ်ရာရသူကိုကယ်မည်ဆိုလျှင်လည်း မြင်သာထင်ရှားသော ကြက်ခြေနီတံဆိပ်သော်လည်းကောင်း၊ အလံသော်လည်းကောင်း ထောင်ထားသင့်သည်။ သို့မှသာ ရန်သူမိတ်ဆွေ ကွဲကွဲပြားပြား သိနိုင်ပေမည်။ ထိုသို့ မလုပ်ဆောင်ခဲ့ပါက အထင်လွဲမှုများ ဖြစ်လာနိုင်သည်။ တဖန် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြသော နှစ်ဖက်စစ်အုပ်စုများ အနေဖြင့်လည်း ကြက်ခြေနီနှင့်ပရဟိတအဖွဲ့သုံး ယာဉ်များ၊ တံဆိပ်များ၊ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် အမှတ်အသားများကို စစ်ပွဲအတွက် အသုံးပြုခြင်းမျိုးကို ရှောင်ရှားသင့်လှပေသည်။ ထိုကဲ့သို့ ကြက်ခြေနီအဖွဲ့ကို စစ်ပွဲများ အကြမ်းဖက်နှိမ်နင်းရေးအတွက် လွဲမှားစွာ အသုံးပြုခဲ့သဖြင့် တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခြင်း ခံခဲ့သောဖြစ်ရပ်များ ရှိခဲ့သည်ကို နမူနာယူနိုင်ကြစေရန် တင်ပြလိုပါသည်။ ၁၉၇၂ ခုနှစ်ထဲတွင် ဘိုးရင်း ၇၀၇ ခရီးသည်တင် လေယာဉ်တစီးသည် ဘရပ်ဆဲမြို့မှ တဲအဗစ်မြို့သို့ ပျံသန်းလာစဉ် ဘလက်စက်တင်ဘာခေါ် ပါလက်စတိုင်း မိုးမှောင်ဂိုဏ်း ပြောက်ကျားအသေခံအဖွ့ဲမှ လေယာဉ်ပြန်ပေးသမား ၄ ဦးတို့က အပိုင်စီးမှုဖြစ်ခဲ့သည်။ သူတို့၏ တောင်းဆိုချက်မှာ ပါလက်စတိုင်း အကျဉ်းသား ၃၁၇ ယောက်အား ပြန်လွှတ်ပေးပြီး လေယာဉ်ဖြင့် အာရပ်နိုင်ငံတွေထံ ပို့ပေးရန်ဖြစ်သည်။ ယင်းအချက်ကို အစ္စရေးကာကွယ်ရေးမှ မိုရှေဒါယန်းက လက်မခံနိုင်။ အကြမ်းဖက်အဖွဲ့အား ထိုသို့ ခွင့်မပြုနိုင်ခဲ့ပေ။ သို့အတွက် မိုရှေဒါယန်းက သူ၏ ကွန်မန်ဒိုအဖွ့ဲအား လေယာဉ်ပုံစံတည်ဆောက်၍ စက္ကန့် ၉၀ အတွင်း အပြီးစီးလုပ်ဆောင်နိုင်ရန် အထပ်ထပ် လေ့ကျင့်စေခဲ့သည်။ လေ့ကျင့်နေဆဲမှာပင် ပြန်ပေးသမားတို့အား လေယာဉ်စစ်ဆေးခွင့်တောင်းရာ ခွင့်ပြုချက်ရသဖြင့် မက္ကင်းနစ်များကို စေလွှတ်ကာ လေယာဉ်ဘီးအား လေလျှော့ခြင်း၊ အင်ဂျင်ပါဝါစွမ်းအင် လျော့ချခြင်းတို့ ပြုလုပ်လိုက်သည်။ ထို့နောက် မိုရှေဒါယန်းက ပါလက်စတိုင်း အကျဉ်းသားများအား လွှတ်ပေးတော့မှာ ဖြစ်သည့်အတွက် လေယာဉ်တစင်းအား အသင့်ပြင်ဆင်ထားကြောင်း ပြန်ပေးသမားတို့ထံ သတင်းပို့လိုက်သည်။ ပြန်ပေးသမားတို့ ယုံကြည်စေရန် အာရပ်စကားကို ပီပီသသပြောနိုင်သူ တဦးအား ထိုသတင်းမှန်ကြောင်း ပြောပြစေသည်။ ဤသည်ကို ပြန်ပေးသမားတို့ ယုံကြည်မှုရှိပြီး ၎င်းတို့က သို့ဆိုလျှင် လေယာဉ်အား ပြန်ပြင်ပေးရန်အတွက် မက္ကင်းနစ်တဖွဲ့ လွှတ်ပေးရန်နှင့် ထိုအဖွ့ဲတွင် လက်နက်ပါမပါ စစ်ဆေးရန်အတွက် ကြက်ခြေနီတဖွဲ့ စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဤအတွက် မိုရှေဒါယန်း‌က အစ္စရေးကြက်ခြေနီအဖွဲ့ကို ခေါ်ယူတာဝန်ပေး မှာကြားလိုက်သည်။ အစ္စရေး ကြက်ခြေနီအဖွဲ့၏ စစ်ဆေးနေမှုကို ပြန်ပေးသမားတဦးက လေယာဉ်ပြတင်းပေါက်က စောင့်ကြည့်နေသည်။ ကြက်ခြေနီတို့ကလည်း မက္ကင်းနစ်များကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြသည်။ စစ်ဆေးပြီး လက်နက်မပါကြောင်း လေယာဉ်ပြတင်းပေါက်မှ ကြည့်နေသူထံ ခေါင်းညိတ် အချက်ပြလိုက်သည်။ ထို့နောက် ပြန်ပေးသမားတို့က လေယာဉ်အားပြုပြင်ရန် ခွင့်ပြုလိုက်တော့သည်။ မက္ကင်းနစ်တို့ စစ်ဆေးခွင့်ပြုပြီး စက္ကန့် ၉၀ အတွင်းမှာပင် လေယာဉ်ပြန်ပေးသမား နှစ်ယောက် သေခဲ့သည်။ ကျန်နှစ်ယောက် ဒဏ်ရာဖြင့် အရှင်မိခဲ့သည်။ လေယာဉ်ပေါ်တွင်ပါသော အစ္စရေး ဓားစာခံ ၉၀ ကို ကယ်တင်နိုင်ခဲ့သည်။ တကမ္ဘာလုံး အံ့ဘနန်းဖြစ်ခဲ့သည်။ ချီးကျူးသူက ချီးကျူး၊ ဂုဏ်ပြုသူက ဂုဏ်ပြုခဲ့သည်တို့ ရှိသကဲ့သို့ ရှုတ်ချပြစ်တင်သူတို့လည်း ရှိခဲ့သည်။ နိုင်ငံတကာ လေယာဉ်မှူးများ အဖွဲ့ချုပ်ကလည်း လေယာဉ်ပေါ်တွင် အကြမ်းဖက်ပစ်ခတ်မှုကို ခွင့်ပြုခဲ့သည့် လေယာဉ်မှူး လဲဗီးအား ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် အစ္စရေး ကြက်ခြေနီအဖွဲ့အားလည်း မိမိတို့၏ ပဋိဉာဉ်ကို ဖျက်၍ ကွန်မန်ဒိုအဖွဲ့ဘက်က လိမ်ညာပေးခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီတို့၏ ပြစ်တင်ရှုတ်ချဝေဖန်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် တိုက်ပွဲကြားသို့ သွားရောက်ကူညီလိုသူတို့ အနေဖြင့်လည်း ကြက်ခြေနီအမှတ်တံဆိပ်များ၊ အလံများတို့ကို သိသာထင်ရှားစွာ ပြုလုပ်ထားရန် လိုအပ်ပါသည်။ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသူတို့မှလည်း ထိုသို့သော အဖွဲ့များအား အန္တရာယ်မှ ကင်းလွတ်ခွင့်ပေးရမည်ကို အစဉ်သတိချပ်သင့်သကဲ့သို့ ကြက်ခြေနီနှင့် အလားတူ ပရဟိတအဖွဲ့များ၏ ယာဉ်များ၊ လူပုဂ္ဂိုလ်များ၊ အမှတ်တံဆိပ်များအား မိမိလက်နက်ကိုင်အဖွဲ့ အကျိုးအတွက် အသုံးမပြုမိကြစေရန် လိုပါကြောင်း တင်ပြလိုက်ရပါသည်။ ထွန်းဇော်ဌေး
Zawgyi Version တိုက္ပြဲၾကားမွာ ပရဟိတလုပ္မည္ဆိုလွ်င္ ျမန္မာတို႔၏ ပရဟိတစိတ္မွာ အလြန္မြန္ျမတ္လွသည္။ ပရဟိတ လုပ္ေဆာင္မႈမွာလည္း အျခားေသာကမာၻ႔ႏိုင္ငံမ်ားထက္ပင္ ပိုမ်ားသည္ကို ေတြ႕ရသည္။ ဤသည္မွာ ျမန္မာတို႔၏ မြန္ျမတ္ေသာစိတ္ဓာတ္ကို‌ ‌ေဖာ္ျပေနသည္ဟု ဆိုႏိုင္သည္။ ပရဟိတဟုဆိုရာတြင္ ၾကက္ေျခနီ၊ အရန္မီးသတ္တို႔မွ်သာမက ေဘးအႏၲရာယ္ က်ေရာက္သည့္အခ်ိန္တိုင္း လူထု၏ ကူညီ႐ိုင္းပင္းစိတ္ျဖင့္ အက်ိဳးေဆာင္ေလ့ရွိေသာ အသင္းအပင္း အဖြဲ႕အစည္းမ်ားလည္းပါဝင္ပါသည္။ ပရဟိတသမားတို႔၏ စိတ္၌ ကူညီ႐ိုင္းပင္းလိုမႈသည္ နယ္ပယ္ကန႔္သတ္ခ်က္မရွိ၊ က်ယ္က်ယ္ျပန႔္ျပန႔္ ဖြင့္ထားခဲ့ၾကသည္။ ၾကက္ေျခနီႏွင့္ အရန္မီးသတ္တို႔မွာမူ က်န္ပရဟိတအဖြဲ႕မ်ားႏွင့္ မတူ၊ သူ႔နယ္ႏွင့္သူ အကန႔္အသတ္ ရွိၾကသည္။ သို႔ရာတြင္ ျမန္မာႏိုင္ငံ၌ ၎အဖြ႕ဲတို႔မွာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ေခတ္မွစ၍ ႏိုင္ငံေတာ္ အေရးအရာမ်ားႏွင့္ ပြဲလမ္းသဘင္မ်ားေလာက္တြင္သာ အေတြ႕မ်ားခဲ့သည္။ ဤသည္ေၾကာင့္ပင္ ျမန္မာတို႔၏စိတ္၌ ယင္းအဖြဲ႕မ်ားအေပၚတြင္ အထင္အျမင္ လြဲမွားခဲ့သည္မွာ ႏွစ္မ်ားစြာ ၾကာျမင့္လာခဲ့ၿပီ။ ထိုသို႔ေသာ ကာလမ်ိဳးတြင္ နယ္စည္းမျခား ပရဟိတမ်ား ဝင္ေရာက္လႈပ္ရွားလာခဲ့ၾကေတာ့သည္။ အဆိုပါ ပရဟိတအဖြ႕ဲမ်ားသည္ မိမိတို႔နီးစပ္ရာ ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္း၊ စနစ္တက် ေလ့က်င့္ထားသူမ်ားလည္း မဟုတ္။ ကူညီလိုစိတ္ တခုတည္းျဖင့္ လုပ္ေဆာင္ခဲ့ၾကျခင္းမွ်သာ။ ဤသည္တို႔ေၾကာင့္လည္း မၾကာမီရက္မ်ားအတြင္းက ပရဟိတအဖြဲ႕တခု၏ ဥကၠ႒ျဖစ္သူမွာ မည္သူ႔လက္ခ်က္မွန္းမသိ အသက္ဆုံးရႈံးခဲ့ရေၾကာင္းကို လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ေတြ႕လိုက္ရသည္။ ကူညီကယ္ဆယ္ေရး အဖြဲ႕မ်ားအေနျဖင့္ တိုက္ပြဲျဖစ္ပြားေနရာအတြင္း သြားေရာက္၍ ဒဏ္ရာရသူကိုကယ္မည္ဆိုလွ်င္လည္း ျမင္သာထင္ရွားေသာ ၾကက္ေျခနီတံဆိပ္ေသာ္လည္းေကာင္း၊ အလံေသာ္လည္းေကာင္း ေထာင္ထားသင့္သည္။ သို႔မွသာ ရန္သူမိတ္ေဆြ ကြဲကြဲျပားျပား သိႏိုင္ေပမည္။ ထိုသို႔ မလုပ္ေဆာင္ခဲ့ပါက အထင္လြဲမႈမ်ား ျဖစ္လာႏိုင္သည္။ တဖန္ စစ္ပြဲတြင္ ပါဝင္တိုက္ခိုက္ေနၾကေသာ ႏွစ္ဖက္စစ္အုပ္စုမ်ား အေနျဖင့္လည္း ၾကက္ေျခနီႏွင့္ပရဟိတအဖြဲ႕သုံး ယာဥ္မ်ား၊ တံဆိပ္မ်ား၊ ထင္ေယာင္ထင္မွား ျဖစ္ေစႏိုင္သည့္ အမွတ္အသားမ်ားကို စစ္ပြဲအတြက္ အသုံးျပဳျခင္းမ်ိဳးကို ေရွာင္ရွားသင့္လွေပသည္။ ထိုကဲ့သို႔ ၾကက္ေျခနီအဖြဲ႕ကို စစ္ပြဲမ်ား အၾကမ္းဖက္ႏွိမ္နင္းေရးအတြက္ လြဲမွားစြာ အသုံးျပဳခဲ့သျဖင့္ တကမာၻလုံးက ျပစ္တင္ရႈတ္ခ်ျခင္း ခံခဲ့ေသာျဖစ္ရပ္မ်ား ရွိခဲ့သည္ကို နမူနာယူႏိုင္ၾကေစရန္ တင္ျပလိုပါသည္။ ၁၉၇၂ ခုႏွစ္ထဲတြင္ ဘိုးရင္း ၇၀၇ ခရီးသည္တင္ ေလယာဥ္တစီးသည္ ဘရပ္ဆဲၿမိဳ႕မွ တဲအဗစ္ၿမိဳ႕သို႔ ပ်ံသန္းလာစဥ္ ဘလက္စက္တင္ဘာေခၚ ပါလက္စတိုင္း မိုးေမွာင္ဂိုဏ္း ေျပာက္က်ားအေသခံအဖြ႕ဲမွ ေလယာဥ္ျပန္ေပးသမား ၄ ဦးတို႔က အပိုင္စီးမႈျဖစ္ခဲ့သည္။ သူတို႔၏ ေတာင္းဆိုခ်က္မွာ ပါလက္စတိုင္း အက်ဥ္းသား ၃၁၇ ေယာက္အား ျပန္လႊတ္ေပးၿပီး ေလယာဥ္ျဖင့္ အာရပ္ႏိုင္ငံေတြထံ ပို႔ေပးရန္ျဖစ္သည္။ ယင္းအခ်က္ကို အစၥေရးကာကြယ္ေရးမွ မိုေရွဒါယန္းက လက္မခံႏိုင္။ အၾကမ္းဖက္အဖြဲ႕အား ထိုသို႔ ခြင့္မျပဳႏိုင္ခဲ့ေပ။ သို႔အတြက္ မိုေရွဒါယန္းက သူ၏ ကြန္မန္ဒိုအဖြ႕ဲအား ေလယာဥ္ပုံစံတည္ေဆာက္၍ စကၠန႔္ ၉၀ အတြင္း အၿပီးစီးလုပ္ေဆာင္ႏိုင္ရန္ အထပ္ထပ္ ေလ့က်င့္ေစခဲ့သည္။ ေလ့က်င့္ေနဆဲမွာပင္ ျပန္ေပးသမားတို႔အား ေလယာဥ္စစ္ေဆးခြင့္ေတာင္းရာ ခြင့္ျပဳခ်က္ရသျဖင့္ မကၠင္းနစ္မ်ားကို ေစလႊတ္ကာ ေလယာဥ္ဘီးအား ေလေလွ်ာ့ျခင္း၊ အင္ဂ်င္ပါဝါစြမ္းအင္ ေလ်ာ့ခ်ျခင္းတို႔ ျပဳလုပ္လိုက္သည္။ ထို႔ေနာက္ မိုေရွဒါယန္းက ပါလက္စတိုင္း အက်ဥ္းသားမ်ားအား လႊတ္ေပးေတာ့မွာ ျဖစ္သည့္အတြက္ ေလယာဥ္တစင္းအား အသင့္ျပင္ဆင္ထားေၾကာင္း ျပန္ေပးသမားတို႔ထံ သတင္းပို႔လိုက္သည္။ ျပန္ေပးသမားတို႔ ယုံၾကည္ေစရန္ အာရပ္စကားကို ပီပီသသေျပာႏိုင္သူ တဦးအား ထိုသတင္းမွန္ေၾကာင္း ေျပာျပေစသည္။ ဤသည္ကို ျပန္ေပးသမားတို႔ ယုံၾကည္မႈရွိၿပီး ၎တို႔က သို႔ဆိုလွ်င္ ေလယာဥ္အား ျပန္ျပင္ေပးရန္အတြက္ မကၠင္းနစ္တဖြဲ႕ လႊတ္ေပးရန္ႏွင့္ ထိုအဖြ႕ဲတြင္ လက္နက္ပါမပါ စစ္ေဆးရန္အတြက္ ၾကက္ေျခနီတဖြဲ႕ ေစလႊတ္ေပးရန္ ေတာင္းဆိုခဲ့သည္။ ဤအတြက္ မိုေရွဒါယန္း‌က အစၥေရးၾကက္ေျခနီအဖြဲ႕ကို ေခၚယူတာဝန္ေပး မွာၾကားလိုက္သည္။ အစၥေရး ၾကက္ေျခနီအဖြဲ႕၏ စစ္ေဆးေနမႈကို ျပန္ေပးသမားတဦးက ေလယာဥ္ျပတင္းေပါက္က ေစာင့္ၾကည့္ေနသည္။ ၾကက္ေျခနီတို႔ကလည္း မကၠင္းနစ္မ်ားကို ေျခဆုံးေခါင္းဆုံး စစ္ေဆးၾကသည္။ စစ္ေဆးၿပီး လက္နက္မပါေၾကာင္း ေလယာဥ္ျပတင္းေပါက္မွ ၾကည့္ေနသူထံ ေခါင္းညိတ္ အခ်က္ျပလိုက္သည္။ ထို႔ေနာက္ ျပန္ေပးသမားတို႔က ေလယာဥ္အားျပဳျပင္ရန္ ခြင့္ျပဳလိုက္ေတာ့သည္။ မကၠင္းနစ္တို႔ စစ္ေဆးခြင့္ျပဳၿပီး စကၠန႔္ ၉၀ အတြင္းမွာပင္ ေလယာဥ္ျပန္ေပးသမား ႏွစ္ေယာက္ ေသခဲ့သည္။ က်န္ႏွစ္ေယာက္ ဒဏ္ရာျဖင့္ အရွင္မိခဲ့သည္။ ေလယာဥ္ေပၚတြင္ပါေသာ အစၥေရး ဓားစာခံ ၉၀ ကို ကယ္တင္ႏိုင္ခဲ့သည္။ တကမာၻလုံး အံ့ဘနန္းျဖစ္ခဲ့သည္။ ခ်ီးက်ဴးသူက ခ်ီးက်ဴး၊ ဂုဏ္ျပဳသူက ဂုဏ္ျပဳခဲ့သည္တို႔ ရွိသကဲ့သို႔ ရႈတ္ခ်ျပစ္တင္သူတို႔လည္း ရွိခဲ့သည္။ ႏိုင္ငံတကာ ေလယာဥ္မႉးမ်ား အဖြဲ႕ခ်ဳပ္ကလည္း ေလယာဥ္ေပၚတြင္ အၾကမ္းဖက္ပစ္ခတ္မႈကို ခြင့္ျပဳခဲ့သည့္ ေလယာဥ္မႉး လဲဗီးအား ျပစ္တင္ရႈတ္ခ်ခဲ့သည္။ ထို႔အျပင္ အစၥေရး ၾကက္ေျခနီအဖြဲ႕အားလည္း မိမိတို႔၏ ပဋိဉာဥ္ကို ဖ်က္၍ ကြန္မန္ဒိုအဖြဲ႕ဘက္က လိမ္ညာေပးခဲ့သည့္အတြက္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီတို႔၏ ျပစ္တင္ရႈတ္ခ်ေဝဖန္ျခင္း ခံခဲ့ရသည္။ ထို႔ေၾကာင့္ တိုက္ပြဲၾကားသို႔ သြားေရာက္ကူညီလိုသူတို႔ အေနျဖင့္လည္း ၾကက္ေျခနီအမွတ္တံဆိပ္မ်ား၊ အလံမ်ားတို႔ကို သိသာထင္ရွားစြာ ျပဳလုပ္ထားရန္ လိုအပ္ပါသည္။ လက္နက္ကိုင္ တိုက္ပြဲဝင္ေနၾကသူတို႔မွလည္း ထိုသို႔ေသာ အဖြဲ႕မ်ားအား အႏၲရာယ္မွ ကင္းလြတ္ခြင့္ေပးရမည္ကို အစဥ္သတိခ်ပ္သင့္သကဲ့သို႔ ၾကက္ေျခနီႏွင့္ အလားတူ ပရဟိတအဖြဲ႕မ်ား၏ ယာဥ္မ်ား၊ လူပုဂၢိဳလ္မ်ား၊ အမွတ္တံဆိပ္မ်ားအား မိမိလက္နက္ကိုင္အဖြဲ႕ အက်ိဳးအတြက္ အသုံးမျပဳမိၾကေစရန္ လိုပါေၾကာင္း တင္ျပလိုက္ရပါသည္။ ထြန္းေဇာ္ေဌး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024