ဟောင်ကောင် မြေအောက်ရထားဘူတာရုံတွင် ဒေသခံထောင်ချီ ဆန္ဒပြ

ဟောင်ကောင် ဆင်ခြေဖုံး မြေအောက်ရထားဘူတာရုံမှာ သြဂုတ် ၂၁ ရက်နေ့က ဒေသခံထောင်ချီပြီးအစိုးရဆန့်ကျင် ဆန္ဒပြပွဲ လုပ်ခဲ့ပါတယ်။
အဲဒီ မြေအောက်ဘူတာရုံဟာ ပြီးခဲ့တဲ့လက ဆန္ဒပြသူတွေကို လူတစုက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့နေရာလည်း ဖြစ်ပြီး အဲဒီအကြမ်းဖက်မှုအတွက် တဦးတယောက်ကိုမှ တရားစွဲဆိုထားခြင်း မရှိသေးပါဘူး။ ဒီဆန္ဒပြပွဲဟာ ဇူလိုင် ၂၁ ရက်နေ့ အကြမ်းဖက်မှုကို ဆန့်ကျင်ကျင်းပတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတချို့က ဘူတာရုံ ထွက်ပေါက်တွေနဲ့ ဘူတာရုံအပြင်ဘက် လမ်းမတွေကို ပိတ်ဆို့ခဲ့ပါတယ်။ တချို့ကတော့ ခုံးကျော်တံတားပေါ်ကနေ ရဲတပ်ဖွဲ့ကို မီးသတ်ဆေးဘူးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
နောက်တခုကတေ့ာ ဗြိတိန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းတယောက်ကို ဥပဒေချိုးဖောက်မှုနဲ့ ရှန်းဇန်မြို့ နယ်စပ်မှာ ထိန်းသိမ်းခဲ့တယ်ဆိုပြီး တရုတ်အစိုးရက အတည်ပြုလိုက်တာပါ။ ဒါကြောင့် ဆိုးရွားနေပြီးသား ဗြိတိန်-တရုတ် ဆက်ဆံရေးက ပိုမိုဆိုးရွားဖွယ် ရှိပါတယ်။
ဆိုင်မွန်ချမ်းဆိုသူ ဗြိတိန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းဟာ ရှန်းဇန်မြို့ကို သွားလည်ပြီးနောက် သြဂုတ် ၉ ရက်နေ့မှာ အလုပ်ပြန်မတက်ခဲ့ဘူးလို့ ဟောင်ကောင် သတင်းဝက်ဘ်ဆိုက် HK01 မှာ ဖော်ပြပါတယ်။
ဆိုင်မွန်ချမ်း ထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရှောင်းက ဆိုင်မွန်ဟာ အများပြည်သူ လုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်တဲ့အတွက် ရှန်းဇန်ရဲတပ်ဖွဲ့က ၁၅ ရက်ကြာ ထိန်းသိမ်းထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဂန်ရှောင်းက ဆိုင်မွန်ဟာ ဗြိတိန်နိုင်ငံသားမဟုတ်ဘဲ တရုတ်နိုင်ငံသား ဖြစ်တာမို့ ဒီကိစ္စဟာ တရုတ်ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဟောင်ကောင်နဲ့ပတ်သက်လို့ ဗြိတိန်အစိုးရ တရစပ် ဝေဖန်ပြစ်တင်တာတွေ အပေါ်မှာလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်တယ်လို့ ဂန်ရှောင်းက ပြောပါတယ်။
ဗြိတိန်အစိုးရကတော့ ကောင်စစ်ဝန်ရုံးဝန်ထမ်း ထိန်းသိမ်းခံရတဲ့အပေါ် အများကြီးစိတ်ပူမိတယ်လို့ ပြောပါတယ်။
Zawgyi Version
ေဟာင္ေကာင္ ေျမေအာက္ရထားဘူတာ႐ုံတြင္ ေဒသခံေထာင္ခ်ီ ဆႏၵျပ
DVB
ေဟာင္ေကာင္ ဆင္ေျခဖံုး ေျမေအာက္ရထားဘူတာ႐ုံမွာ ၾသဂုတ္ ၂၁ ရက္ေန႔က ေဒသခံေထာင္ခ်ီၿပီးအစိုးရဆန္႔က်င္ ဆႏၵျပပြဲ လုပ္ခဲ့ပါတယ္။
အဲဒီ ေျမေအာက္ဘူတာ႐ုံဟာ ၿပီးခဲ့တဲ့လက ဆႏၵျပသူေတြကို လူတစုက ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့တဲ့ေနရာလည္း ျဖစ္ၿပီး အဲဒီအၾကမး္ဖက္မႈအတြက္ တဦးတေယာက္ကိုမွ တရားစြဲဆိုထားျခင္း မရွိေသးပါဘူး။ ဒီဆႏၵျပပြဲဟာ ဇူလိုင္ ၂၁ ရက္ေန႔ အၾကမး္ဖက္မႈကို ဆန္႔က်င္က်ငး္ပတာ ျဖစ္ပါတယ္။
ဆႏၵျပသူတခ်ိဳ႕က ဘူတာ႐ုံ ထြက္ေပါက္ေတြနဲ႔ ဘူတာ႐ုံအျပင္ဘက္ လမး္မေတြကို ပိတ္ဆို႔ခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့ ခံုးေက်ာ္တံတားေပၚကေန ရဲတပ္ဖြဲ႔ကို မီးသတ္ေဆးဘူးေတြနဲ႔ ပစ္ေပါက္ခဲ့ပါတယ္။
ေနာက္တခုကေတ့ာ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး ဝန္ထမ္းတေယာက္ကို ဥပေဒခ်ိဳးေဖာက္မႈနဲ႔ ရွန္းဇန္ၿမိဳ႕ နယ္စပ္မွာ ထိန္းသိမ္းခဲ့တယ္ဆိုၿပီး တ႐ုတ္အစိုးရက အတည္ျပဳလိုက္တာပါ။ ဒါေၾကာင့္ ဆိုးရြားေနၿပီးသား ၿဗိတိန္-တ႐ုတ္ ဆက္ဆံေရးက ပိုမိုဆိုးရြားဖြယ္ ရွိပါတယ္။
ဆိုင္မြန္ခ်မ္းဆိုသူ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး ဝန္ထမ္းဟာ ရွန္းဇန္ၿမိဳ႕ကို သြားလည္ၿပီးေနာက္ ၾသဂုတ္ ၉ ရက္ေန႔မွာ အလုပ္ျပန္မတက္ခဲ့ဘူးလို႔ ေဟာင္ေကာင္ သတင္းဝက္ဘ္ဆိုက္ HK01 မွာ ေဖာ္ျပပါတယ္။
ဆိုင္မြန္ခ်မ္း ထိန္းသိမး္ခံရတာနဲ႔ ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ဂန္ေရွာင္းက ဆိုင္မြန္ဟာ အမ်ားျပည္သူ လံုၿခံဳေရးစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တဲ့အတြက္ ရွန္းဇန္ရဲတပ္ဖြဲ႔က ၁၅ ရက္ၾကာ ထိန္းသိမ္းထားတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။
ဂန္ေရွာငး္က ဆိုင္မြန္ဟာ ၿဗိတိန္ႏိုင္ငံသားမဟုတ္ဘဲ တ႐ုတ္ႏိုင္ငံသား ျဖစ္တာမို႔ ဒီကိစၥဟာ တ႐ုတ္ျပည္တြင္းေရးသာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ေဟာင္ေကာင္နဲ႔ပတ္သက္လို႔ ၿဗိတိန္အစိုးရ တရစပ္ ေဝဖန္ျပစ္တင္တာေတြ အေပၚမွာလည္း ျပင္းျပင္းထန္ထန္ တံု႔ျပန္တယ္လို႔ ဂန္ေရွာင္းက ေျပာပါတယ္။
ၿဗိတိန္အစိုးရကေတာ့ ေကာင္စစ္ဝန္႐ုံးဝန္ထမး္ ထိန္းသိမး္ခံရတဲ့အေပၚ အမ်ားႀကီးစိတ္ပူမိတယ္လို႔ ေျပာပါတယ္။