A d v e r t i s e m e n t With Us

တိုက်ကြီးမြို့နယ် အိုင်​က​လောင်​အကျဉ်းစခန်းက အကျဉ်းသား ၆ ဦး ထွက်​​ပြေး

ရန်ကုန်တိုင်း၊ တိုက်​ကြီးမြို့နယ်​ အိုင်​က​လောင်​စိုက်​​ပျိုး​ရေး၊ ​မွေးမျိုး​ရေးနှင့် အသက်​​မွေးမှု အတတ်​သင်  အကျဉ်းစခန်းမှာ သြဂုတ်​ ၂၀ ရက်​​ ညနေ ၃ နာရီကျော်လောက်က အကျဉ်းသား ၆ ဦး ထွက်​​ပြေးခဲ့တယ်လို့ သိရပါတယ်။ အကျဉ်းသား အင်​အား ၆၇ ဦးနဲ့ စခန်း​မြောက်​ဘက်​ရှိ တပ်​ခွဲ(၁) ကွင်း အမှတ်​(၉) မှာ ဂိုက်​ဆွဲခြင်း၊ ဒုံးတင်​ခြင်းပြုလုပ်​နေစဉ်​ ထွက်​​ပြေးသွားခဲ့လို့ တာဝန်​ရှိတပ်​ဖွဲ့ဝင်​တွေက လိုက်​လံ ဖမ်းဆီးရာမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အိုင်ကလောင် အကျဉ်းဦးစီးစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ထွက်ပြေးသူ မျိုးမြင့်​ဆွေ (ခ)​ ဇော်​မျိုး​အောင်​၊ ကို​ထွေး၊ လင်းခိုင်​၊ သိန်း​ဇော်​၊ ​သက်​ထွန်းဦး (ခ)​ နေလင်း၊ ဖြိုးသက်​​အောင်​(၁၉) နှစ်​တို့ကို တိုက်​ကြီးမြို့နယ်​ ကတိုင်​စိန်နယ်မြေရဲစခန်းက ရာဇသတ်​ကြီး ပုဒ်​မ ၂၂၄ အရ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ်ဇော်အေးက ပြောပါတယ်။ အကျဉ်းစခန်းက ထွက်ပြေးသူတွေကတော့ လူသတ်မှုနဲ့ ၂ဦး၊ ခိုးဆိုးလုနိုက်အမှုတွေနဲ့ အကျဉ်းကျခံထားရသူ ၄ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
တိုက္ႀကီးၿမိဳ႕နယ္ အိုင္​က​ေလာင္​အက်ဥ္းစခန္းက အက်ဥ္းသား ၆ ဦး ထြက္​​ေျပး DVB ရန္ကုန္တိုင္း၊ တိုက္​ႀကီးၿမိဳ႕နယ္​ အိုင္​က​ေလာင္​စိုက္​​ပ်ိဳး​ေရး၊ ​ေမြးမ်ိဳး​ေရးႏွင့္ အသက္​​ေမြးမႈ အတတ္​သင္ အက်ဥ္းစခန္းမွာ ၾသဂုတ္​ ၂၀ ရက္​​ ညေန ၃ နာရီေက်ာ္ေလာက္က အက်ဥ္းသား ၆ ဦး ထြက္​​ေျပးခဲ့တယ္လို႔ သိရပါတယ္။ အက်ဥ္းသား အင္​အား ၆၇ ဦးနဲ႔ စခန္း​ေျမာက္​ဘက္​ရွိ တပ္​ခြဲ(၁) ကြင္း အမွတ္​(၉) မွာ ဂိုက္​ဆြဲျခင္း၊ ဒုံးတင္​ျခင္းျပဳလုပ္​ေနစဥ္​ ထြက္​​ေျပးသြားခဲ့လို႔ တာဝန္​ရွိတပ္​ဖြဲ႕ဝင္​ေတြက လိုက္​လံ ဖမ္းဆီးရာမွာ ျပန္လည္ဖမ္းဆီးရမိခဲ့တယ္လို႔ အိုင္ကေလာင္ အက်ဥ္းဦးစီးစခန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။ ထြက္ေျပးသူ မ်ိဳးျမင့္​ေဆြ (ခ)​ ေဇာ္​မ်ိဳး​ေအာင္​၊ ကို​ေထြး၊ လင္းခိုင္​၊ သိန္း​ေဇာ္​၊ ​သက္​ထြန္းဦး (ခ)​ ေနလင္း၊ ၿဖိဳးသက္​​ေအာင္​(၁၉) ႏွစ္​တို႔ကို တိုက္​ႀကီးၿမိဳ႕နယ္​ ကတိုင္​စိန္နယ္ေျမရဲစခန္းက ရာဇသတ္​ႀကီး ပုဒ္​မ ၂၂၄ အရ အမႈဖြင့္ ေဆာင္႐ြက္ေနတယ္လို႔ ဒုရဲအုပ္ေဇာ္ေအးက ေျပာပါတယ္။ အက်ဥ္းစခန္းက ထြက္ေျပးသူေတြကေတာ့ လူသတ္မႈနဲ႔ ၂ဦး၊ ခိုးဆိုးလုႏိုက္အမႈေတြနဲ႔ အက်ဥ္းက်ခံထားရသူ ၄ ဦးတို႔ ျဖစ္တယ္လို႔ သိရပါတယ္။ သတင္း - ေမသြယ္

A d v e r t i s e m e n t With Us

More News
Up