A d v e r t i s e m e n t With Us

လူကုန်ကူးခံရသူများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံအားပေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ဧဒင်မြန်မာပရဟိတအဖွဲ့က ဖွင့်လှစ်ထားတဲ့ စောင့်ရှောက်ရေးဂေဟာကို မနေ့က  သွားရောက်ပြီး လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဧဒင်မြန်မာမှ တာဝန်ရှိသူတွေက လူကုန်ကူးခံရတဲ့ အမျိုးသမီးများအားစောင့်ရှောက် ထားရှိမှုနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ သင်ကြားပေးနေမှု အခြေအနေတွေ ရှင်းလင်းပြခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။  (Photo: Magdalena Vogt/Eden Myanmar)
လူကုန္ကူးခံရသူမ်ားကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေတြ႕ဆုံအားေပး DVB ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္မွာ ဧဒင္ျမန္မာပရဟိတအဖြဲ႕က ဖြင့္လွစ္ထားတဲ့ ေစာင့္ေရွာက္ေရးေဂဟာကို မေန႔က သြားေရာက္ၿပီး လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြကို ေတြ႕ဆုံအားေပးခဲ့ပါတယ္။ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔ ဧဒင္ျမန္မာမွ တာဝန္ရွိသူေတြက လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးမ်ားအားေစာင့္ေရွာက္ ထားရွိမႈနဲ႔ အသက္ေမြးဝမ္းေက်ာင္းသင္တန္းေတြ သင္ၾကားေပးေနမႈ အေျခအေနေတြ ရွင္းလင္းျပခဲ့တယ္လို႔ အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။ (Photo: Magdalena Vogt/Eden Myanmar)

A d v e r t i s e m e n t With Us

More News
Up