A d v e r t i s e m e n t With Us

မင်းသား တွမ်ဟော်လန်ဒ်ကို စပိုက်ဒါမန်းဇာတ်ကောင်အဖြစ် မြင်တွေ့ရရန် မသေချာတော့

နာမည်ကြီး စပိုက်ဒါမန်းရုပ်ရှင်ရဲ့ အဓိက သရုပ်ဆောင် ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား တွမ်ဟော်လန်ဒ်ကို နောင်လာမယ့် ရုပ်ရှင်တွေမှာ မြင်တွေ့ရဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ဒါဟာ နောင်ဆက်လက်ရိုက်ကူးဖို့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Marvel၊ Disney နဲ့ Sony ကုမ္ပဏီတို့ ဆွေးနွေးရာမှာ သဘောတူညီမှုတွေ မရရှိတော့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ စပိုက်ဒါမန်းဇာတ်ကောင်ဟာ Marvel ရဲ့ မူပိုင်ဇာတ်ကောင်ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာတော့ Sony ကို ဒီစူပါဟီးရိုးဇာတ်ကောင်ရဲ့ ရုပ်ရှင်မူပိုင်ခွင့်အတွက် တရားဝင်ရောင်းချထားတာပါ။ ခုလို ဆွေးနွေးမှု အဆင်မပြေခဲ့မှုအပေါ် စိတ်ပျက်ရကြောင်း၊ နောင်လာမယ့် ရုပ်ရှင်ဟာ အပြောင်းအလဲတွေ ရှိလာနိုင်မယ်လို့ Sony က ပြောပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ Sony နဲ့ Disney တို့ ပူးပေါင်းကာ Spider-Man ရုပ်ရှင် ကားတွေကို ရိုက်ကူးခဲ့ပြီး ရရှိမယ့် အမြတ်ငွေတွေနဲ့ ပတ်သက်ပြီး မျှဝေယူမယ့် သဘော တူညီချက်နဲ့ တွမ်ဟော်လန်ဒ်ကို မင်းသားအဖြစ် ရွေးချယ်ပြီး ရိုက်ကူးခဲ့တာပါ။ လက်ရှိအချိန်ထိတော့ သူပါဝင်တဲ့ Spider-Man: Homecoming နဲ့ Spider-Man: Far From Home ရုပ်ရှင်ကား ၂ ကားရိုက်ကူးခဲ့ပြီးဖြစ်ကာ ရုံတင်ဝင်ငွေစံချိန်တင် ထားနိုင်ခဲ့တာပါ။ ခုလက်ရှိအခြေအနေမှာတော့ Marvel က အမြတ်ငွေရဲ့ ၅ ရာခိုင်နှုန်း ရရှိနေရာကနေ ထပ်ပြီးတိုးမြှင့်ရယူလိုကြောင်း ညှိနှိုင်းကြချိန်မှာ အဆင်မပြေခဲ့ ဖြစ်ခဲ့တာပါ။
Zawgyi Version မင္းသား တြမ္ေဟာ္လန္ဒ္ကို စပိုက္ဒါမန္းဇာတ္ေကာင္အျဖစ္ ျမင္ေတြ႕ရရန္ မေသခ်ာေတာ့ DVB နာမည္ႀကီး စပိုက္ဒါမန္း႐ုပ္ရွင္ရဲ႕ အဓိက သ႐ုပ္ေဆာင္ ပင့္ကူလူသားအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသား တြမ္ေဟာ္လန္ဒ္ကို ေနာင္လာမယ့္ ႐ုပ္ရွင္ေတြမွာ ျမင္ေတြ႕ရဖို႔ မေသခ်ာတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ဘီဘီစီသတင္းတပုဒ္မွာ ဒီကေန႔ေဖာ္ျပပါတယ္။ ဒါဟာ ေနာင္ဆက္လက္႐ိုက္ကူးဖို႔ နာမည္ႀကီး႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီေတြျဖစ္ၾကတဲ့ Marvel၊ Disney နဲ႔ Sony ကုမၸဏီတို႔ ေဆြးေႏြးရာမွာ သေဘာတူညီမႈေတြ မရရွိေတာ့တာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။ စပိုက္ဒါမန္းဇာတ္ေကာင္ဟာ Marvel ရဲ႕ မူပိုင္ဇာတ္ေကာင္ျဖစ္ၿပီး ၁၉၉၉ ခုႏွစ္မွာေတာ့ Sony ကို ဒီစူပါဟီး႐ိုးဇာတ္ေကာင္ရဲ႕ ႐ုပ္ရွင္မူပိုင္ခြင့္အတြက္ တရားဝင္ေရာင္းခ်ထားတာပါ။ ခုလို ေဆြးေႏြးမႈ အဆင္မေျပခဲ့မႈအေပၚ စိတ္ပ်က္ရေၾကာင္း၊ ေနာင္လာမယ့္ ႐ုပ္ရွင္ဟာ အေျပာင္းအလဲေတြ ရွိလာႏိုင္မယ္လို႔ Sony က ေျပာပါတယ္။ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းမွာ Sony နဲ႔ Disney တို႔ ပူးေပါင္းကာ Spider-Man ႐ုပ္ရွင္ ကားေတြကို ႐ိုက္ကူးခဲ့ၿပီး ရရွိမယ့္ အျမတ္ေငြေတြနဲ႔ ပတ္သက္ၿပီး မွ်ေဝယူမယ့္ သေဘာ တူညီခ်က္နဲ႔ တြမ္ေဟာ္လန္ဒ္ကို မင္းသားအျဖစ္ ေ႐ြးခ်ယ္ၿပီး ႐ိုက္ကူးခဲ့တာပါ။ လက္ရွိအခ်ိန္ထိေတာ့ သူပါဝင္တဲ့ Spider-Man: Homecoming နဲ႔ Spider-Man: Far From Home ႐ုပ္ရွင္ကား ၂ ကား႐ိုက္ကူးခဲ့ၿပီးျဖစ္ကာ ႐ုံတင္ဝင္ေငြစံခ်ိန္တင္ ထားႏိုင္ခဲ့တာပါ။ ခုလက္ရွိအေျခအေနမွာေတာ့ Marvel က အျမတ္ေငြရဲ႕ ၅ ရာခိုင္ႏႈန္း ရရွိေနရာကေန ထပ္ၿပီးတိုးျမႇင့္ရယူလိုေၾကာင္း ညႇိႏႈိင္းၾကခ်ိန္မွာ အဆင္မေျပခဲ့ ျဖစ္ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up