Home
မြန်မာသတင်း
နမ့်ခမ်းတွင် ပစ်ခတ်သံများကြောင့် ရွာသားအချို့ထွက်ပြေး၊ ဈေးနှင့်ကျောင်းများ ပိတ်ထား
နန်းမြနဒီ
·
August 22, 2019
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အရှေ့တောင်ဘက်က တောင်တန်းတွေမှာ ဒီနေ့မနက် ၁၀ နာရီကျော်ကစပြီး ပစ်ခတ်သံတွေ ကြားရတဲ့အတွက် ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်နေသလို မြို့ပေါ်မှာလည်း စာသင်‌ကျောင်းနဲ့ ဈေးတွေ ပိတ်ထားပါတယ်။ ပစ်ခတ်သံတွေကြားရတဲ့နေရာဟာ နမ့်ခမ်းမြို့နဲ့ ၃ မိုင်ခန့်အကွာမှာရှိပြီး အဲဒီဘက်မှာ ကောင်းဝိုင်း၊ လွိုင်လောဝ်၊ မန့်ကန် စတဲ့ကျေးရွာတွေရှိကြောင်း၊ ရွာသားတချို့တော့ မန့်နားနဲ့ ကောင်းတတ်ကျေးရွာဘက် တိမ်းရှောင်လာတယ်လို့ နမ့်ခမ်းဒေသခံ စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဆီကနေ သေနတ်သံတွေ စကြားတာကတော့ မနက် ၁၀ နာရီကျော်ကပေါ့နော်၊ အဲဒီနေရာက မြို့အရှေ့တောင်ဘက် တောင်တန်းတွေပါ။ သိပ်မဝေးဘူး ၃ မိုင်လောက်ဘဲ၊ အဲဒီမှာ အရင်ရက်တွေကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ရောက်နေတယ်လို့ သတင်းကြားလို့ သတိထားပြီးနေနေကြတယ်။ ဒီနေ့တော့ ပစ်ခတ်သံတွေကြားရပြီပေါ့။ နမ့်ခမ်းအခြေစိုက် အစိုးရတပ်ကလည်း  မြို့တောင်ဘက် စခန်းသစ်ကုန်း ဘက်ကနေ ကူပစ်ပေးနေတယ်။ အဲဒီဘက်က ရွာသားတွေ မန့်နားနဲ့ ကောင်းတပ်ရွာဘက်ကို ပြေးလာကြပြီတဲ့။ အခုထိ လာနေတုန်းမို့ လူဘယ်လောက်များမလဲ မသိသေးဘူး။ မြို့ပေါ်မှာတော့ ပစ်ခတ်သံကြားတာနဲ့ ကျောင်းတွေ စောစောဆင်းပေးလိုက်တယ်။ ဈေးထဲမှာလည်း ဆိုင်တွေပိတ်ပြီး ပြန်ကုန်ကြလို့ လူမရှိတော့ဘူး။” မြို့တွင်းလုံခြုံရေးနဲ့ ပတ်သက်လို့တော့ ရဲအင်အားတိုးပြီးချထားတာမရှိဘဲ ရဲစခန်းအနီးတဝိုက် ယခင်က ကားတွေ ရပ်လို့ရတဲ့နေရာ အခုချိန်မှာ ရပ်ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ မြို့ထဲက အိမ်ဆိုင်တွေ ပိတ်သိမ်းတာတော့မရှိဘဲ တချို့ကတော့ ရွှေလီမြစ်ကမ်းကနေ တောင်ဘက်က ပစ်ခတ်မှုအခြေအနေတွေ သွားရောက်ကြည့်ရှုနေကြတယ်လို့ စိုင်းဟွမ်မိုင်းက ပြောသွားပါတယ်။
နမ့္ခမ္းတြင္ ပစ္ခတ္သံမ်ားေၾကာင့္ ႐ြာသားအခ်ိဳ႕ထြက္ေျပး၊ ေဈးႏွင့္ေက်ာင္းမ်ား ပိတ္ထား နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕ အေရွ႕ေတာင္ဘက္က ေတာင္တန္းေတြမွာ ဒီေန႔မနက္ ၁၀ နာရီေက်ာ္ကစၿပီး ပစ္ခတ္သံေတြ ၾကားရတဲ့အတြက္ ႐ြာသားအခ်ိဳ႕ ထြက္ေျပးတိမ္းေရွာင္ေနသလို ၿမိဳ႕ေပၚမွာလည္း စာသင္‌ေက်ာင္းနဲ႔ ေဈးေတြ ပိတ္ထားပါတယ္။ ပစ္ခတ္သံေတြၾကားရတဲ့ေနရာဟာ နမ့္ခမ္းၿမိဳ႕နဲ႔ ၃ မိုင္ခန႔္အကြာမွာရွိၿပီး အဲဒီဘက္မွာ ေကာင္းဝိုင္း၊ လြိဳင္ေလာဝ္၊ မန႔္ကန္ စတဲ့ေက်း႐ြာေတြရွိေၾကာင္း၊ ႐ြာသားတခ်ိဳ႕ေတာ့ မန႔္နားနဲ႔ ေကာင္းတတ္ေက်း႐ြာဘက္ တိမ္းေရွာင္လာတယ္လို႔ နမ့္ခမ္းေဒသခံ စိုင္းထြန္းလႈိင္က ဒီဗြီဘီကို ေျပာပါတယ္။ “က်ေနာ္တို႔ဆီကေန ေသနတ္သံေတြ စၾကားတာကေတာ့ မနက္ ၁၀ နာရီေက်ာ္ကေပါ့ေနာ္၊ အဲဒီေနရာက ၿမိဳ႕အေရွ႕ေတာင္ဘက္ ေတာင္တန္းေတြပါ။ သိပ္မေဝးဘူး ၃ မိုင္ေလာက္ဘဲ၊ အဲဒီမွာ အရင္ရက္ေတြကတည္းက ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ ေရာက္ေနတယ္လို႔ သတင္းၾကားလို႔ သတိထားၿပီးေနေနၾကတယ္။ ဒီေန႔ေတာ့ ပစ္ခတ္သံေတြၾကားရၿပီေပါ့။ နမ့္ခမ္းအေျခစိုက္ အစိုးရတပ္ကလည္း ၿမိဳ႕ေတာင္ဘက္ စခန္းသစ္ကုန္း ဘက္ကေန ကူပစ္ေပးေနတယ္။ အဲဒီဘက္က ႐ြာသားေတြ မန႔္နားနဲ႔ ေကာင္းတပ္႐ြာဘက္ကို ေျပးလာၾကၿပီတဲ့။ အခုထိ လာေနတုန္းမို႔ လူဘယ္ေလာက္မ်ားမလဲ မသိေသးဘူး။ ၿမိဳ႕ေပၚမွာေတာ့ ပစ္ခတ္သံၾကားတာနဲ႔ ေက်ာင္းေတြ ေစာေစာဆင္းေပးလိုက္တယ္။ ေဈးထဲမွာလည္း ဆိုင္ေတြပိတ္ၿပီး ျပန္ကုန္ၾကလို႔ လူမရွိေတာ့ဘူး။” ၿမိဳ႕တြင္းလုံၿခဳံေရးနဲ႔ ပတ္သက္လို႔ေတာ့ ရဲအင္အားတိုးၿပီးခ်ထားတာမရွိဘဲ ရဲစခန္းအနီးတဝိုက္ ယခင္က ကားေတြ ရပ္လို႔ရတဲ့ေနရာ အခုခ်ိန္မွာ ရပ္ခြင့္မျပဳေတာ့ဘူးလို႔ ဆိုပါတယ္။ ၿမိဳ႕ထဲက အိမ္ဆိုင္ေတြ ပိတ္သိမ္းတာေတာ့မရွိဘဲ တခ်ိဳ႕ကေတာ့ ေ႐ႊလီျမစ္ကမ္းကေန ေတာင္ဘက္က ပစ္ခတ္မႈအေျခအေနေတြ သြားေရာက္ၾကည့္ရႈေနၾကတယ္လို႔ စိုင္းဟြမ္မိုင္းက ေျပာသြားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024