A d v e r t i s e m e n t With Us

ဆီဆိုင်မြို့နယ်တွင် သမီးအရင်းကိုအဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးရမိ

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ ဆီဆိုင်​မြို့နယ်​ ပါ​လောပါကယ် ​​ကျေးရွာအုပ်​စု၊ ​နောင်​သံဗတ်​ရွာမှာ သမီးအရင်းကို အကြိမ်​ကြိမ်​ အဓမ္မပြုကျင့်မှုနဲ့ အမျိုးသား တဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ သြဂုတ်​ ၂၀ ရက်​​က သမီးဖြစ်​သူကို သုံးကြိမ်​​မြောက်​ အဓမ္မကျင်​့ဖို့ကြံစည်​ရာမှ သမီးဖြစ်​သူကထွက်​​ပြေးပြီး မိခင်​ကိုတိုင်​လိုက်​တဲ့အတွက်​ မိခင်​ဖြစ်​သူနဲ့ ဦး​လေး​တော်​စပ်​သူ​တွေက ရဲစခန်းကို အမှုဖွင့်တိုင်​ကြားထားတာဖြစ်​ပါတယ်​။ ဆီဆိုင်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး သီဟန်​က​ “အဓိက​တော့ သူက အရက်​​သေစာ​ သောက်​စားတယ်​။ မူးယစ်​​ဆေးဝါး သုံးစွဲလို့​ပေါ့ဗျာ။ သူ့သမီးအရင်း​တောင်​မှ အသိမရှိဘဲ ပြုကျင့်တာ​ပေါ့။ သူ့ကို​တော့ ဖမ်းမိပြီ သက်​ငယ်​မုဒိမ်းမှုနဲ့ အ​ရေးယူထားတယ်”လို့ ပြောပါတယ်။ အပြစ်​ကျူးလွန်​သူ​ဟာ ​နောင်​သံဗတ်​ရွာ​နေ အသက်​ ၄၁ နှစ်​ ဦးထွန်းဖြစ်​ပြီး အသက်​ ၁၅ နှစ်​အရွယ်​သမီးအရင်​းကို နှစ်​ကြိမ်​တိုင်​ အဓမ္မကျင့်ခဲ့တာဖြစ်​ပါတယ်​။ ဆီဆိုင်​မြို့နယ်​ ​နောင်​သံဗတ်​ရွာမှာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သက်​ငယ်​မုဒိမ်းမှုမှာလည်း သံသယရှိသူကို ဖမ်းဆီးစစ်​​ဆေးပြုလုပ်​တဲ့အထဲမှာ ဦးထွန်းလည်း ပါဝင်​ခဲ့တယ်​လို့ ရဲတပ်​ဖွဲ့ ထံကသိရပါတယ်​။ လတ်တလောမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သက်​ငယ်​မုဒိမ်းမှု ရာဇသတ်​ကြီး ပုဒ်​မ ၃၇၆ နဲ့ ဘန်းယဉ်​ရဲစခန်းမှာ အ​ရေးယူထားပါတယ်​။ သတင်း-  ခွန်ရာဇာ
ဆီဆိုင္ၿမိဳ႕နယ္တြင္ သမီးအရင္းကိုအဓမၼျပဳက်င့္ခဲ့သူကို ဖမ္းဆီးရမိ DVB ရွမ္းျပည္​နယ္​​ေတာင္​ပိုင္း၊ ပအိုဝ္းကိုယ္​ပိုင္​အုပ္​ခ်ဳပ္​ခြင့္ရ​ေဒသ ဆီဆိုင္​ၿမိဳ႕နယ္​ ပါ​ေလာပါကယ္ ​​ေက်း႐ြာအုပ္​စု၊ ​ေနာင္​သံဗတ္​႐ြာမွာ သမီးအရင္းကို အႀကိမ္​ႀကိမ္​ အဓမၼျပဳက်င့္မႈနဲ႔ အမ်ိဳးသား တဦးကို ရဲက ဖမ္းဆီးလိုက္ပါတယ္။ ၾသဂုတ္​ ၂၀ ရက္​​က သမီးျဖစ္​သူကို သုံးႀကိမ္​​ေျမာက္​ အဓမၼက်င္​့ဖို႔ႀကံစည္​ရာမွ သမီးျဖစ္​သူကထြက္​​ေျပးၿပီး မိခင္​ကိုတိုင္​လိုက္​တဲ့အတြက္​ မိခင္​ျဖစ္​သူနဲ႔ ဦး​ေလး​ေတာ္​စပ္​သူ​ေတြက ရဲစခန္းကို အမႈဖြင့္တိုင္​ၾကားထားတာျဖစ္​ပါတယ္​။ ဆီဆိုင္​ၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႕မႉး ရဲမႉး သီဟန္​က​ “အဓိက​ေတာ့ သူက အရက္​​ေသစာ​ ေသာက္​စားတယ္​။ မူးယစ္​​ေဆးဝါး သုံးစြဲလို႔​ေပါ့ဗ်ာ။ သူ႔သမီးအရင္း​ေတာင္​မွ အသိမရွိဘဲ ျပဳက်င့္တာ​ေပါ့။ သူ႔ကို​ေတာ့ ဖမ္းမိၿပီ သက္​ငယ္​မုဒိမ္းမႈနဲ႔ အ​ေရးယူထားတယ္”လို႔ ေျပာပါတယ္။ အျပစ္​က်ဴးလြန္​သူ​ဟာ ​ေနာင္​သံဗတ္​႐ြာ​ေန အသက္​ ၄၁ ႏွစ္​ ဦးထြန္းျဖစ္​ၿပီး အသက္​ ၁၅ ႏွစ္​အ႐ြယ္​သမီးအရင္​းကို ႏွစ္​ႀကိမ္​တိုင္​ အဓမၼက်င့္ခဲ့တာျဖစ္​ပါတယ္​။ ဆီဆိုင္​ၿမိဳ႕နယ္​ ​ေနာင္​သံဗတ္​႐ြာမွာ ၂၀၁၆ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ သက္​ငယ္​မုဒိမ္းမႈမွာလည္း သံသယရွိသူကို ဖမ္းဆီးစစ္​​ေဆးျပဳလုပ္​တဲ့အထဲမွာ ဦးထြန္းလည္း ပါဝင္​ခဲ့တယ္​လို႔ ရဲတပ္​ဖြဲ႕ ထံကသိရပါတယ္​။ လတ္တေလာမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး သက္​ငယ္​မုဒိမ္းမႈ ရာဇသတ္​ႀကီး ပုဒ္​မ ၃၇၆ နဲ႔ ဘန္းယဥ္​ရဲစခန္းမွာ အ​ေရးယူထားပါတယ္​။ သတင္း- ခြန္ရာဇာ

A d v e r t i s e m e n t With Us

More News
Up